ဧဒင်အချစ်ပုံပြင်: ကွန်တိန်နာ ၁၀ဘီးယာဉ် ဘရိတ်ပေါက်ကာ ယာဉ် ၇စီးဆင့်တိုက်မှုဖြစ်ပွား

Thursday 21 June 2012

ကွန်တိန်နာ ၁၀ဘီးယာဉ် ဘရိတ်ပေါက်ကာ ယာဉ် ၇စီးဆင့်တိုက်မှုဖြစ်ပွား

google image
မင်္ဂလာဒုံမြို့နယ် ခရေပင်လမ်းခွဲတွင် ကွန်တိန်နာ ၁၀ ဘီးကားယာဉ်ကြီး တစ်စီး ဘရိတ်ပေါက်ကာ ယာဉ် ၇ စီးအထိထပ်ဆင့်တိုက်မှုတစ်ခုကို 21ရက်ယမန်နေ့ညနေ ၆ နာရီခန့်က ဖြစ်ပွားခဲ့ကြောင်း သိရသည်။

အဆိုပါ ယာဉ်တိုက်မှုကြောင့် အဌားယဉ် ၃ စီးနှင့် light truck အမျိုးအစား ယာဉ်တစ်စီးကြေမွ ပျက်စီးသွားပြီး ဒဏ်ရာရရှိခဲ့သူ ၆ ဦးအထိရှိကြောင်း သိရသည်။

ယင်းဘရိတ်ပေါက်သွားသည့် ကွန်တိန်နာ ယာဉ်ကြီးမှ ယာဉ်မောင်းသည် ထွက်ပြေး တိမ်းရှောင်နေကြောင်း သိရသည်။ ကျန်ရှိသည့် light truck ယာဉ်တစ်စီးနှင့် ဒိုင်နာယာဉ် တစ်စီးမှာ အဆိုပါယာဉ်တိုက်မှုတွင် ပါဝင်သော်လည်း အပျက်အစီး မရှိကြောင်း သိရသည်။

"ကားကြီးက ဘရိတ်ပေါက်ပြီး ကုန်းဆင်းအတိုင်းကို ထိုးဆင်းသွားတယ် ကားသမားလည်း ပါးစပ်ကအော်ပြီးတော့ ကြောက်လန့်နေ တာကိုတွေ့ရတယ် " ဟု ယာဉ်တိုက်မှုအား မျက်မြင်တွေ့ရှိခဲ့ရသည့် မင်္ဂလာ ဒုံမြို့နယ်မှ တာဝန်သိပြည်သူ တစ်ဦးက ပြောသည်။

အဆိုပါယာဉ်တိုက်မှုသည်
ယမန်နေ့ညနေ ၆ နာရီခန့်တွင် ဖြစ်ပွားခဲ့ပြီး ပျက်စီးသွားသော ယာဉ်များအား ည ၉ နာရီဝန်းကျင်အထိ သိမ်းဆည်းနေကာ အမှုဖြစ်စဉ်အား မင်္ဂလာဒုံ အမှတ်(၃) ရဲစခန်း နှင့် နယ်မြေ(၁) မှ သက်ဆိုင်ရာ တာဝန်ရှိသူများ လာရောက်စစ်ဆေး သတင်း ရယူသွားကြကြောင်း သိရသည်။
by- နှင်းကို (သာစည်)

No comments:

Post a Comment

Related Posts Plugin for WordPress, Blogger...