ဧဒင်အချစ်ပုံပြင်
ခုလောလော ဆယ်မှာ စာလာလာ မဖတ်နဲ့လို့ ဖန်စီဆန်ဆန် အမည် ပေးထား တဲ့ စီးရီးထွက်ဖို့ ပြင်ဆင် နေသူ အဆိုတော်၊ သရုပ်ဆောင် ခွန်းဆင့် နေခြည်က "နာမည်ကို ဖန်စီလေး ပေးထားတယ်။ ခေတ်နဲ့လည်း လိုက်အောင် ပေးထား လိုက်တာပါ။
ဇွန်(၃)ရက်မှာ ထွက်ဖို့ ပြင်ဆင် နေပါပြီ။ ပြီးတော့ ဇွန်လထဲမှာပဲ အမေရိကား ဖျော်ဖြေရေးခရီးစဉ်ရှိတယ်။ အစ်မနဲ့အတူ မေခလာ၊ ကဗျာ ဘွဲ့မှူး၊ ဖြိုးကြီး၊ နီတာ၊ ပုလဲဝင်းပေါ့။ အားလုံးပေါင်း(၆)ယောက်ပါတယ်။ အဲဒီဖျော်ဖြေရေးခရီးစဉ်က နှစ်လခွဲလောက်ကြာမယ်လို့သိရတယ်။
ခုလတ် တလောမှာတော့ မေမြို့သွားပြီးကားရိုက်ဖို့ရှိတယ်။ ဒါရိုက်တာကဦးမျိုး မင်းပါ'လို့ သူမရဲ့အနုပညာလှုပ်ရှားမှု အကြောင်းလေးတွေကို သတင်း ပါးလာ ခဲ့ပါတယ်။ လက်ရှိမှာ
အနုပညာလောကသားတွေက ကားရိုက် ပါးလာလို့ ညည်းသံတွေဆူနေကြတဲ့အပေါ် အနုပညာလောကသားတစ် ယောက် အနေနဲ့ ဘယ်လိုမြင်ပါသလဲလို့ ခွန်းဆင့်နေခြည် ကိုမေးကြည့်တော့
'ခုဆိုရင်ရုပ်ရှင် အစည်းအရုံးကိုလည်း လူကြီးတွေအသစ်နဲ့အသစ် ဖွဲ့စည်းလိုက်ပြီလေ။ လူကြီးတွေ အကုန်လုံးကလည်း ခိုးကူးခွေတွေကို အားသွန်ခွန်စိုက်နဲ့ လိုက်ဖမ်းပေးကြတယ်လို့ ကြားရ၊ မြင်တွေ့ရတယ်လေ။ ခိုးကူးခွေတွေ လည်း အထိုက်အလျောက်ပါးသွားပြီလေ။ ခုလတ်တလောမှာပေါ့နော်။ ဒါကြောင့် ဗီဒီယို ဈေးကွက်ကြီးလည်း ပြန် ကောင်းလာနိုင်မှာ ပဲလို့ အစ်မကယုံကြည်ပါတယ်။
ခိုးကူးဒဏ် တွေကြောင့် ဈေးကွက်တွေယိုင်ကြတယ်။ ကားတွေဆက်မရိုက်နိုင်ကြဘူး။ ကားရိုက် တွေပါးလာကြတယ်။ အဲဒီအပေါ် အစ်မလည်း ခံစားရပါတယ်။ ကိုယ်ချင်းလည်းစာပါတယ်။ ဘာကြောင့်လဲဆိုတော့ အစ်မမှာလည်း ကိုယ်ပိုင် မိသားစုထုတ်လုပ်ရေးရှိတော့ ကိုယ်တိုင်ခံစားရ တာပါ။ ဖြန့်ချိရေးအပိုင်းတွေမှာ လည်း အရမ်းကို ဒုက္ခရောက်ကြပါတယ်။
ဒါပေမယ့်လည်း အနုပညာ ဝါသနာပါတာဖြစ်တဲ့အတွက် ထုတ်လုပ်သူတွေ အားလုံးက ကိုယ်ဝါသနာပါရာလမ်းကြောင်းကို ဆက် လျှောက်နေကြပါတယ်။ တစ်ချိန်ချိန်မှာ ပြန်ကောင်း လာပါ လိမ့်မယ်ဆိုတဲ့ မျှော်လင့်မှု၊ ယုံကြည်မှုတစ်ခုနဲ့ပေါ့နော်။ အစ်မ အပါအဝင် အားလုံးကမျှော်လင့်နေကြတဲ့ အဲဒီနေ့က တစ်နေ့တော့ ရောက်မှာပဲဆိုပြီးမျှော်နေရတာပါပဲ'လို့ ရှင်းပြလာခဲ့ပါတယ်။
ZPPM
No comments:
Post a Comment