ဧဒင်အချစ်ပုံပြင်: အီရန် ဒုံးကျည်တိုက်ခိုက် မှု အမေရိကန်ရေတပ် သင်္ဘော ခုခံနိုင်စွမ်းမရှိကြောင်း အီရန်ပါမောက္ခပြောကြား

Tuesday 31 July 2012

အီရန် ဒုံးကျည်တိုက်ခိုက် မှု အမေရိကန်ရေတပ် သင်္ဘော ခုခံနိုင်စွမ်းမရှိကြောင်း အီရန်ပါမောက္ခပြောကြား

ပါရှန်ပင်လယ်ကွေ့အတွင်းရှိ  အမေရိကန်ရေတပ် သင်္ဘောများသည်  အီရန်၏ ဒုံးကျည်များနှင့်  အလျင်အမြန်တိုက်ခိုက်မှုကို  ခုခံနိုင်စွမ်းရှိမည်မဟုတ်ကြောင်း တီဟီရန်တက္ကသိုလ်မှ ပါမောက္ခတစ်ဦးဖြစ်သူ မိုဟာမက်မရန်ဒီက Press TV သတင်းဌာနသို့ ဇူလိုင် ၂၉ ရက်က ပြောကြားခဲ့ကြောင်း သိရသည်။
အဆိုပါအမေရိကန်ရေတပ်သင်္ဘောများသည် အီရန်နိုင်ငံ၏ ဒုံးကျည်များကို ခုခံနိုင်စွမ်းရှိမည်မဟုတ် ကြောင်းနှင့် အီရန်ရေတပ်နှင့် ကုန်းတွင်းအခြေစိုက်တပ်ဖွဲ့များသည် အမေရိကန် သင်္ဘောများကို အလျင်အမြန်တိုက် ခိုက်နိုင်စွမ်းရှိကြောင်း မရန်ဒီကပြောကြားခဲ့ကြောင်း သိရသည်။ အမေရိကန် အမျိုးသားလုံခြုံရေးအကြံပေး တွန်ဒိုနီလွန်က လွန်ခဲ့သည့် နှစ်ပတ်အတွင်း အစ္စရေးနိုင်ငံသို့ အလည်အပတ်ရောက်ရှိစဉ် အီရန်နိုင်ငံအပေါ် တိုက်ခိုက်နိုင်ဖွယ်ရှိသည့် အရေးပေါ်စီမံချက်များကို
အစ္စရေးနိုင်ငံအား အသိပေးပြောကြားခဲ့ကြောင်း သတင်းများထွက်ပေါ်လာပြီးနောက် မရန်ဒီက ယခုကဲ့သို့ ပြောဆို လိုက်ခြင်းဖြစ်သည်။ ၎င်းအပြင် ပဋိပက္ခများဖြစ်ပွားခဲ့ပါက ရေနံဈေး အလွန်မြင့် တက်သွားပြီး အမှန်တကယ် နစ်နာမည့်နိုင်ငံများမှာ အနောက်နိုင်ငံများပင်ဖြစ်ကြောင်းနှင့် ထိုကဲ့သို့သော အခြေအနေတွင် အမေရိကန်နိုင်ငံသည် နိုင်ငံတကာ အသိုင်းအဝိုင်း၏ ပြစ်တင်ဝေဖန်ခြင်း ခံရနိုင်ဖွယ်ရှိကြောင်း မရန်ဒီက ပြောကြားခဲ့ကြောင်း သိရသည်။

No comments:

Post a Comment

Related Posts Plugin for WordPress, Blogger...