ဧဒင်အချစ်ပုံပြင်: မီးလောင်ဒဏ်ရာအား ကုသရန်ခက်ခဲနေ သည့် မိဘမဲ့ကလေးအတွက် အလှူငွေ လိုအပ်နေ

Wednesday 20 June 2012

မီးလောင်ဒဏ်ရာအား ကုသရန်ခက်ခဲနေ သည့် မိဘမဲ့ကလေးအတွက် အလှူငွေ လိုအပ်နေ

မိဘမဲ့ရသည့်အပြင် မီးလောင် ခံရခြင်းကြောင့် အသားများ တွဲသွား သဖြင့် ဆေးကုသမှု
ခံယူနေရသူ အသက် ၁၃ နှစ်အရွယ် မောင်ထူး အောင်ကျော်၏ ခွဲစိတ်ကုသမှု အတွက် အလှူရှင်များ လိုအပ်လျက်ရှိကြောင်း သိရသည်။
၎င်းသည်မိဘနှစ်ဦးစလုံးကွယ် လွန်သွားသည့်အတွက် မငေးကြီး၊ ကချောင်းရပ်ကွက်၊ ဖျာပုံမြို့နယ်ရှိ မစိုးရိမ်ကျောင်းတိုက်တွင် ကိုရင် ဘဝဖြင့်နေခဲ့ရပြီး၊ ကျောင်းဝေယျာ ဝစ္စများ လုပ်ဆောင်နေရာမှ မီးလောင်ခဲ့ရခြင်းဖြစ်သည်။ အဆိုပါကျောင်း၌ အခါကြီး ရက်တစ်ရက်တွင် ရေနွေးအိုးတည် ရန် မောင်အောင်ထူးကျော်က မီးမွှေးစဉ် ထင်းများရေစိုနေသဖြင့် မွှေး၍မရဖြစ်ခဲ့သည်။
ယင်းအခြေ အနေတွင် ကျောင်းထိုင်ဆရာတော် နှင့် ရင်းနှီး၍ကျောင်း၌ လာရောက် တည်းခိုသူ (အမည်မသိ) လူတစ်ဦး မှ ဓာတ်ဆီဘူးယူကာ မီးမွှေးပေး မည်ဟုပြောဆိုခဲ့ပြီး ထင်းများအား ဓာတ်ဆီဖြင့် ပက်ဖျန်းကာ မီးရှို့ခဲ့ စဉ် မီးထတောက်ခဲ့ကြောင်း သိရသည်။

ယင်းသို့မီးထတောက် စဉ် ゞင်း၏ဓာတ်ဆီဘူးကိုင်ထား သောလက်ကို မီးဟပ်သဖြင့် မောင် ထူးအောင်ကျော်ဘက်သို့ ဘူးအား လွှင့်ပစ်လိုက်ရာ၊ ဦးခေါင်း၊ ခန္ဓာ ကိုယ်တို့မီးလောင်ကျွမ်းခဲ့သည်။ ယင်းအတွက် မောင်ထူး အောင်ကျော်အား ဖျာပုံဆေးရုံကြီး၌ ဆေးကုသမှုခံယူစေရာ နှစ်လမျှ ကြာမြင့်ခဲ့သည်။ ယခုအခါတွင် မောင်ထူးအောင်ကျော်၏ လည်ပင်း၊ မေးရိုး၊ ပခုံးတို့တွင် မီးလောင်ကျွမ်း မှုကြောင့် အသားများတွဲသွားခဲ့ရသ ဖြင့်ဆက်လက်ဆေးကုသမှုခံယူ ရန် လိုအပ်လျက်ရှိနေကြောင်း သိရ သည်။
မောင်ထူးအောင်ကျော်သည် လက်ရှိတွင် အမှတ်(၄/၄၅)၊ အောင်မင်္ဂလာ(၂)လမ်း၊ အမှတ် (၄)ရပ်ကွက်၊ မရမ်းကုန်းမြို့နယ်ရှိ ဦးလေးတော်သူနေအိမ်၌ နေထိုင် လျက်ရှိသည်။ ဦးလေးဖြစ်သူမှာ စားဝတ်နေရေး အခက်အခဲရှိသဖြင့် ဆေးကုသပေးရန် အကူအညီလို အပ်နေခြင်းဖြစ်သည်။ လူသား ချင်းစာနာစိတ်ဖြင့် မောင်ထူးအောင် ကျော်အား ကူညီလိုပါက ဖုန်း- ဝ၉၅၀၅၃၆၆၅သို့ ဆက်သွယ် မေးမြန်းနိုင်ကြောင်း သိရသည်။
တင်အောင်ဆန်း(မရမ်းကုန်း)
ENVOY

No comments:

Post a Comment

Related Posts Plugin for WordPress, Blogger...