ဧဒင်အချစ်ပုံပြင်: Texas တွင် ကျောင်းသားလေးယောက်နှင့် လိင်အမှုပြုခဲ့သော ဆရာမကို တရားသူကြီးစစ်

Friday 17 August 2012

Texas တွင် ကျောင်းသားလေးယောက်နှင့် လိင်အမှုပြုခဲ့သော ဆရာမကို တရားသူကြီးစစ်

အမေရိကန်ပြည်ထောင်စု Texas ပြည်နယ် အထက်တန်းကျောင်းတွင် ကျောင်းသားလေးယောက်နှင့် အုပ်စုလိုက် လိင်အမှုပြုဆက်ဆံခဲ့သော အသက်(၂၈)နှစ်အရွယ် ဆရာမအား တရားသူကြီးက တွေ့ဆုံစစ်ဆေးခဲ့ပါတယ်။
ကျောင်းသားငါးယောက်အနက် တစ်ယောက်က ဖုန်းကင်မရာဖြင့် ဆရာမနှင့် ကျောင်းသားလေးယောက် လိင်အမှုပြုပုံကို မှတ်တမ်းတင်ထားခဲ့ကာ ဆရာမ၏ မျက်နှာကို မှတ်တမ်းတင်တဲ့အထဲ မပါစေပေမယ့် သူမနောက်ကျောအောက်ပိုင်းရှိ တက်တူးကို သိသာစေခဲ့တာဖြစ်ကြောင်းလည်း သိရသည်။
ဆရာမက ကျောင်းသားတစ်ဦးနှင့် တစ်နေ့တည်း sms အရေအတွက် (၁၀၀)ခန့်
အပြန်အလှန်ပို့ခဲ့ကြပြီး သွေးဆူလာခဲ့ကြကာ အခုလို အုပ်စုလိုက်ဆက်ဆံကြဖို့ သဘောတူခဲ့တာဖြစ်ကြောင်းလည်း သိရသည်။
သူမက တရားစစ်ဆေးစဉ် နှုတ်ပိတ်နေခဲ့ပေမယ့် တရားသူကြီးက အပြစ်မရှိကြောင်း အဆိုပြုလွှာ တင်သွင်းခြင်းလက်မခံဖို့ ဆုံးဖြတ်ခဲ့ကြောင်း သိရသည်။
ကျောင်းသားများဟာ အသက်ပြည့်ပြီးသူများ ဖြစ်ပေမယ့် ကျောင်းစည်းကမ်းအရ ယခုလို ဆရာမနှင့်ကျောင်းသားအကြား လိင်အမှု ပြုလုပ်ခြင်းကို ဥပဒေအရ ခွင့်မပြုကြောင်း သိရသည်။ ပြစ်မှုကျူးလွန်ကြောင်း ထင်ရှားတွေ့ရှိပါက သူမဟာ ထောင်ဒဏ်အနှစ်(၂၀)အထိ ကျခံရနိုင်ကြောင်းလည်း သိရသည်။
သူမဟာ ကလေးငယ်(၃)ဦး၏ မိခင်ဖြစ်ပြီး အိမ်ထောင်ရေးပြဿနာ အနည်းငယ်ရှိကြောင်း သိရသည်။ Louisiana’s Fort Polk တပ်စခန်းတွင် တာဝန်ထမ်းဆောင် စစ်မှုထမ်းနေသည့် သူမ၏ခင်ပွန်းကတော့ သူဟာ သူ့အမျိုးသမီးကို အထောက်အပံ့ပြုသွားမှာဖြစ်ပြီး ဇနီးမောင်နှံအနေဖြင့် ဆက်လက်ရပ်တည်သွားမှာဖြစ်ကြောင်း ပြောဆိုခဲ့သည်ဟု သိရသည်။
Source : Fox News

No comments:

Post a Comment

Related Posts Plugin for WordPress, Blogger...