အရောင်းစင်တာကြီးဆိုင်ဖွင့်သက်တမ်း ၂ နှစ်ြ့ပည့်ပါတော့မယ်။
ရောင်းအားလည်းအရမ်းကိုကောင်းပါတယ်။ ထုတ်လိုက်တဲ
့စည်းကမ်းတွေကလည်းများလွန်းလို့ မမှတ်မိတော့ဘူး ။ ဒါပေမယ့်
ဝန်ထမ်းတွေဘက်ကကာကွယ် ပြီး အကျိုးပြုမယ့် စည်းကမ်းတွေတော့မဟုတ်ဘူ။
Company ဘက်က တင်းကျပ်တဲ့ စည်းကမ်းတွေပဲ။ အရည်အချင်းပြည့်ပြီး
ထွက်သွားတဲ့ ဝန်ထမ်းတွေလည်း မနည်းတော့ပါဘူး။ ဝန်ထမ်းတစ်ယောက်ရဲ
့အနိမ့်ဆုံး အခြေခံ လစာ ၅ သောင်းပဲ ရတယ်။ ဒီလစာဟာပုံသေဖြစ်သွားပီ
တစ်နှစ်ပြည့်လည်းထပ်မတိုးတော့ဘူး။ OT ဆင်းရင် တစ်နာရီ ၁၅၀ ကျပ် ၊ အစိုးရ
တရား ဝင်ရုံးပိတ်ရက်တွေ ဆင်ရင် ဥပမာ တပ်မတော်နေ့ အလုပ်သမားနေ့ စသည်
ဖြင့် အဲ့ဒီလို ဆင်း၇င် တခြား အလုပ်တွေမှာ အဲ့ ဒီနေ့ အတွက် လခ နှစ်ဆ
ရတယ်။ ဒီမှာကတော့ တစ်ထောင်ပဲ ပေးတယ်။အလုပ်ဆင်းရက် မှန် ၇င် ၇က်မှန်ကြေး
ငါးထောင် ပေးတယ်။ ဒါပေမယ့် လစာထုတ်ရင် ဝန်ထမ်းတိုင်း လစာ ပြည့် လခ
အကုန်လုံး တစ်စု တစ်စည်းတည်း လိုချင်တာပေါ့ ။ အဲ့ ဒီလိုမဟုတ်ဘူး လစာပဲ
အရင်ပေးတယ်။ အဲ့ဒီထဲ က ယူနီဖောင်းကြေး ၊ SSB ကြေး ၊ ဒီကြားတည်း TAX Fees
တွေလည်း ပေးရတယ်။ သာရေးနာရေး ရှိရင်လည်း ဒီလစာထဲကပဲ ထပ်ပေးရတယ်ဆိုတော့
လက်ထဲ ရောက်ငွေက လေးသောင်းကျော်ပဲ ကျန်တော့တယ်။ အိမ်စားရိတ် ကို
အကုန်ပေးရတော့ လက်ထဲ မရှိတော့ဘူး ။ တစ်ချို့ ဆို လစာကိုပဲ မြင်လိုက်၇တယ်။
ဖြတ်လိုက်တောက်လိုက်တာလဲ ဘာကြေးညာကြေး ဆိုပီးတောင်းတာ မပေးချင်လည်း သူတို
့ပဲ ဖြတ်တော့ လစာပြောင်တာပေါ့။ နောက်ထပ်ရမယ့်  OT ကြေးတို
့ရက်မှန်ကြေးတို့ ဆိုတာ ပေးတော့ပေးမယ်။ ဘယ်နေ့ လဲ ဆိုတာ မျှောနေရတော့ ဟို
ဟာကို ဟိုဟာ မျှော်နေသလို ဖြစ်နေတယ်။ တော်တော်လေးဒုက္ခ
ရောက်ရတယ်။ဝန်ထမ်းတွေ ရဲ့ ရင်ထဲ မှာ တော်တော်လေးဒုက္ခေ၇ာက်နေတယ်။
ကိုယ်ချင်းစာကြည့်ပေါ့ဗျာ။ ပထမအကြိမ် ယူနီဖောင်းကြေးတွေ ပေးသွင်းလို
့ကြေသွားပီ။ တစ်နှစ်ပြည့်လို့ ဆိုပြီး ယူနီဖောင်းအသစ်တွေ ယူနီဖောင်းကြေး
ပေးစရာ မလိုဘူးဆို ပီးထပ်ပေးတော့ပျော်မိတယ်။ လလည်းကုန်ရော ဖြတ်ပါလေရော။
ရင်နာစရာပါဗျာ။ ဝန်ထမ်းတွေ ရသင့်ရထိုက်တာကို မပေးဘူး အခွင့်ရေးဆိုတာလည်း
မရှိဘူး ။ ဥပမာ လုပ်သက်ခွင့်ဆို ရင် စည်းကမ်းချက်ထဲ မှာ (၁၀)
ရက်ယူခွင့်ရှိတယ်။ မယူရင် လုပ်ခ (၁၀) စာ ပေးမယ်ဆိုပီး ရေးထားတယ်။
ဒါပေမယ့် ရေးထားတာပါ။ စာရွက်ထဲ မှာပဲ ရှိတာပါ။ မပေးပါဘူး။
နောက်ပီးဆိုင်ဖွင့် တစ်နှစ်ပြည့်ပီး သင်္ကြန် ဘောနပ်တွေ ဟိုနေ့ ပေးမယ် ဒီနေ
့ပေးမယ် နဲ့  အခု ချိန်ထိ မပေးသေးပါ။ ဝန်ထမ်းတွေကတော့ မျှော်ပေါ့။…..။
ဝန်ထမ်းတွေက လစာထုတ်ရင် ကိုယ့်ရဲ့ လုပ်အားခတွေအားလုံး တစ်စုတစ်စည်း
တည်းလိုချင်တယ်.။
အစိုးရဝန်ထမ်းတွေလို ရှားပါးစရိတ် သုံးသောင်းကိုလည်း တိုးပေးစေချင်ပါတယ်။
နိုင်ငံတော် အစိုးရ အနေဖြင့်လည်း ပုဂ္ဂလိက ဝန်ထမ်းတွေလည်း အခြေခံလစာ
ကို သတ်မှတ်ပေးတဲ့ အမိန့် ကြေညာစာတွေကို ထုတ်ပြန် ပေးဖို့ တောင်းဆို
ချင်ပါတယ်။
ဝန်ထမ်းတွေ ရသင့်ရထိုက်တဲ့ အခွင့်အရေးတွေ ပြန်ပေးပြီးတော့ ဝန်ထမ်းတွေ
အတွက် ဘဝအာမခံ ချက်တွေ ပေးစေချင်ပါတယ်။အထူးသဖြင့်ယူနီဖောင်း
ကြေးတွေ ထပ်မဖြတ်ပါနဲ့ တော့။ ဒါတွေအားလုံးဟာ ကျွန်တော်တို့ 
မြို့ လယ်ခေါင်အရောင်းစင်တာကြီးမှ အလုပ်လုပ်နေကျတဲ့ ဝန်ထမ်းတွေအားလုံး
ရဲ့ ခံစားချက်တွေနဲ့ မျှော်လင့်ချက်တွေပါ။……..။
ဝန်ထမ်းများ
email ထဲကနေတင်ပေးပါလိုတောင်းဆိုထားလိုပါ

ဘာမှစိတ်ဓါတ်မကျပါနဲဘဝဆိုတာဒီလိုပါပဲ
by- .onekokoaung
No comments:
Post a Comment