ဧဒင်အချစ်ပုံပြင်: ၇ လ အတွင်း ဆံပင်အရောင် ၃ မျိုး ပြောင်းတဲ့ ကလေးငယ်

Thursday 21 June 2012

၇ လ အတွင်း ဆံပင်အရောင် ၃ မျိုး ပြောင်းတဲ့ ကလေးငယ်

မောင်နေတိုးအား အသက် ၃ လအရွယ်တွင် ရိုက်ကူးထားသည့် ဓာတ်ပုံ

ကလေးငယ်က အသက် ၇ လပဲ ရှိသေးပေမယ့် ဆံပင်အရောင် ၃ မျိုး ပြောင်းလဲခဲ့ပါပြီ။ နာမည်က မောင်နေတိုး လို့ခေါ်ပါတယ်။
ဧရာဝတီတိုင်း ကန်ကြီးထောင့်မြို့နယ် သရက်ကွင်း ရေကျော်ကြီးကျေးရွာကပါ။

မောင်နေတိုးကို ၂၀၁၁ ခုနှစ် နိုဝင်ဘာလ ၅ ရက်နေ့မှာ မွေးခဲ့ပါတယ်။ မွေးစကနေ အသက် ၄ လ အထိ ဆံပင်အရောင်က အနက်ပါပဲ။

နွေရာသီရောက်လာတော့ မတ်လကုန်ပိုင်းလောက်မှာ သူ့မိခင်က ကတုံး တုံးပေးလိုက်ပါတယ်။
အဲဒီမှာ ဆံပင်ပြန်ပေါက်လာတော့ အဖြူရောင်တွေ ပေါက်လာတယ်လို့ သူ့မိခင်က ဧရာဝတီကို ပြောပါတယ်။

“သူ့ဆံပင်က ၀မ်းတွင်းက ပါလာတုန်းက အနက်ရောင်ပဲ။ နွေရာသီရောက်လာတော့ ကလေးကို ကတုံး တုံးပေးဦးမယ် ဆိုပြီး တုံးလိုက်တယ်။
မွေးကတည်းက တခါမှ ဆံပင် မရိတ်ရသေးလို့လေ။ အဲဒါ ပြန်ပေါက်လာတော့ အဖြူရောင်တွေ ဖြစ်နေတယ်။
နောက်တော့ မေလမှာ တခါ ကတုံး ထပ်ရိတ်လိုက်တယ်။ ဒီတခါကျတော့ ရွှေဝါရောင်ဆံပင်တွေ ပေါက်လာတယ်။
အဲတော့ နောက်ထပ် ဆံပင်အရောင်တွေ ပြောင်းမှာစိုးလို့ ခုထပ်ပြီး ကတုံးမရိတ်တော့ဘူး”

သူ့မိဘတွေက တောသူတောင်သား လယ်သမားတွေပါပဲ။
မိခင်ရော ဖခင်ပါ ဆံပင်အနက် ဖြစ်သလို သူတို့ အမျိုးထဲမှာလည်း အဲ့လို ဆံပင်အရောင် မရှိဘူးလို့ ပြောပါတယ်။
လက်ရှိ ရွှေအိုရောင်ဆံပင်များနှင့် အသက် ၇ လအရွယ် မောင်နေတိုး

ဒီလိုထူးခြားတဲ့ ကလေးလေးကိုတွေ့တုန်း ဓာတ်ပုံ ရိုက်လာပြီး ဧရာဝတီဘလော့ဘ် ပရိတ်သတ်ကြီးအတွက် တင်ဆက်ပေးလိုက်ပါတယ်…

သန့်စင်ငြိမ်းချမ်း ရေးသားသည်)

No comments:

Post a Comment

Related Posts Plugin for WordPress, Blogger...