ဧဒင်အချစ်ပုံပြင်: ဘန်ကောက်မှာ ဆေးစစ်ရမယ့် အကြောင်းရင်းကို ပြောပြတဲ့ မို့မို့မြင့်အောင်

Tuesday 31 July 2012

ဘန်ကောက်မှာ ဆေးစစ်ရမယ့် အကြောင်းရင်းကို ပြောပြတဲ့ မို့မို့မြင့်အောင်

မို့မို့မြင့်အောင်က ဒါရိုက်တာ ဝင်းထွန်းထွန်း ရိုက်ကူးတဲ့ ‘ခုတုံး’ ဒီဗီဒီ ဇာတ်ကားမှာ ပါဝင် သရုပ်ဆောင်ခဲ့ပြီး ဒီဇာတ်လမ်းက တကယ်ယောင်တတ်တဲ့ လူကို မူတည်ပြီး ဇာတ်အိမ် ဖွဲ့ထားတာ ဖြစ်တဲ့အတွက် ဇာတ်လမ်းလေးက ဆန်းကြောင်း ပြောပါတယ်။ ရှုတင်ကို လိုက်ပါလာ သူတွေထဲ မှာလည်း တကယ် ယောင်တတ်တဲ့ လူမျိုးတွေ ပါတဲ့ အတွက် မြင်ဖူးကြောင်း ပြောပါတယ်။ ဒီ ဇာတ်ကားမှာ မို့မို့မြင့်အောင်က ယောင်တတ်တဲ့ သားကို ဝိုင်းစကြတာကို ဝေဒနာ ခံစားနေ ရတဲ့ သားကို ချစ်တဲ့ အမေ တစ်ယောက် အနေနဲ့ သရုပ်ဆောင် ထားပါတယ်။ မို့မို့မြင့်အောင်က မြေကွက် ဂရန် မရသေးတဲ့ ကိစ္စနဲ့ ပြင်ဦးလွင် ကို သွားနေတာ ၅ ခေါက် ရှိပြီ ဖြစ်ပြီး ဗီဒီယိုတွေ လည်း ရိုက်နေကြောင်းပြောပါတယ်။ မို့မို့မြင့်အောင်က ဘန်ကောက်မှာ ကြော်ငြာ ဓာတ်ပုံ ရိုက်ဖို့ အတွက် သွားမှာဖြစ်ပြီး ရှေ့လထဲမှာပဲ ဘန်ကောက်မှာ ဆေးသွားစစ်ဖို့ ရှိကြောင်း ပြောပါတယ်။ ဆေးစစ်ရတဲ့ အကြောင်းရင်းကို တော့ မို့မို့မြင့်အောင်က..
”ကျွန်မက လေ့ကျင့်ခန်းတော့ ပုံမှန် လုပ်ဖြစ်တယ်။ အခု နည်းနည်း ပြန်ဝလာတယ်။ အာရုံကြောတွေလည်း စစ်ရမယ်။ ဟိုတလော က ချက်ပိန်း ရထားတာ ရယ်၊ နောက်ပြီး အပျိုကြီးတွေ ဖြစ်တဲ့ရောဂါမျိုး သားအိမ်နဲ့ ပတ်သက်တာကိုလည်း သွားစစ်ရမယ်။ ကျွန်မ ဝရင် ပိန်အောင်လုပ်တဲ့ လေ့ကျင့်ခန်းကို အပြင်း
အထန်တော့ လုပ်တယ်။ ၅ ရက်အတွင်း ၅ ပေါင်ချမယ် ဆိုပြီးတော့ နည်းနည်းတော့ ကြမ်းတယ်။ ငိုရင်တော့ ဆရာဝန်က မျက်ရည် အတုနဲ့ ငိုပါ ဆိုတာမျိုးတော့ မဖြစ်နိုင်ဘူး။  အလိုလို ခံစားလာရရင် သူ့ဘာသာသူ မျက်ရည်ကျတာ ကိုယ်လည်း ထိန်းလို့ မရဘူး။ ကြာတော့ ရင်ဘတ်တွေက အောင့်တယ်။ ဆေးလိပ်သောက်တဲ့ ဇာတ်ကားတော့ မရှိပါဘူး” လို့ပြောပါတယ်။ အကယ်ဒမီ ကို ၂ နှစ်ပေါင်း ပေးမယ်လို့ ကြားနေရတဲ့ သတင်း အပေါ် မို့မို့မြင့်အောင်က…
”တစ်နှစ်ခြား တစ်ခါရသလို ဖြစ်နေတယ်။ အိုက်တင်တွေ၊ ဇာတ်တွေက နည်းနည်း ရိုးအီသွားတယ်။ တချို့ပရိသတ်က သိနေပြီ။ ရုံက မကြည့်ရသေးဘူး။ တစ်နှစ် တစ်ခါ အကယ်ဒမီပေးပွဲ ဖြစ်အောင်လို့ ပေါင်းလုပ်တဲ့ သဘောဖြစ်မှာပါ။ အရင့်အရင် ဟိုခေတ်တုန်း က အဲဒီလိုမျိုးပဲ။ တစ်နှစ်စာလုံးကို ဒီဇင်ဘာ ဒါမှမဟုတ် ဇန်နဝါရီ မှာပေးကြတာ။ ဒါဖြစ်သင့်တယ်။ နိုင်ငံခြားမှာလည်း ဒီလိုမျိုးပဲ။ အခုက ကိုယ့်ဇာတ်ကားကို တစ်နှစ်ခြားကြီး မျှော်နေရတယ်။ မင်းသမီး အဝတ်အစား ဆိုလည်း အောက် ကုန်ပြီ။ ဇာတ်ဆိုလည်း သိပြီးသား ဖြစ်တဲ့ အတွက် ရိုးကုန်ပြီ။ ဟနေတဲ့ တစ်နှစ်ကို ၂နှစ်ပေါင်း ပေးလိုက်တော့ နောက်နှစ်တွေ ပိုကောင်း သွားတာပေါ့။ ပရိ သတ်တွေ နောင် ဆိုရင် တစ်နှစ်စာ ကြည့်ရတဲ့ အကယ်ဒမီ ကို ချက်ချင်း ရင်ခုန်မှု မြန်မြန် ဆန်ဆန် နဲ့ ဖြေရှင်း လို့ရတာပေါ့”လို့ ပြောပါတယ်။
ခိုင်ဝေလွင်

No comments:

Post a Comment

Related Posts Plugin for WordPress, Blogger...