ဧဒင်အချစ်ပုံပြင်: ရွှေဈေး အပေါ်တက် အောက်ဆင်း ဖြစ်နေခြင်းသည် တစ်သောင်းတန် ငွေစက္ကူနှင့် မဆိုင်

Thursday 21 June 2012

ရွှေဈေး အပေါ်တက် အောက်ဆင်း ဖြစ်နေခြင်းသည် တစ်သောင်းတန် ငွေစက္ကူနှင့် မဆိုင်

ယခုလအတွင်း မြန်မာ့ရွှေဈေး အတက်အကျ များရခြင်းသည် တစ်သောင်း တန်
ငွေစက္ကူ ထုတ်ခြင်းနှင့်မဆိုင်ဟု ရွှေလုပ်ငန်းရှင်များက ပြောသည်။
“မြန်မာ့ရွှေဈေးက ဒီလထဲမှာ ခုနစ်သိန်းတစ်သောင်းဖြစ်လိုက်၊ နှစ် သောင်းဖြစ်လိုက်၊ သုံးသောင်းဖြစ် လိုက်နဲ့ လည်နေတယ်။ ခုနစ်သိန်း အောက်ကိုတော့ မရောက်ဘူး။ ဒါကို လူတွေက တစ်သောင်းတန် ငွေစက္ကူထွက်လာလို့ ရွှေဈေးမငြိမ် တာလို့ ထင်နေကြတယ်။ အမှန်က
ကမ္ဘာ့ရွှေဈေးမငြိမ်လို့ မြန်မာ့ရွှေဈေး မငြိမ်တာပါ”ဟု ရွှေဘုံသာလမ်းရှိ ရွှေလုပ်ငန်းရှင်တစ်ဦးက ပြောသည်။
 မေလဆန်းပိုင်းတွင် မြန်မာ့ အခေါက်ရွှေဈေးသည် ကျပ်ခုနစ် သိန်းနှင့်စဖွင့်ခဲ့သော်လည်း မေလ ဒုတိယပတ်မှ စတင်၍ ကျပ်ခုနစ် သိန်းအောက်သို့ ပြန်ရောက်ခဲ့သည်။ အဆိုပါကာလတွင် ကမ္ဘာ့ရွှေဈေး သည် တစ်အောင်စလျှင် အမေရိ ကန်ဒေါ်လာ ၁၅၇၀ ဝန်းကျင်ရှိခဲ့ သည်။ ဇွန်လဆန်းက မြန်မာ့အခေါက် ရွှေတစ်ကျပ်သားလျှင် ကျပ် ၇၁၅၀ဝ၀ နှင့်ဈေးဖွင့်ခဲ့ပြီး ဇွန်လဒုတိယပတ် တွင် ၇၁၀ဝ၀ဝ မှ ကျပ် ၇၂၀ဝ၀ဝ၊ ၇၃၀ဝ၀ဝ အထိဈေး ဖြစ်ခဲ့သည်။
ကမ္ဘာ့ရွှေဈေးသည်လည်း ဇွန်လ ဆန်းပိုင်းတွင် ကန်ဒေါ်လာ ၁၅၂၄ ရှိခဲ့ရာမှ ဇွန်လ ၁၄ ရက်နေ့တွင် ကန်ဒေါ်လာ ၁၆၂၁ ဖြစ်ခဲ့သည်။ ဇွန်လ ၁၉ ရက်နေ့တွင် မြန်မာ့ ရွှေဈေးသည် အခေါက်ရွှေတစ်ကျပ် သားလျှင် ကျပ် ၇၂၃၅၀ဝ ဖြစ်၍ ကမ္ဘာ့ရွှေဈေးသည် တစ်အောင်စ လျှင် ကန်ဒေါ်လာ ၁၆၂၈ ဖြစ် ကြောင်း ဈေးကွက်မှသိရသည်။ ယခုကဲ့သို့ ရွှေဈေးမငြိမ်သက်မှုများ ကြောင့် ဈေးကွက်တွင် အရောင်း အဝယ် အေးလျက်ရှိကြောင်း ၂၉ လမ်းရှိ အောင်သမာဓိရွှေဆိုင်မှ သိရ သည်။
အိမ်စည်စိုးစံ

1 comment:

  1. http://motors.com.mm/?utm_campaign=mot_mm_lb_blog_mgesc&utm_source=mot_lb_blog&utm_medium=lb_blog

    ReplyDelete

Related Posts Plugin for WordPress, Blogger...