Thursday, 24 May 2012
ကိုယ့်ရဲ့ချစ်သူက အနုပညာလောက ထဲက မဟုတ်ပါဘူး ဆိုတဲ့ အေသင်ချိုဆွေ
အချိန်တို အတွင်း အောင်မြင်ခဲ့ တဲ့ အေသင့် အနေနဲ့ အောင် မြင်မှု နဲ့ ကျော်ကြား မှုကို အဓိပ္ပါယ် သတ်မှတ်ပေး ပါလား။
အခုချိန်မှာ အောင်မြင်တယ်လို့ ကိုယ့်ကိုယ်ကိုမသတ်မှတ်သေး ပါဘူး။ အများကြီးလိုပါသေးတယ်။ အနုပညာလမ်းကြောင်းပေါ်မှာ ပရိသတ်အားပေးတဲ့၊ လက်ခံတဲ့ အဆိုတော် တစ်ယောက် အဖြစ်ရပ် တည်နေတုန်း ပဲရှိပါသေးတယ်။ တကယ့်ကိုပြည့်ဝတဲ့အဆိုတော်တစ် ယောက်မဖြစ်သေးပါဘူး။
အခုရောက်တဲ့နေရာကို ဘယ်လိုသုံးသပ်မိလဲ။
အေသင် သေချာတာကတော့ မတွေးမိသေးဘူး။ အခုချိန်မှာ တော့ အေသင့်ကိုအောင်မြင်တယ်လို့ မသတ်မှတ်သေးပါဘူး။ အများ ကြီးကြိုးစားဖို့လိုပါသေးတယ်။ ကံအကြောင်း တရားကြောင့်လည်း ဖြစ်နိုင်ပါတယ်။ အရမ်းကြိုးစားပေမယ့်လည်း အနုပညာနဲ့ပတ်သက် လို့ ဖြစ်ချင်မှဖြစ်တာလေ။ ဒါက ကံရယ်၊ စန်းရယ်၊ အေသင့်မိဘတွေ ရဲ့ပံ့ပိုးမှုရယ်၊ အေသင်ရဲ့ကြိုးစားမှု၊ ပရိသတ်တွေရဲ့ အားပေးမှု အားလုံး ပေါင်းစပ်ပြီးမှဖြစ်လာတယ်လို့ထင်ပါတယ်။ သီချင်းတွေလည်းရေးတဲ့ အေသင့်အနေနဲ့ သီချင်းတွေ ရေးတဲ့အခါ ခံစားချက် တို့ mood တို့လိုမလား။ အေသင်ရေးတဲ့သီချင်းတွေအများကြီးထဲက ကောင်းတာတွေရှိ သလို၊ မကောင်းတဲ့သီချင်းတွေလည်းရှိတယ်။Professional အနေနဲ့ မဟုတ်ဘဲ ဝါသနာအရရေးထားတာဆိုတော့ အေသင့်စိတ်ထဲမှာ ဖြစ် ပေါ်လာတဲ့ခံစားမှုတွေကို ဇာတ်လမ်းလေးတစ်ပုဒ်ဖန်တီးလိုက်တယ်။ အေသင်က အဲဒီကောင်မလေးနေရာကနေ သရုပ်ဆောင်သလိုပဲ ဝင် ခံစားလိုက်တယ်။ ပြီးတော့မှ ရေးလိုက်တာပေါ့နော်။
အေသင့်အချစ်ရေးနဲ့ပတ်သက်ပြီးတော့-
အေသင်မှာချစ်သူရှိပါတယ်။ ဘယ်သူလဲဆိုရင်တော့ ဒါကလျှို့ ဝှက်ချက်ပေါ့နော်။ သေချာတာကတော့ အနုပညာလောကထဲကတော့ မဟုတ်ပါဘူး။ ထွန်းထွန်းဝင်း(ပုပ္ပါး)
Subscribe to:
Post Comments (Atom)
အောင်မြင်တဲ့သူတွေပေါ့နော်
ReplyDeleteမဂျက်တို့ဒိတ်အောက်နေတယ်
သူ့သီချင်းတွေနားမထောင်ဖူးဘူး(ဟီး)