ဧဒင်အချစ်ပုံပြင်: နေ့တွက်ခ တိုးဖို့ မဲဆောက်မှာ ဆန္ဒပြပြီ

Thursday 3 May 2012

နေ့တွက်ခ တိုးဖို့ မဲဆောက်မှာ ဆန္ဒပြပြီ

မဲဆောက်မြို့က အထည်ချုပ် အလုပ်သမများ...ပြည်တော်မြင့် ရေးသားသည်)
ထိုင်း-မြန်မာနယ်စပ် မဲဆောက်မြို့က ချန်ပီယံ သိုးမွေး အထည်ချုပ်စက်ရုံမှာ လုပ်အားခအနည်းငယ် တိုးပေးဘို့ အတွက် မနေ့ကစပြီး ဆန္ဒပြခဲ့ကြတဲ့ မြန်မာအလုပ်သမား ၅၀၀ ခန့်ကို အလုပ်ရှင်က ဒီနေ့အထိ လုံးဝ မလိုက် လျှောနိုင်ဘူးလို့ ပြောတဲ့အတွက် အလုပ်သမားတွေ ဆက်ပြီး ဆန္ဒပြနေကြပါတယ်။

မဲဆောက်အပါအ၀င် တာ့ခ်ခရိုင်အတွင်မှာ ထိုင်းအလုပ်သမားဝန်ကြီးဌာနရဲ့ သတ်မှတ်ချက် တနေ့တာ လုပ်အားခက ၂၂၆ ဘတ်ဖြစ်ပေမဲ့ ချန်ပီယံစက်ရုံက အလုပ်သမားတွေ ရနေတာက ၇၅ ဘတ် (အများဆုံး ၈၀)သာ ပေးတဲ့အတွက်အခုလိုအရေးဆိုရတာဖြစ်တယ်လို့အလုပ်သမားခေါင်းဆောင်ကိုမောင်ကြီးကပြောပါတယ်။

အလုပ်ချိန်က မနက် ၈ နာရီကနေ ည ၉ နာရီအ ထိပါ တဲ့။



သူဆိုတာက ”ကျနော်တို့ မတရားတောင်းနေတာ မဟုတ်ပါဘူး တနေ့ အလုပ်ချိန် ၈ နာရီအတွက် ၁၅၅ ဘတ် ပေးဘို့ တောင်းတာပ။ါ အလုပ်ရှင်က လက်ရှိပေးနေတဲ့ နေ့စားခ ၇၅ ဘတ်နဲ့ ၈၀ ကို ၁၅ ဘတ်ဘဲ တိုးပေးမယ်။ မလုပ်နိုင်ရင်ထွက်ကြလို့ ပြောပါတယ်။ ကျနော်တို့ကတော့ တောင်းဆိုချက် မရမခြင်း အလုပ် ပြန်မဆင်းနိုင်ဘူး ဆက်ပြီး ဆန္ဒပြနေမှာဖြစ်တယ်” လို့ ဧရာဝတီသတင်းဌာနကို ပြောပါတယ်။

ဆန္ဒပြပွဲမှာ နေ့စားခတိုးပေးဘို့အပြင် ဒါဇင်ကြေးနဲ့ အထည် ချုပ်နေကြတဲ့သူတွေကလည်း ဒါဇင်ကြေး အနည်းငယ် တိုးပေးပါလို့ တောင်းဆိုနေကြပေမဲ့ အလုပ်ရှင်က လုံးဝဥဿုံဘဲလို့ အလုပ်သမ နန်းချယ်ရီခင်က ပြောပါ တယ်။

ချယ်ရီခင်ပြောတာက ”သမီးတို့ရတဲ့ ဒါဇင်ကြေးက အခြားစက်ရုံတွေထက် နည်းတယ် အထည်အမျိုးအစားအလိုက် ဘတ် ၂၂၀ နဲ့ ၃၄၀ ရှိတယ် ၃၀ ရာခိုင်နှုန်း တိုးဘို့ အရေးဆိုတာကို အလုပ်ရှင်က ၁၅ ရာခိုင်နှုံးဘဲပေး နိုင်မယ်လို့ပြောတယ်။ ဒါကို လက်မခံနိုင်လို့ ဆက်ပြီး ဆန္ဒပြကြတာဖြစ်တယ်” လို့ ဆိုပါတယ်။

နှစ်ရက်ရှိပြီဖြစ်တဲ့ဆန္ဒပြပွဲကို သက်ဆိုင်ရာ အဖွဲ့အစည်းတွေကို အကြောင်းကြားထားပေမဲ့ အလုပ်သမားအရေး ကူညီနေတဲ့ မဲဆောက်အခြေစိုက် မြန်မာအဖွဲ့တွေ၊ ထိုင်းအလုပ်သမားရုံးက တာဝန်ရှိသူတွေ လာရောက် ကြည့်ရှုတာ မရှိသေးဘူးလို့ အလုပ်သမားတွေက ပြောပါတယ်။

အလုပ်ရှင်ကတော့စက်ရုံထဲကို သတင်းသမားတွေနဲ့ အခြားလူတွေ ၀င်လာလို့ မရအောင် လုံခြုံရေးတွေ တိုးမြှင့် ထားပါတယ်။ အလုပ် ဆက်မလုပ်ချင်တဲ့ အလုပ်သမားတွေ အချိန်မရွေး ထွက်သွားနိုင်တယ်လို့လည်း ပြောပါတယ်။

မဲဆောက်အပါအ၀င် တာ့ခ်ခရိုင် ၉ မြို့နယ်မှာ တရားဝင် အလုပ်ရုံစက်ရုံ ၂၈၀ ရှိပေမဲ့ တနေ့တာ သတ်မှတ်လုပ်အားခ ၂၂၆ ဘတ်အပြည့်အ၀ ပေးတဲ့ စက်ရုံအလုပ်ရုံတွေ မရှိသေးဘူးလို့ မြန်မာအလုပ်သမားအရေး ဆောင်ရွက်နေကြတဲ့ အဖွဲ့တွေကပြောပါတယ်။

zarny win at The Irrawaddy's Blog

1 comment:

  1. သတင်းကောင်းပေါ့ အလုပ်သမားတွေအတွက်ပျော်မိပါတယ်

    ReplyDelete

Related Posts Plugin for WordPress, Blogger...