ဧဒင်အချစ်ပုံပြင်: ပြည်သူ့လွှတ်တော် ဥက္ကဌသူရဦးရွှေမန်းဦးဆောင်သောအဖွဲ့ နှင့် ၈၈- မျိုးဆက်ကျောင်းသား အဖွဲ့တို့ တွေ့ဆုံဆွေးနွေး

Sunday 1 July 2012

ပြည်သူ့လွှတ်တော် ဥက္ကဌသူရဦးရွှေမန်းဦးဆောင်သောအဖွဲ့ နှင့် ၈၈- မျိုးဆက်ကျောင်းသား အဖွဲ့တို့ တွေ့ဆုံဆွေးနွေး

ရန်ကုန်မြို့ ၊ ရွှေဂုံတိုင်တာဝါတွင် ယနေ့ ဇူလိုင်လ ၁ရက်နေ့ နံနက် ၉ နာရီမှ ၁၀ နာရီခွဲအထိ ကျင်းပပြုလုပ်ခဲ့ သော ပြည်သူ့လွှတ်တော် ဥပဒေရေးရာ နှင့် အထူးကိစ္စရပ်များ လေ့လာ ဆန်းစစ် သုံးသပ်ရေးကော်မရှင် (ရန်ကုန်ရုံးခွဲ) ရှိ အစည်းအဝေး ခန်းမတွင် ပြည်သူ့လွှတ်တော် ဥက္ကဌ သူရဦးရွှေမန်း နှင့် ရေးရာကော်မတီ ဥက္ကဌများ ပါဝင်သော အဖွဲ့နှင့် ၈၈ မျိုးဆက် ကျောင်းသားများ အဖွဲ့တို့ တွေ့ဆုံဆွေးနွေးပွဲ တစ်ရပ်ပြု လုပ်ခဲ့ကြသည်။

အဆိုပါဆွေးနွေးပွဲသို့ ပြည်သူ့လွှတ်တော် ဥက္ကဌ သူရဦးရွှေမန်း ၊ စီးပွားကူးသန်းနှင့် ကုန်သွယ် လုပ်ငန်းဖွံ့ဖြိုး တိုးတက်ရေး ကော်မတီ ဥက္ကဌ ဦးမောင်မောင်သိမ်း ၊ အားကစား/ယဉ်ကျေးမှု နှင့် ပြည်သူ့ ဆက်ဆံရေး ဖွံ့ဖြိုးတိုးတက်ရေး ကော်မတီ ဥက္ကဌ သူရ ဦးအေးမြင့် ၊ ရင်းနှီးမြှုပ်နှံမှုနှင့် စက်မှုလက်မှု ဖွံ့ဖြိုးတိုးတက်ရေး ကော်မတီ ဥက္ကဌ ဦးဌေးမြင့်၊ တရားစီရင်ရေးနှင့် ဥပဒေရေးရာဆိုင်ရာ ကော်မတီ ဥက္ကဌ သူရဦးအောင်ကို ၊ ပြုပြင်ပြောင်းလဲရေးနှင့် ဖွံ့ ဖြိုးတိုးတက်မှု စီစစ်ရေး ကော်မတီဥက္ကဌ ဦးအောင်သိန်းလင်း ၊ ပြည်သူ့လွှတ်တော် ကိုယ်စား လှယ် ဦးခိုင်မောင်ညီ တို့တက်ရောက်ခဲ့ကြသည်။

၈၈မျိုးဆက် ကျောင်းသားများ အဖွဲ့မှ ဦးမင်းကိုနိုင်၊ ဦးကိုကိုကြီး ၊ ဦးပြုံးချို ၊ ကိုမြအေး ၊ ကိုဂျင်မီ နှင့် ကိုအံ့ဖွယ်ကျော် တို့တက်ရောက်ခဲ့ကြသည်။

ဆွေးနွေးကြရာတွင် အသွင်ကူးပြောင်းကာလနှင့် ပတ်သက်သော အကြောင်းအရာ ကိစ္စများကို ဆွေးနွေးခဲ့ကြပြီး ၈၈ မျိုးဆက်ကျောင်းသားများက ယနေ့ နိုင်ငံတော်၏ ဥပဒေ ၊ နည်းပဒေ ကိစ္စရပ်များ နိုင်ငံရေး အကျဉ်းသားများ ပြန်လည်လွှတ်ရေး ကိစ္စရပ်များ ၊ ပြည်ပ ရောက် နိုင်ငံရေး အင်အား စုများ ပြန်လာနိုင်ရေး ကိစ္စရပ်များကို ထည့်သွင်း ဆွေးနွေးခဲ့ကြ ကြောင်း သိရသည်။
 သောင်းထွန်း
==============================
==========

No comments:

Post a Comment

Related Posts Plugin for WordPress, Blogger...