ဧဒင်အချစ်ပုံပြင်မှလှိုက်လဲစွာကြိုဆိုပါတယ်
ထိုင်းနိုင်ငံ
ဖူးကတ်မြို့က အသက် ၃၂ နှစ်အရွယ် မြန်မာအိမ်ဖော် မ၀င်းတင် ဆိုသူ ဟာ
ပြီးခဲ့တဲ့ ဖေဖော်ဝါရီလ ၂၁ ရက်နေ့က သူ လုပ်ကိုင်နေတဲ့ အိမ်ရှင်ထံက
စုစုပေါင်း ထိုင်းဘတ်ငွေ ၂ သန်းခန့် တန်ဘိုးရှိတဲ့ ရွေ၊ ငွေ တွေကို ခိုးယူ
ထွက်ပြေးသွားခဲ့ပါတယ် ဆိုပြီး အိမ်ရှင်က ထိုင်း အာဏာပိုင်များကို အမှု
ဖွင့် တိုင်ကြားထားခဲ့ပါတယ်။

သူ
ထွက်ပြေးသွားပြီး ၅ လကျော် ၆ လ ခန့်အကြာမှာဘဲ ဖူးကတ်က တည်းခိုခန်းတခုမှာ
သူ့ကို ထိုင်း ရဲများက သူ့ကို ဖမ်းမိတယ်၊ သူ ယူဆောင်သွားတဲ့
ငွေကြေးတချို့နဲ့ ရွေထည်ပစ္စည်းများကိုပါ လက်ဝယ် ဖမ်းဆီးရရှိခဲ့တယ် ဆိုတဲ့
အကြောင်း မေလ ၂၃ ရက်နေ့က ထိုင်းအွန်လိုင်း သတင်းတခုမှာ ဖော်ပြထားပါတယ်။
ထိုင်းအာဏာပိုင်တွေက သူ့ကို အရေးယူသွားမယ် လို့ ဆိုပါတယ်။
by.irrawaddy
No comments:
Post a Comment