ဧဒင်အချစ်ပုံပြင်: မြန်မာရေလုပ်သား ၂ ဦး ဓာတ်လိုက်သေဆုံး

Wednesday 20 June 2012

မြန်မာရေလုပ်သား ၂ ဦး ဓာတ်လိုက်သေဆုံး


ထိုင်းနိုင်ငံ ဖူးခက်ဒေသမှာ ပင်လယ်ထဲ ငါးဖမ်းနေတဲ့ မြန်မာအလုပ်သမား ၂ ယောက်ဟာ ဓာတ်လိုက်ပြီး သေဆုံးသွားတယ်လို့ သိရပါတယ်။

အခင်းဖြစ်တဲ့ နေရာကို ထိုင်းအာဏာပိုင်တွေကလည်း သွားရောက် စစ်ဆေးခဲ့တယ်၊ သေဆုံးသွားသူတွေမှာ ဒဏ်ရာ ဒဏ်ချက်တွေ မတွေ့ရဘူး၊ ဓာတ်လိုက်သေဆုံးတာ မှန်ကန်တယ်လို့ ဆိုပါတယ်။




သေဆုံးသူတွေက ၂၅ နဲ့ ၂၇ နှစ်အရွယ်တွေ ဖြစ်ပါတယ်။
ဘယ်သူဘယ်ဝါ ဖြစ်ကြတယ် ဆိုတာကိုတော့ သတင်းထဲမှာ အသေးစိတ် ဖော်ပြမထားပါ။

“သူတို့ ၂ ယောက်ကို ကူညီဖို့ မီးပိတ်ဖို့ မီးဖျက်ဖို့ ကြိုးစားပါသေးတယ်၊ ဒါပေမယ့် အသက် မမှီလိုက်ဘူး” လို့ လုပ်ဖော်ကိုင်ဘက်တယောက် ပြောဆိုပါတယ်။

ညွှန်း - http://manager.co.th/Local/ViewNews.aspx?NewsID=9550000075591

(သန်းထိုက်ဦး ရေးသားသည်)

No comments:

Post a Comment

Related Posts Plugin for WordPress, Blogger...