ဧဒင်အချစ်ပုံပြင်: ဓါးခုတ်ခံရသူ တရားပြန်စွဲခံနေရ (ရုပ်/သံ)

Saturday 4 August 2012

ဓါးခုတ်ခံရသူ တရားပြန်စွဲခံနေရ (ရုပ်/သံ)

ဓါးခုတ်ခံရသူ တရားပြန်စွဲခံနေရ


ဓါးခုတ်ခံရသူ မသန်းသန်းအေး

ရန်ကုန်တိုင်း တောင်ဒဂုံမြို့နယ် ၇၀ ရပ်ကွတ်မှာ ဇူလိုင်လ ၁၂ရက်နေ့ ညနေ ၆း၃၀ နာရီ အချိန်က ဓါးခုတ်မှုတစ်ခု ဖြစ်ပွား ခဲ့ပါတယ်။ အဆိုပါ ဓါးခုတ်မှုဟာ အိမ်ရှင်မမိုးမိုးက သူမရဲ့
နေအိမ်မှာ ငှားရမ်း နေထိုင်သူ မသန်းသန်းအေးကို ဓါးရှည်နဲ့ ၄ ချက် ဆက်တိုက် ခုတ်ခဲ့တာ ဖြစ်တယ်လို့ ဆိုပါတယ်။ ဓါးခုတ်ခံရသူ မသန်းသန်းအေး အတွက် တောင်ဒဂုံ ရဲစခန်းကို
သွားရောက် တိုင်ကြားတဲ့အခါမှာ ဒုရဲအုပ် မင်းမင်းထွန်းဆိုသူက အရေး မယူပေးတဲ့အပြင် ဓါးခုတ်ခံရသူကို ခန်ဝံချက် ထိုးခိုင်းနေတယ်လို့ သိရပါတယ်။ ဒီ ဓါးခုတ်မှုကို တရားမျှတစွာ
အရေးယူ ဆောင်ရွက်ပေးဖို့နဲ့ ဒုရဲအုပ် မင်းမင်းထွန်းကိုလဲ သက်ဆိုင်ရာ အာဏာပိုင်တွေ အနေနဲ့ စီစစ်ပြီး အရေးယူပေးဖို့ တောင်းဆို နေကြပါတယ်။


No comments:

Post a Comment

Related Posts Plugin for WordPress, Blogger...