အာရှဒေသရှိ လူဦးရေအချိုးအစားဟာ အလျင်အမြန်ကိုပဲ ပြောင်းလဲနေပါတယ်။
ဒီလိုပြောင်းလဲမှုမှာ မြန်မာနိုင်ငံလည်း တစ်နိုင်ငံ အပါဝင် ဖြစ်ပါတယ်။
ယခုအချိန်က စတင်ရေတွက်ပြီး လာမယ့် နှစ်ပေါင်း ၂၀ အတွင်းမှာ အာရှမှာ အသက် ၆၀
ကျော်ရှိတဲ့လူဦးရေက ကလေးဦးရေထက် ပိုများပြားလာပါလိမ့်မယ်။
လက်ရှိအချိန်အထိတော့ မြန်မာ နိုင်ငံမှာ သက်ကြီးရွယ်အို ၅ ဒသမ ၅ သန်း
ရှိပြီး ၂၀၂၅ နှစ်ကျရင်တော့ ဒီအရေ အတွက်ဟာ နှစ်ဆ ဖြစ်လာပါလိမ့်မယ်။
အဲဒီအချိန်မှာ လူငါးဦးလျှင် တစ်ဦးက အသက် ၆၀ ကျော်တဲ့လူတွေ ဖြစ်လာပါ
လိမ့်မယ်။ သမိုင်းတစ်လျှောက် လူဦးရေဖွဲ့စည်း မှုပုံစံဟာ
ပိရမစ်တွေပုံစံအတိုင်း ရှိပါတယ်။
အောက်ခြေမှာ ကလေးဦးရေ များပြားပြီး အပေါ်ရောက်လာတာနဲ့ ပိရမစ်အတိုင်း
ကျဉ်းသွားကာ သက်ကြီး ရွယ်အို အနည်းငယ်သာ ထိပ်ပိုင်းမှာ ရှိပါတော့တယ်။
ဒါပေမယ့် မြန်မာအပါ အ၀င် ကမ္ဘာပေါ်မှာ အပြောင်းအလဲဟာ လျင်မြန်စွာ
ပြောင်းလဲနေပါတယ်။
ပိရမစ်ပုံစံနဲ့ လူဦးရေဖွဲ့စည်းမှုဟာ မိုးမျှော်တိုက်များအသွင်ကို ပြောင်းလဲ
နေပါတယ်။ ၁၉၇၀ ခုနှစ်က ၁၄ နှစ် အောက် ကလေးသူငယ် ဦးရေဟာ အများဆုံးဖြစ်ပြီး
အောက်ဆုံးလိုင်း သုံးခု မှာ ရှိနေပါတယ်။
ဒါပေမယ့် ၂၀၁၀ ပြည့် နှစ်မှာ အသက် ၂၀ မှ ၅၀ အကြား လူဦး ရေဟာ
အများဆုံးဖြစ်လာပါတယ်။ လာ မယ့် ၂၀၃၀ မှာတော့ အသက် ၆၀ ကျော် လူဦးရေဟာ အသက်
၁၄ နှစ်အောက် လူဦးရေထက် ပိုများလာမည်ဖြစ်ပြီး၊ ၂၀၅၀ ခုနှစ်အရောက်မှာ
သက်ကြီး ရွယ်အိုဦးရေက ငါးနှစ်အောက် ကလေး ဦးရေထက် ပိုများပြားလာပါလိမ့်မယ်။
ဒါ့ပြင် အသက် ၈၀ ကျော်လူဦးရေလည်း များပြားလာမှာဖြစ်ပြီး ထိုထဲက အများစုက အမျိုးသမီးများဖြစ်ကြပါတယ်။
လူဦးရေအချိုးအစားပြောင်းလဲတာ ဟာ မြန်မာပြည်တစ်ခုတည်းတင်မဟုတ်ပါဘူး။
ဒါပေမယ့် မြန်မာပြည်အတွက် ထူးခြားတာကတော့ လူဦးရေအချိုး အစားပြောင်းလဲမှုက
အလွန် လျင်မြန်တာပဲဖြစ်ပါတယ်။
ဖွံ့ဖြိုးပြီး ဥရောပနိုင်ငံ တွေမှာဆိုရင် ဒီလိုပြောင်းလဲမှုတွေဟာ နှစ် ၁၀၀
လောက်အချိန်ယူရပါတယ်။ မြန်မာနိုင်ငံအပါအ၀င် အာရှနိုင်ငံ တွေ မှာတော့
ဒီအပြောင်းလဲဟာ ၂၅၊ ၃၀ နှစ် လောက်ပဲ ကြာပါတယ်။
အာရှနိုင်ငံတွေ က ဒီအပြောင်းအလဲနဲ့ လိုက်လျောညီ အောင် ကြိုးစားဖို့
ဥရောပလို အချိန်သိပ် မရပါဘူး။ ဒီကိစ္စက အမျိုးသားမဟာ ဗျူဟာ
စီမံကိန်းရေးဆွဲရေးမှာ ထည့်သွင်း စည်းစားရမယ့် စိန်ခေါ်မှုတစ်ခုပါပဲ။
ဒီလို လူဦးရေအချိုးအစား ပြောင်းလဲမှု ကြီးမားလာခြင်းရဲ့ အကြောင်းအရင်းက
ဘာပါလဲ။ အခြေခံအားဖြင့်တော့ အကြောင်းအရင်း နှစ်ချက်ရှိပါတယ်။ အဲဒီအချက်
နှစ်ချက်ကတော့ မွေးဖွား နှုန်း ကျဆင်းလာခြင်းနဲ့ လူတွေ သက် တမ်း
ပိုရှည်လာလို့ပါပဲ။
ယခုခေတ် အမျိုး သမီးတွေဟာ သူတို့ရှေ့ကမျိုးဆက်တွေ ထက်စာရင်
ကလေးမွေးဖွားနှုန်းကျဆင်းလာပြီး ယခုခေတ်လူအများစုဟာ ၂၀ ရာစုခေတ်က လူတွေထက်
ပိုပြီးအသက် ရှည်ကြလို့ပါပဲ။
ကုလသမဂ္ဂ၏ စာရင်း များအရ မွေးဖွားနှုန်းကျဆင်းခြင်းသည် ဂျပန်၊
တောင်ကိုရီးယား၊ အီတလီနဲ့ စင်ကာပူနိုင်ငံတွေမှာ နိုင်ငံလုံး အတိုင်း အတာထိ
လူဦးရေကျဆင်းခြင်းမဖြစ်ခင် လူဦးရေတည်ငြိမ်မှုကို ဖြစ်စေပါတယ်။
လူဦးရေပညာရှင်များရဲ့ အဆိုအရ အမျိုး သမီးတစ်ဦးမှ ပျမ်းမျှ ကလေး ၂ ဒသမ ၁
ယောက်မွေးမှသာ လက်ရှိလူဦးရေ အတိုင်း ဆက်လက်ထိန်းချုပ်နိုင်မယ်လို့
ဟောကိန်းထုတ်ထားပါတယ်။
ဒီနှုန်း ထက်ကျော်ပြီး မွေးဖွားနှုန်းများခဲ့ရင် တော့
လူဦးရေတိုးပွားလာမှာဖြစ်ပြီး အဆိုပါနှုန်းထက် နည်းရင်တော့ လူဦးရေ လျော့ကျမှာ
ဖြစ်ပါတယ်။
အံ့ဩစွာပဲ ယနေ့အချိန်မှာ အာရှဟာ ကမ္ဘပေါ်မှာ မွေးဖွားမှုနှုန်း အနည်းဆုံးဒေသဖြစ်နေပါတယ်။
ဒီနှုန်းထားဟာ အမျိုးသမီး တစ်ဦးလျှင် ကလေးတစ်ယောက်နှုန်း သာ မွေးဖွားတဲ့
တောင်ကိုရီးယား၊ စင်ကာပူနဲ့ ဂျပန်တင်မကပါဘူး၊ တခြား
သိပ်မချမ်းသာသေးတဲ့နိုင်ငံတွေမှာပါ ဖြစ်နေပါပြီ။
တောင်ကိုရီးယား၊ စင်ကာပူ နဲ့ ဂျပန်နိုင်ငံတွေက မွေးဖွားနှုန်းဟာ
လက်ရှိလူဦးရေကို ပြည့်မီအောင် အစား မထိုးနိုင်ပါဘူး။ အာရှနိုင်ငံတွေဖြစ်တဲ့
ဗီယက်နမ်ရဲ့ ကလေးမွေးဖွားနှုန်းဟာ ဗြိတိန်နိုင်ငံ ထက် နည်းနေပြီး
မြန်မာနိုင်ငံရဲ့ ကလေး မွေးဖွားနှုန်း (အမျိုးသမီးတစ်ဦးလျှင်
ကလေးမွေးဖွားနှုန်း ၁ ဒသမ ၉၄ ဦး)ဟာ လည်း ပြင်သစ်နိုင်ငံရဲ့ ၁ ဒသမ ၉၉ ထက်
နည်းနေပါတယ်။
မြန်မာနိုင်ငံမှာ လာ မယ့် ၂၀၁၄ ခုနှစ်မှာပြုလုပ်မယ့် တစ်နိုင်ငံ
လုံးအတိုင်းအတာ သန်းခေါင်စာရင်း ကောက်ခံမှုရဲ့ ရလဒ်က သက်သေပြပါ လိမ့်မယ်။
လူဦးရေတည်ဆောက်ပုံ ပြောင်းလဲမှု ရဲ့ နောက်ထပ်အကြောင်းအရင်းတစ်ခု က
လူတွေသက်တမ်း ပိုရှည်လာလို့ပါပဲ။
ယနေ့ခေတ်မှာမွေးတဲ့ ကလေးတစ်ဦး ဟာ ၁၉၈၀ ခုနှစ်က မွေးတဲ့လူထက် အသက် ၁၀
နှစ်ပိုရှည်နိုင်မယ်လို့ ယူဆရ ပါတယ်။ လူတွေသက်တမ်းရှည်ကြာစွာ
ပိုနေလာကြရတဲ့အတွက်ကြောင့် သက် ကြီးရွယ်အိုဆိုတဲ့ အတွေးအခေါ် သဘောတရားကို
ပြန်ပြီးစဉ်းစားဖို့ လို အပ်လာပါပြီ။ ကျွန်တော်တို့ရဲ့ အဘိုး၊ အဘွားများကို
စဉ်းစားကြည့်လိုက်ရင် သူတို့ဟာ အသက် ၅၅ နှစ်၊ ဒါမှမဟုတ် ၆၀ ရှိမယ်လို့
ကျွန်တော်တို့တွေးမိကြမှာ ပါပဲ။
ဒါပေမယ့် အခုအခါမှာတော့ ဒီ အသက်အပိုင်းခြားရှိ လူတွေထဲက အများစုဟာ
ကျန်းမာဆဲဖြစ်သလို တက်ကြွပြီး လုပ်နိုင်ကိုင် နိုင်ဆဲဖြစ်တဲ့
လူတွေဖြစ်တယ်ဆိုတာ ကျွန်တော်တို့ မြင်တွေ့ရနေပါပြီ။
ဒီလူဦးရေအချိုးအစား ပြောင်းလဲခြင်း ဟာ မြန်မာနိုင်ငံအတွက်တော့ အခွင့်
အလမ်းဖြစ်ပါတယ်။ ဘာကြောင့်လဲဆို တော့ ၂၀၁၀ လူဦးရေအချိုးအစား ပိရမစ်
ကိုကြည့်ရင် အလုပ်လုပ်နိုင်တဲ့ ၁၄ နှစ်က နှစ် ၆၀ အတွင်း
လူအများစုရှိနေလို့ပါပဲ။
ဒီလိုအလုပ်လုပ်နိုင်တဲ့ လူဦးရေအချိုး အစားက မှီခိုနေထိုင်သူတွေရဲ့ လူဦးရေ
ကို ကျော်လွန်သွားတာကို လူဦးရေ ပြောင်းလဲမှု အချိုးလို့ ခေါ်ပါတယ်။
ဒါပေ မယ့် ဂျပန်နိုင်ငံလိုမျိုး လူဦးရေအချိုး အစားပြောင်းလဲမှု အကျိုးရလဒ်
ရှေ့ ရောက်နေတဲ့နိုင်ငံတွေမှာတော့ အလုပ် လုပ်နိုင်တဲ့ လူဦးရေအချိုးက
နည်းနေပြီး အဲဒီအုပ်စုက အလုပ်မလုပ်နိုင်တဲ့လူတွေ ကို ထောက်ပံ့နေရလို့ပါပဲ။
ဒီလိုဖြစ်စဉ် ကို လုပ်သားများထွက်ပြေးခြင်းလို့ခေါ် ပါတယ်။
မြန်မာနိုင်ငံမှာကတော့ လူဦးရေ အချိုးအစားပြောင်းလဲမှု အကျိုးရလဒ် ဖြစ်စဉ်က
နှစ် ၂၀၊ ၃၀ လောက်ထိရှိနေ မှာပါ။ ဒီလိုအချိန်မှာ တိုင်းပြည်အနေနဲ့
ကျန်းမာရေး၊ ပညာရေး ကဏ္ဍတွေမှာ ရင်းနှီးမြှုပ်နှံဖို့ လိုအပ်သလို မတူညီတဲ့
လူဦးရေတည်ဆောက်ပုံအတွက်လည်း ပြင်ဆင်ဖို့လိုအပ်ပါတယ်။
ဒါ့ပြင် လူမှု ရေးကဏ္ဍနဲ့ စီးပွားရေးစီမံကိန်းရေးဆွဲ ရေးဆွဲတဲ့ ကဏ္ဍတွေမှာ
ဒီအခွင့်အလမ်း ကို နောက်ထပ်ငါးနှစ်၊ ၁၀ နှစ် စောင့်စရာ မလိုဘဲ
ယခုအချိန်ကတည်းကကို ထည့် သွင်း စဉ်းစားဖို့ လိုပါတယ်။
လူဦးရေတည်ဆောက်ပုံ အချိုးအစား ပြောင်းလဲခြင်းဟာ လူမှုရေးနဲ့ စီးပွားရေး
ကဏ္ဍတွေကို များစွာအကျိုးသက်ရောက် မှုရှိပါတယ်။ ပိုပြီး ခေတ်မီဖွံ့ဖြိုးတဲ့
နိုင်ငံ တွေမှာဆိုရင် အငြိမ်းစားယူနိုင်တဲ့ အသက်အရွယ်အပိုင်းအခြား၊ ပင်စင်
အတွက် ကုန်ကျစရိတ် စတာ တွေကို အကြိတ်အနယ် ဆွေးနွေးနေပါပြီ။
ဒါပေ မယ့် မြန်မာနိုင်ငံအပါအ၀င် မြန်မာနဲ့ ဖွံ့ဖြိုးမှုတူညီတဲ့
တခြားနိုင်ငံတွေမှာတော့ လူအနည်းစုပဲ အငြိမ်းစားပင်စင် အတွက်
စိုးရိမ်စရာရှိပြီး လယ်သမားတွေ၊ ၀န်ထမ်းမဟုတ်တဲ့ အလုပ်သမား တွေ
အလုပ်ဆက်လက်လုပ်နေကြပြီး ပင်စင်မရှိပါဘူး။
ဒါပေမယ့် သက်ကြီး ရွယ်အိုတွေအတွက် ၀င်ငွေရရှိအောင် လုပ်ဆောင်ပေးခြင်းဟာ
လူမှုရေးနဲ့ စီးပွားရေး မဟာဗျူဟာစီမံကိန်းများ ရေးဆွဲရာမှာ အရေးကြီးပါတယ်။
ဒါဟာ ကျန်းမာရေးကဏ္ဍအတွက် အကြီးအကျယ် စိန်ခေါ်မှုတစ်ခုပါပဲ။
ကူးစက်နိုင်တဲ့ရောဂါတွေကို အာရုံစိုက် နေရာကနေ သက်ကြီးရွယ်အိုတွေမှာ
အဖြစ်များတဲ့ မကူးဆက်နိုင်သောရောဂါ တွေ၊ ဒါမှမဟုတ် နာတာရှည်ရောဂါတွေ
များပြားလာမှုကို ကျန်းမာရေးကဏ္ဍ အနေနဲ့ လိုက်လျောညီအောင်ပြုလုပ်ရ မှာ
ဖြစ်ပါတယ်။
ကူစက်နိုင်တဲ့ ရောဂါအများစုဟာ ကုသနိုင်ပါတယ်။ အယ်ဇိုင်းမား၊ အဆစ် ရောင်နာ၊
သွေးတိုးရောဂါ၊ စိတ်ကစဥ့် ကလျားရောဂါ၊ သို့မဟုတ် ဆီးချိုသွေးချို
ရောဂါတွေဟာ အရှင်းပျောက်ကင်း အောင် မကုသနိုင်ပေမယ့် ကာကွယ် နိုင်သလို
သက်ရှည်ကျန်းမာစွာ နေထိုင် အောင် စီမံလုပ်ဆောင်နိုင်ပါတယ်။
ကျန်းမာရေးစနစ်တွေရဲ့ စံချိန်စံညွှန်း တွေကို ပြောင်းလဲလာတဲ့ လူဦးရေ တည်
ဆောက်မှုနဲ့အညီ ပြန်လည်သတ်မှတ်ရန် လိုအပ် တယ်ဆိုတာ အထင်အရှားပါပဲ။ လူတွေကဟာ
ကလေးအနည်းငယ်ပဲ ယူကြပြီး မိသားစုအများအပြားဟာ အလုပ်အကိုင်ရဖို့အတွက်
မြို့ကြီးပြကြီး တွေကို ရွှေ့ပြောင်းနေထိုင်ကြတဲ့အတွက် ကြောင့် ကလေးတွေဟာ
သက်ကြီးရွယ် အိုများနဲ့ နေလာကြရပါတယ်။
ဒါကြောင့် အဘွားအိုတွေကို စောင့်ရှောက်ဖို့ နည်း လမ်းကောင်းတွေ
လိုအပ်လာပါတယ်။ ဧရာဝတီတိုင်းဒေသကြီးအတွင်းရှိ ပုသိမ် နဲ့
ကျိုက်လတ်ဒေသတွေမှာ ရပ်ရွာအဖွဲ့ အစည်းတွေက ကျန်းမာရေးမကောင်းတဲ့၊
အထီးကျန်ဖြစ်နေတဲ့ သက်ကြီးရွယ် အိုတွေအတွက် စောင့်ရှောက်ရေး လုပ်ငန်းတွေကို
လုပ်ကိုင်နေပါတယ်။
ဒီနည်းလမ်းဟာ အလွန်ကောင်းမွန်တဲ့ နည်းလမ်းဖြစ်ပြီး ကျန်ဒေသတွေကို လည်း
ဆက်လက်တိုးချဲ့ လုပ်ကိုင်နိုင်ပါ တယ်။ သက်ကြီး ရွယ်အိုတွေနဲ့ သူတို့ရဲ့
အသေးစိတ်လိုအပ်ချက်တွေကို ဖြည့် ဆည်းပေးရန် လူမှုရေး၊ စီးပွားရေး ပေါ်လစီများ
လိုပါပေတယ်။
ဒီမူဝါဒတွေ ဟာ အသက်ကြီးပေမယ့် တက်တက် ကြွကြွ လှုပ်ရှားနေတဲ့ သက်ကြီးရွယ်အို
များကို ထောက်ခံအားပေးနိုင်မှာဖြစ် သလို၊ မိမိတို့ကိုယ်ကို
စောင့်ရှောက်ခြင်း မရှိနိုင်ဘဲ အကူအညီလိုအပ်နေတဲ့ အားနည်းသူတွေကို
ကာကွယ်နိုင်ရန် လိုအပ်ပါတယ်။
ဒီလိုလုပ်ဆောင်တာ အမြော်အမြင် ရှိလှတဲ့ အစီစဉ်အဖြစ်ပြီး ငယ်ရွယ်စဉ်က
တိုင်းပြည်ကို အကျိုးပြုခဲ့သူများ အသက် ကြီးလာတဲ့ အချိန်မှာ
ပျော်ရွင်ချမ်းမြေ့ စေရန်၊ သက်ကြီးရွယ်အိုများဟာ တိုင်းပြည်အတွက်
ဝန်ထုပ်ဝန်ပိုးတစ်ခု မဖြစ်စေဘဲ တိုင်းပြည်ဖွံ့ဖြိုး တိုးတက်ရေး အတွက်
အကျိုးကျေးဇူးအဖြစ် လူအများ သိမြင်စေရန် လုပ်ဆောင်ရမှာဖြစ်ပါတယ်။
အယ်ဒ၀ါဒိုကလင်းသည် အပြည်ပြည်ဆိုင်ရာ သက်ကြီးရွယ်အို စောင့်ရှောက်ရေးအဖွဲ့၏
ဒေသတွင်းဆိုင်ရာ ဒါရိုက်တာဖြစ်သည်။ သူသည် စီးပွားရေး ပညာရှင်ဖြစ်သလို၊
အင်္ဂလန်နိုင်ငံ အောက်စဖို့ဒ်တက္ကသိုလ်တွင် သုတေသနပညာရှင်အဖြစ် လုပ်ကိုင်ခဲ့သူ
လည်းဖြစ်သည်။
သူသည် လက်တင် အမေရိကရှိ အစိုးရများအတွက် အကြံပေးအဖြစ်
ဆောင်ရွက်ပေးခဲ့သူလည်းဖြစ်ပြီး အာရှ၊ လက်တင်အမေရိကနှင့် အာဖရိကတိုက်ရှိ
လူမှု-စီးပွားရေး ဖွံ့ဖြိုး တိုးတက်ရေးလုပ်ငန်းများတွင် လုပ်ကိုင်
ခဲ့သည့်အတွေ့အကြုံ ရှိသူဖြစ်သည်။
By: Myanmar Times:
No comments:
Post a Comment