ဧဒင်အချစ်ပုံပြင်: မိုးအောင်ရင် သုံးရက်တာ ရဟန်းဝတ်ဖြစ်ရခြင်း အကြောင်း

Tuesday 31 July 2012

မိုးအောင်ရင် သုံးရက်တာ ရဟန်းဝတ်ဖြစ်ရခြင်း အကြောင်း

မိုးအောင်ရင်က သူ့ရဲ့ အိမ်အနီးက ရွှေဟံသာစံကျောင်းမှာ ဇူလိုင်၂ဝရက်နေ့က ဘုန်းကြီး ဝတ်ခဲ့ပြီး ၃ရက်ကြာ တရား အားထုတ် ဖြစ်ခဲ့ပါတယ်။ အခုလို ဘုန်းကြီး ဝတ် ရခြင်း အကြောင်း ကိုတော့ မိုးအောင်ရင်က..
”ညဘက်ကြီး အိမ်မှာ ကျွန်တော် မူးလဲတယ်။ ကြမ်းပြင်နဲ့ ရိုက်မိလို့ မေးစေ့ကွဲသွားပြီး  ဝိတိုရိယ ဆေးရုံမှာ လေးချက် ချုပ်လိုက်ရတယ်။ သတိပါ လစ်သွားတာ။ ရှုတင် မစခင် မှာဖြစ်သွားတော့ ရှုတင် ဖျက်လိုက်ရတာပေါ့။ အားလည်း အားသွားတယ်။ မေးစေ့ ချုပ်ရိုး နည်းနည်းကောင်းခါစ နားနေတဲ့ကြားထဲမှာ ခွေး နဲ့ ဆော့တော့ခွေး ကကိုက်တယ်။ ကံတွေ လည်း ဆိုးနေတယ် ဆိုပြီး ဘုန်းကြီး ငါးပါးပင့် ၊ အိမ်မှာ အလှူ လုပ်တယ်။ အလှူ လုပ်တဲ့နေ့မှာပဲ ဘုန်းကြီး ဝတ်ချင်လာတယ်။ အလှူ က ၁၈ရက်နေ့ မှာလုပ်တယ်။ ကြားထဲမှာ တစ်ရက် နားလိုက်ပြီး နောက်တစ်ရက်၂ဝရက် နေ့မှာ ဝတ်လိုက် တယ်။ ပုံမှန်တစ်လကို ၁၈ရက် နေ့တိုင်း
ဒီဘုန်းကြီးကျောင်းကို ဆွမ်းချိုင့် ပို့နေကျပဲ။ ဆွမ်း ချိုင့်မပို့ဖြစ်ဘဲ အလှူ လုပ်လိုက်တယ်” လို့ပြော ပါတယ်။ မိုးအောင်ရင်က အားနည်းနေပြီး ဒီရက်ပိုင်း အတွင်းမှာလည်း အိပ်ရေးတွေ ပျက်ခဲ့ သလို ရုပ်ရှင်တွေ တအားကြည့်ကြောင်း၊ ရှုတင် ရှိရင် လေ့ကျင့်ခန်း လုပ်ဖြစ်မှာ မဟုတ်ဘူး ဆိုတဲ့ စိတ်နဲ့ လေ့ကျင့်ခန်းတွေ ပိုလုပ်ဖြစ်ခဲ့တဲ့ အတွက် မူး လဲခြင်း ဖြစ်ကြောင်း မိုးအောင်ရင် ကပြောပါတယ်။ ဘုန်းကြီး ဝတ်ပြီးသွားမှ ပိုနေလို့ ကောင်းလာကြောင်း၊ စိတ်ထဲမှာ လည်း ပေါ့ပါးသွားပြီး  ပူပင်သောကတွေ ကင်း သွားကြောင်း မိုးအောင်ရင်က ပြောပါတယ်။ ဘုန်းကြီး ဝတ်ပြီး ဘုရားရှိခိုး၊ စင်္ကြံလျှောက်၊ တရားထိုင်ခဲ့ကြောင်း၊ အရင်ကတည်းကလည်း ဘုန်းကြီး ခဏခဏ ဝတ်ဖူး ခဲ့ပေမယ့် အခု တစ်ခေါက် မှာတော့ ခံစားမှု တွေပြောင်းလဲ သွားတယ် ဆိုတဲ့ အကြောင်းကို မိုးအောင်ရင်က…
”အရင်တုန်းက ကျွန်တော် ဘုန်းကြီး ဝတ်ဖူးတယ်။ အရင်အခေါက်တွေ ဝတ်တုန်းက အဖော်ပါတယ်။ သူငယ်ချင်း၊ ညီအစ်ကို မောင်နှမ ရင်းနှီးသူ တစ်ယောက်ယောက် ပါတယ်။ အဖေ၊အမေက ဝတ်ခိုင်းလို့၊ တစ်ယောက်ယောက်က ဝတ်ခိုင်းလို့ ဝတ်တာ။ ဒီတစ်ခေါက် မှာတော့ ဝတ်ခိုင်းတဲ့ လူမပါဘဲ ဝတ်ချင်တဲ့ စိတ်နဲ့ကိုယ့်ဘာသာ ကိုယ်ဝတ်တာ။ အဲဒီ အချိန်မှာ တရားလည်း ပိုအားထုတ်ဖြစ်တယ်။ ပိုပြီးတော့လည်း စိတ်အားထက် သန်တယ်။ စိတ်နေ စိတ်ထားလည်းပြောင်း လဲသွားတယ်။ တအား လည်း အေးချမ်း သွားတယ်” လို့ပြောပါတယ်။ မိုးအောင်ရင်က ဘုန်းကြီး ဝတ်စဉ်က ‘မေဃစရ’ ဆိုတဲ့ ဘွဲ့နာမည် ဖြစ်ပြီး မေဃဆို တာက မိုး၊စရ ဆိုတာ က အောင်မြင်ခြင်း ဖြစ်တဲ့အတွက် မိုးအောင်ရင် ဆိုတဲ့ နာမည်ကိုပဲ ယူကာ ပထမ ဦးဆုံး ကိုရင် ဝတ်ကတည်းက ပေးခဲ့တဲ့ နာမည် (ဘွဲ့) ဖြစ်ကြောင်း ပြောပါတယ်။ မိုးအောင်ရင်က အသက် ၁၄ နှစ် တုန်းက ပဏ္ဍိတာ ရာမ ဘုန်းကြီးကျောင်း မှာ တစ်လလုံးကိုရင်ဝတ်ပြီး  ၃ နှစ်ဆက်တိုက် ယဉ်ကျေးလိမ္မာ သင်တန်း တက်ခဲ့ဖူးကြောင်း၊ ဘုန်းကြီး စာလည်း ကျက်ရကြောင်းပြောပါတယ်။
ဘုန်းကြီး ဝတ်လိုက်တဲ့အတွက် ရိုက်မယ့် ဇာတ်လမ်းကိုလည်း ဘုန်းကြီးဝတ်တဲ့ ဇာတ်လမ်းမျိုး ရှာလိုက်ကြောင်းပြောပါတယ်။ မိုးအောင်ရင်က အခုအချိန် မှာ ပြောချင် တာက သူ့ရဲ့စိတ်တွေ တအားငြိမ်းချမ်းသွားပြီး အခုမှပဲ လူကြီးတွေ ပြောတဲ့ စကားကို နားလည် သွားကြောင်း၊ အရင်က နားမလည်ခဲ့ဘဲ အခုမှ မိုးအောင်ရင် က လူဖြစ်တာလားလို့ ကိုယ့်ကိုယ်ကိုယ် ပြန်မေးရမှာ ဖြစ်ကြောင်း ပြောပါတယ်။ မိုးအောင်ရင်က အဘွား ဖြစ်သူနှင့် အတူ ရွှေဟံသာစံ ကျောင်းမှာ ဇူလိုင် ၂၄ ရက် နေ့၊ မနက် ၁၁ နာရီက ဆွမ်းဆက်ကပ် လှူဒါန်း ခဲ့ပါတယ်။
ခိုင်ဝေလွင်

No comments:

Post a Comment

Related Posts Plugin for WordPress, Blogger...