Tuesday, 29 May 2012
မော်ဒယ်မြင့် ကားများ ဈေးဆက်လက် ကျဆင်းနိုင်
မည်သူ မဆို ၂၀ဝ၇ မော်ဒယ် နှင့်အထက် ၁၃၀ဝ စီစီ ကားများကို လွတ်လပ်စွာ တင်သွင်းခွင့် ပြုလိုက် ခြင်းကြောင့် မကြာမီ ရောက်ရှိ လာမည့် မော်ဒယ်မြင့် ကားများ ဈေး ဆက်လက် ကျဆင်းနိုင်ကြောင်း ဟံသာဝတီ ကားပွဲစားတန်းထံမှ သိရသည်။
“အမြင့်ကားတွေ အရင်က ဈေးကောင်းတယ်ဆိုတာက ဝယ် ရောင်းသမားတွေက လိုက်ဝယ်ကြ တယ်။ အခုဟာက ဝယ်ရောင်း သမားတွေကလည်း အမြင့်ကား တွေကို လိုက်မဝယ်ရဲကြတော့ဘူး။ စလစ်ဈေးကလည်း ကျပ်သိန်း ၇၀ ဝန်းကျင်လောက်ပဲ ရှိတာဆိုတော့ အမြင့်ကားဈေးတွေက ထပ်ကျနိုင် တာပေါ့”ဟု ဝါရင့်ကားပွဲစား ကိုဖိုး သားကြီးက ဆိုသည်။
၂၀၁၁ ခုနှစ် စက်တင်ဘာ ၁၉ရက်မှစတင်၍ အဖွဲ့ဝင် ၁၁ ဦး
ပါ မော်တော်ယာဉ် တင်သွင်းခွင့်ဆိုင် ရာ ကြီးကြပ်မှုကော်မတီဖွဲ့စည်း ကာ သက်တမ်းလွန် ယာဉ်များ အပ်နှံကာ အစားထိုးယာဉ် တင် သွင်းခွင့်၊ လိုင်စင်ပါမစ်များထုတ် ပေးခြင်း စာရင်းဖွင့်ခွင့်ရသည့် မည်သူမဆို ၂၀ဝ၇ မော်ဒယ်နှင့် အထက်ယာဉ်များကို တင်သွင်းနိုင် ကြောင်း စီးပွားရေးနှင့် ကူသန်း ရောင်းဝယ်ရေး ဝန်ကြီးဌာနက တရားဝင်သတင်းထုတ်ပြန်ခဲ့သည်။
“ဇွန်လထဲဆိုရင် မူဝါဒအရ ဖွင့်ပေးလိုက်တဲ့ ၁၃၀ဝ စီစီကား တွေက ဝင်လာပြီ။ အဲဒီကားတွေက CIF တန်ဖိုးအပေါ် အခြေခံ တွက် ချက်ပြီး အခွန်ဆောင်ရတဲ့အတွက် ဈေးကသက်သာမှာပါ၊ အခုလည်း ကားဝင်းထဲမှာ အမြင့်ကားတွေကို အောက်ဈေးနဲ့ပဲ လာလာနှိုက်ကြ တယ်။ ကားဈေးက မငြိမ်တော့ ဝယ်လက်က မဝယ်ရဲဘူး ဖြစ်နေတယ်”ဟု ဟံသာဝတီကားဝင်းမှ ကားဝယ်ရောင်းပြုလုပ်နေသူ ဦး အောင်မိုးမြင့်က ဆိုသည်။
အမြင့်ကားများဖြစ်သော ရွှေ ငါး ၂၀ဝ၀ မော်ဒယ် ကျပ် သိန်း ၂၀ဝ ဝန်းကျင်၊ Mark X မော်ဒယ် ၂၀ဝ၃/ဝ၄ ကျပ်သိန်း ၂၈၀ ဝန်း ကျင်၊ ဟာရီယာ ဂရိတ် ၂ ဒသမ ၂ ကျပ် သိန်း ၂၁၀ ဝန်းကျင်၊ ဟာ ရီယာ ဂရိတ် ၃ ဒသမ ဝ ကျပ်သိန်း ၁၉၀ ဝန်းကျင်နှင့်ပါကျဲဒိုးကားများ ဈေးဆက်လက်ကျဆင်းနိုင်ကြောင်း ဟံသာဝတီကားပွဲစားများက ခန့် မှန်းသုံးသပ်ကြသည်။
ဘဏ္ဍာရေးနှင့် အခွန်ဝန်ကြီး ဌာနမှ လူစီးယာဉ်များအား ၂၀ဝ၀ စီစီအောက် Custom Duty ၄၀ ရာ ခိုင်နှုန်း၊ Comercial Tax ၂၅ ရာခိုင် နှုန်း (Custom Duty CIF ) တန်ဖိုး X Excharge Rate) ဖြင့် ကောက် ခံသွားမည်ဖြစ်ကြောင်း ၄င်းဌာနမှ ထုတ်ပြန်ထားသည်။
နီတိုး
Subscribe to:
Post Comments (Atom)
No comments:
Post a Comment