ဧဒင်အချစ်ပုံပြင်: "မိုးမိတ်မြို့နယ်အတွင်း ဓာတ်တော်ကျသည်ဟုဆိုကာ သွားရောက်ဖူးမျှော်သူများနေ"

Sunday, 27 May 2012

"မိုးမိတ်မြို့နယ်အတွင်း ဓာတ်တော်ကျသည်ဟုဆိုကာ သွားရောက်ဖူးမျှော်သူများနေ"

ပုံ-google image

မိုးမိတ်မြို့နယ် ဦးပိန်ရွာတွင် ပျံလွန်သွားသော ဦးဝိသုဒ္ဓအားမီးသဂြိုဟ်ခဲ့ရာမှ ရွှေရောင်အဆင်းရှိသော ဓာတ်တော်များကျလာသည်ဟုဆိုကာ လာရောက်ဖူးမျှော်သူများပြားလျှက
်ရှိသည်။

ဆရာတော်သည် လည်ချောင်းကင်ဆာရောဂါကြောင့် ခြောက်လခန့်အစာမစားပဲနေထိုင်ခဲ့ပြီး၊ အမြဲမပြတ်တရားရှုမှတ်ခဲ့သလို ဝေဒနာကြောင့် ညည်းညူမှု တစ်စုံတစ်ရာမရှိဟု ဦးပိန်ရွာဦးကျောင်းဆရာတော် ဦးသူရိယက မိန့်သည်။

မေ(၂၆)ရက်နေ့တွင် ဆရာတော် ဦးဝိသုဒ္ဓ၏ ရုပ်ခန္ဓအညး မီးသဂြိုဟ်ခဲ့ပြီး မေ(၂၇)ရက်နေ့နံနက်တွင် အရိုးကောက်ခဲ့ရာ ရွှေရောင်အဆင်းရှိသော အတုံးအခဲ ပုံဆောင်ခဲများကို တွေ့ရှိရသည်ဟု ဦးသူရိယကမိန့်သည်။

"ဘုန်းကြီးအနေနဲ့ကတော့ ဒါမျိုးအတွေ့အကြုံလည်းမရှိတော့ ဓာတ်တော်ကျ မကျဆိုတာ အတည်မပြုနိုင်သေးဘူး"ဟု ဦးသူရိယက ဆက်လက်မိန့်သည်။

ဆရာတော် ဦးသုဒ္ဓသည် ရဟန်းဘောင်သို့မ၀င်မီက မိုးမိတ်အခြေစိုက် ခလရ(၂၂၃)တွင် တပ်ကြပ်ကြီးအဖြစ်တာဝန်ထမ်းဆောင်ခဲ့ပြီး အငြိမ်းစားယူခဲ့ခြင်းဖြစ်သည်။ ဆရာတော် ပျံလွန်ချိန်တွင် သက်တော်(၈၁)နှစ် ၀ါတော်(၁၈)၀ါရှိပြီဖြစ်သည်။

သဒ္ဓါတရား မပြောင်းလဲသော ခိုင်မာသော ပုဂ္ဂိုလ်များ၏ နောက်ဆုံးရုပ်ခန္ဓာအကြွင်းအကျန်များသည် ဓာတ်တော်မဟုတ်သော်ငြား ရွှေရောင် အ၀ါရောင်များတောက်ပနေတတ်သည်ဟု ကျမ်းဂန်များဝယ်အဆိုရှိသည်။

ကျော်ရဲလင်း

No comments:

Post a Comment

Related Posts Plugin for WordPress, Blogger...