ဧဒင်အချစ်ပုံပြင်: ဥပဒေအထက် မည်သူမှမရှိဆိုသလို မိအေးနှစ်ခါနာသောရဲ

Wednesday 20 June 2012

ဥပဒေအထက် မည်သူမှမရှိဆိုသလို မိအေးနှစ်ခါနာသောရဲ

၂၀၁၂ ခုနှစ် မေ ၁၉ရက် ည ၉နာရီ အချိန်ခန့်တွင် ဘုရင့်နောင် လမ်းအတိုင်း
မြောက်မှ တောင်သို့ လ ၁၆၈၇၉၇ ရဲအုပ် လှကျော်ဦး (မြောက်ပိုင်း ခရိုင်ရဲတပ်ဖွဲ့မှူးရုံး) မောင်းနှင်လာသော ၈ဈ-၁၅၀၁ (စူပါကာစတန်-နံသာရောင်) ကိုယ် ပိုင်ယာဉ်သည် ရွှေစင်အေးဘုရား ရှေ့အရောက် ၄င်းရှေ့ယာဘက် လမ်းဘေးမှ လမ်းလျှောက်သွားနေ သူ ဦးမြင့်သိန်းအား နောက်မှ ဝင် တိုက်မိ၍ ယာဉ်တိုက်ခံရသောသူမှာ ဦးခေါင်းနောက်စေ့ ပေါက်ပြဲဒဏ် ရာ၊ ဝဲယာတံတောင်ပွန်းသည့် ဒဏ် ရာများရရှိသွားသဖြင့် အင်းစိန်ဆေး ရုံသို့ တင်ပို့စဉ်သေဆုံးသွားကြောင်း သိရှိရသည်။
ယာဉ်မောင်းသူ ရဲအုပ် လှ ကျော်ဦးအား ယာဉ်ကို မဆင်မခြင် မောင်းနှင်ရာမှ ယာဉ်တိုက်မှုဖြစ်ပွား ပြီး သေဆုံးသွားသူ ဦးမြင့်သိန်း၆၄နှစ် (ဘ)ဦးသာလှ မ/ ၂၄လှိုင်မြစ် လမ်း၊ ကမ်းနားအလယ်ရပ်ကွက်၊
အင်းစိန်မြို့နယ် နေသူသေဆုံးခဲ့ ရသောဖြစ်စဉ်အပေါ် လ-၁၆၅၁၉၂ ဒုရဲအုပ် သောင်းနိုင်ထွန်း နယ်မြေ (၁)ယာဉ်ထိန်း၊ ယာဉ်မှု စစ်ဌာနမှ တရားလိုပြုလုပ်၍ အင်းစိန်ရဲစခန်း တွင် အမှုဖွင့်လှစ်ခဲ့ကြောင်းသိရ သည်။
ယာဉ်မှုစစ်မှ ဒုရဲအုပ် သောင်း နိုင်ထွန်း၏ အမှုဖွင့်တိုင်တန်းမှု အ ပေါ်အင်းစိန်ရဲစခန်းမှ (ပ) ဝ၄/၂၀၁၂ ပြစ်မှုဆိုင်ရာ ဥပဒေပုဒ်မ ၃၀၄ ဖြင့် အမှုဖွင့်လှစ်ခဲ့ပြီး လ-၁၆၈ ၇၉၇ ရဲအုပ် လှကျော်ဦး၊ ၃၈နှစ် (ဘ)ဦးဖေတင် အခန်းအမှတ် (၁၁) ပိတောက်လိုင်း၊ ရွာမအလယ်ရပ် ကွက်၊ အင်းစိန်ရဲစခန်းဝန်း၊ အင်းစိန် မြို့နယ်နေသူအပေါ် ပြစ်မှုဆိုင်ရာ ဥပဒေအရလည်းကောင်း၊ ရဲစည်း ကမ်းထိန်းသိမ်းရေး ဥပဒေအရ လည်းကောင်း အရေးယူဆောင်ရွက် သွားမည်ဖြစ်ကြောင်း သိရှိရသည်။
တင်အောင်ဆန်း(မရမ်းကုန်း)
ENVOY

No comments:

Post a Comment

Related Posts Plugin for WordPress, Blogger...