ပွဲမှာ အစီအစဉ်နှစ်ပိုင်းပါဝင်ပြီးတော့ ရှေ့ပိုင်းမှာ နာမည်ကျော်အဆိုတော်များက လာရောက်သီဆိုဖျော်ဖြေပေးမှာဖြစ်ပြီး ဒုတိယပိုင်းအစီအစဉ်မှာတော့ စုဘူးအငြိမ့်အဖွဲ့မှ အငြိမ့်ကပြတင်ဆက်ပြီး အနုပညာဒါနပြုမှာဖြစ်ပါတယ်။
မိတ်ဆွေသူငယ်ချင်းများလည်း အလှူငွေလာရောက်ထည့်ဝင်ရင်း ၊ ရန်ပုံငွေအဖြစ်ရောင်းချမယ့် အမှတ်တရတီရှပ်ဝယ်ယူရင်း နဲ့ သီဆိုဖျော်ဖြေမှုတွေ ၊ အငြိမ့်အစီအစဉ်တွေကို အခမဲ့လာရောက် ကြည့်ရှု့နိုင်ပါတယ် ။
24 ရက်နေ့ ဈေးရောင်းပွဲတော်လေးမတိုင်ခင်မှာလည်း Road Show များအဖြစ်
16.6.2012 ရက်နေ့က North Point Ocean
16.6.2012 ရက်နေ့က North Point Ocean မှာ ပါဝင်အားဖြည့်နေတဲ့ မောင်နှမတွေ ...
17.6.2012 ရက်နေ့က Junction Mawtin
17.6.2012 ရက်နေ့က Junction Mawtin မှာ ပါဝင်အားဖြည့်နေတဲ့ မောင်နှမတွေ
20.6.2012 ရက်နေ့မှာ Junction Square
26.6.2012 ရက်နေ့မှာ Junction Zawana
30.6.2012 ရက်နေ့မှာတော့ Junction 8
တို့မှာ ပြုလုပ်ကျင်းပမှာဖြစ်ပါတယ်နော် … အားဖြည့်ချင်သူ မောင်နှမများကိုလည်း ဖိတ်ခေါ်ပါတယ် …
အဲဒီဈေးရောင်းပွဲလေးမှာ အဖွဲ့အသီးသီးကို ကိုယ်စားပြုဖန်တီးထားတဲ့ Logo တံဆိပ်လေးတွေရိုက်နှိပ်ထားတဲ့ Tshirt လေးတွေ၊ ထီးတွေ၊ သော့ချိတ်လေးတွေအပြင် ပရဟိတမောင်နှမတွေကိုယ်တိုင် ကြိုးစားပမ်းစားပြုလုပ် ရောင်းချမယ့် Fancy ပစ္စည်းလေးတွေ၊ အစားအသောက်လေးတွေကိုလည်း ရောင်းချပေးသွားမှာပါ … ကျွန်မတို့အဖွဲ့အနေနဲ့ကတော့ Fancy ပစ္စည်းလေးတွေရောင်းချဖို့ စီစဉ်ထားတာမို့ အဖွဲ့ဝင်မောင်နှမတွေ အားလုံးပါဝင်လုပ်အားပေးဖို့ ဖိတ်ခေါ်ရင်း လစဉ်လိုပဲ ဆုံစည်းကြမယ်နော် …
ကချင်စစ်ဘေးဒုက္ခသည်ကလေးများအတွက် ပညာရေးရန်ပုံငွေဈေးရောင်းပွဲတော် ..
ကျင်းပမည့်နေ့ရက် - 24.6.2012 (တနင်္ဂနွေနေ့)
ကျင်းပမည့်အချိန် - နေ့လည် (၁၂း ၀၀) နာရီမှ ညနေ (၆း ၀၀)ထိ
ကျင်းပမည့်နေရာ - တော်ဝင်စင်တာ (၇)လွှာ၊ ဒဂုံလမ်း၊ ဒဂုံမြို့နယ်
ကျင်းပမည့်အစီအစဉ်များ -
ကိုရဲလွင်၊ လင်းလင်း၊ လင်းနစ်၊ G-Lat ၊ Wanted ၊ သျှီ၊ ပူစူး၊ အောင်လ၊
N-ကိုင်ရာ၊ အာတီချုပ်၊ ချိန်းချိန်း စသည့် အနုပညာရှင်များနှင့်အတူ
ကိုစိန်သီး နှင့်တကွ စုဘူးအငြိမ့်တို.မှလည်း မေတ္တာဖြင့်
ပူးပေါင်းပါဝင်ဖျော်ဖြေတင်ဆက်မည်ဖြစ်ပါတယ် …
(24)ရက်နေ့ပွဲလေးအတွက် Tshirt ၀ယ်ချင်လို့ပဲဖြစ်ဖြစ် …
တစ်ခုခုသိလိုတာရှိလို့ပဲ ဖြစ်ဖြစ် … ရန်ပုံငွေရှာဖွေရေးအဖွဲ့လေးမှာ
ပါဝင်အားဖြည့်ချင်လို့ပဲဖြစ်ဖြစ် … ကြိုဆိုရေးနှင့် နေရာချထားရေး၊
ဧည့်ခံကျွေးမွေးရေးနေရာတွေမှာ ပါဝင်အားဖြည့်ချင်လို့ပဲဖြစ်ဖြစ် …
ဈေးရောင်းပွဲတော်လေးမှာ လာရောက်အားပေးချင်လို့ပဲဖြစ်ဖြစ်
အသေးစိတ်သိချင်ရင်တော့ …ကိုဗလ - 09430 89559
မယမင်း - 09431 97541
မိုးညချမ်း - 0951 18690
လန်းဆန်း - 0950 99054
အိမ - 0942000 8281
သက်တန့် - 0942000 7159
တို့ကို ဆက်သွယ်မေးမြန်းနိုင်ပါတယ်နော် …
ကျွန်မတို့အဖွဲ့ကမောင်နှမတွေတင်မဟုတ်ဘဲ အခြားစိတ်တူကိုယ်တူ မောင်နှမတွေပါ တစ်တပ်တစ်အား ပါဝင်ကြိုးစားဆင်နွှဲကြမယ့် ကချင်ပြည်နယ်က ကျွန်မတို့ရဲ့သွေးချင်းမောင်နှမ စစ်ဘေးကလေးငယ်လေးတွေရဲ့ ပညာရေးရန်ပုံငွေပွဲလေးမှာ စုပေါင်းလို့ လုပ်အားပေးကြရင်း လစဉ်အလှူတွေမှာဆုံဆည်းကြသလိုပဲ မောင်နှမအားလုံးနဲ့ စုံစုံလင်လင် ဆုံဆည်းပါရစေနော် …
အွန်လိုင်းပရဟိတလူငယ်အဖွဲ့များကွန်ယက် (ကိုယ်စား)
မိုးညချမ်း
No comments:
Post a Comment