ဧဒင်အချစ်ပုံပြင်: ဒေါ်အောင်ဆန်းစုကြည်နှင့် ယာဉ်တန်းအား အသရေဖျက်ဆီးရန်ကြိုးစား

Saturday 30 June 2012

ဒေါ်အောင်ဆန်းစုကြည်နှင့် ယာဉ်တန်းအား အသရေဖျက်ဆီးရန်ကြိုးစား




"ကုလားမယား အောင်ဆန်းစုကြည်" စာတန်းအား ကိုင်ဆောင်ထားပြီး မင်္ဂလာဒုံလေဆိပ် မြို့ အ၀င်ဆိုင်းဘုတ် နားတွင် တဖွဲ့  ၊ ရှစ်မိုင် လမ်းဆုံ မှတ်တိုင် အနားတွင် တဖွဲ့ မှ အဆိုပါ စာတန်းအား ကိုင်ဆောင်ပြသ

လေဆိပ်မှ နေအိမ်သို့  ပြန်လာသော ဒေါ်အောင်ဆန်းစုကြည်နှင့် ယာဉ်တန်းအား အသရေဖျက်ဆီးရန်ကြိုးစားခဲ့သည် ။

လူငယ် ၂ ယောက် ပါသောတဖွဲ့ နှင့် ၃ ယောက်ပါ စုစုပေါင်း ၂ ဖွဲ့  သည် ( ကုလားမယား အောင်ဆန်းစုကြည် ) စာတန်းအား ကိုင်ဆောင်ထားပြီး မင်္ဂလာဒုံလေဆိပ် မြို့ အ၀င်ဆိုင်းဘုတ် နားတွင် တဖွဲ့  ၊ ရှစ်မိုင် လမ်းဆုံ မှတ်တိုင် အနားတွင် တဖွဲ့ မှ အဆိုပါစာတန်းအား ကိုင်ဆောင်ပြသကြသည် ။

ရှစ်မိုင်လမ်းဆုံ အနီးမှ လူငယ် ၂ ဦး သည် ၎င်းစာတန်းကို ကိုင်ဆောင် ကာ ဒေါ်အောင်ဆန်းစုကြည် စီးနင်းလာသောမော်တော်ယာဉ်အနီး သို့  တိုးကပ်လာသောကြောင့် လုံခြုံရေးလိုက်ပါသော တာဝန်ရှိသူမှ အဆိုပါလူငယ်အား တချက်ခန့် ရိုက်နှက်ခဲ့ပြီး အသရေဖျက်သည့် စာတန်းအား သိမ်းဆည်းသွားခဲ့သည် ။

ထူးခြားသည်မှာအသရေဖျက်လိုသည့် လူငယ်၂ ဖွဲ့  ၏ စာတန်းများတူညီနေခြင်း ရှစ်မိုင်အနီးမှလူငယ် ၂ ဦး အနီးတွင် ထောက်လှမ်းရေး ၂ ဦး မှာ လမ်းလယ်မျဉ်းအနီးမှကင်မရာဖြင့်အသင့် စောင့်စားမှတ်တမ်းတင်နေခဲ့သောကြောင့် ကြိုတင် အကွက်ချ စီမံထားကြောင်း သိသာထင်ရှားစေသည် ။

Face မှကူးယူဖေါ်ပြသည်။

2 comments:

  1. အမြင့်ကိုရောက်လေ
    လေတိုက်ခံရလေပါပဲနော်
    အမေစု ကသဘောထားကြီးပါတယ်------

    ReplyDelete

Related Posts Plugin for WordPress, Blogger...