ဧဒင်အချစ်ပုံပြင်: ဘန်ကောက်မြို့မှာ အခမဲ့ Wi Fi ရပြီ (ဓာတ်/ပုံ)နှင့်တကွ...

Saturday 4 August 2012

ဘန်ကောက်မြို့မှာ အခမဲ့ Wi Fi ရပြီ (ဓာတ်/ပုံ)နှင့်တကွ...


ဓာတ်ပုံ- ယင်လတ်ရှင်နာဝတ်၏ ဖေ့စ်ဘုတ်စာမျက်နှာ

ဘန်ကောက်မြို့မှာတော့ အခမဲ့ Wi Fi စနစ်ကို ထိုင်းဝန်ကြီးချုပ် ဒေါ်ယင်လတ်က အခမ်းအနားနဲ့ ဖွင့်လှစ်ပေးခဲ့ ပါပြီ။ နိုင်ငံတနိုင်ငံရဲ့ စီးပွားရေးဖွံ့ဖြိုးမှု အရှိန်ရစေဖို့က ဆက်သွယ်ရေးဟာ အဓိက ကျတဲ့ အခန်းကဏ္ဍက ပါဝင်နေတာကို သိရှိတဲ့ ထိုင်းနိုင်ငံကတော့ အခုလို ဘန်ကောက်ကို အခမဲ့Wi Fi စနစ် စီစဉ်လိုက်တာဟာ ကြီးမားတဲ့ ဆွဲဆောင်မှုကြီးလည်း ဖြစ်ပါတယ်။





ထိုင်းနိုင်ငံဟာ အခုလို အင်တာနက် ဆက်သွယ်ရေး သာမက နိုင်ငံခြား ရင်းနှီးမြှုပ်နှံမှုတွေ စိတ်ချလုံခြုံစွာ ၀င် ရောက် လာနိုင်ရေးအတွက် နည်းမျိုးစုံနဲ့ လုပ်ဆောင်ပေးနေတာပါ။ တယ်လီဖုန်းနဲ့ အင်တာနက်အစ၊ ဘဏ်စနစ်အလယ်၊ ၀န်ဆောင်မှု အဆုံး နိုင်ငံတကာကို ဆွဲဆောင်တဲ့နေရာမှာ မြန်မာနိုင်ငံထက် အဖက်ဖက်က သာလွန်နေတာကတော့ အမှန်ပါပဲ။


မြန်မာနိုင်ငံ ရန်ကုန်မြို့နဲ့ မြို့နယ်တွေကတော့ လျှပ်စစ်မီးက ပုံမှန်မလာ၊ အင်တာနက်ဆိုတာ တကယ့် အခက်အခဲကြီးတခု၊ ၀န်ဆောင်မှု ဆိုင်ရာတွေကလည်း အားနည်းချက်တွေတပုံတပင်နဲ့ အာရှ ဖွံ့ဖြိုးရေး ဘဏ်က ထောက်ပြသလို မြန်မာနိုင်ငံဟာ ထိုင်းနိုင်ငံရဲ့ လက်ရှိ အဆင့်အခြေအနေကို မှီဖို့ နောက်ထပ် နှစ် ၃၀ လောက် ကြိုးစားရမယ်ဆိုတာ ဖြစ်နိုင်ပါတယ်။



မကြာသေးမီက ရွှေတိဂုံစေတီပေါ်မှာ Wi Fi ရပြီဆိုတဲ့ သတင်းကတော့ အခုသတင်းနဲ့ ယှဉ်လိုက်ရင် မျက်နှာငယ်စရာဖြစ်မှာပါ။







No comments:

Post a Comment

Related Posts Plugin for WordPress, Blogger...