ဧဒင်အချစ်ပုံပြင်: မလိုချင်တဲ့ အမွေးတွေကို လေဆာနဲ့ဖယ်ရှားမယ်

Thursday 26 July 2012

မလိုချင်တဲ့ အမွေးတွေကို လေဆာနဲ့ဖယ်ရှားမယ်

လူ တစ်ယောက် ရဲ့ခန္ဓာကိုယ် မှာ လက်ဖဝါး နဲ့ခြေ ဖဝါး ကလွဲပြီး အမွေး မပေါက် တဲ့နေ ရာ မရှိဘူး ဆိုပေမယ့် တချို့နေရာတွေကျတော့ ပိုပြီးပေါက်တတ်တယ်နော်။ ဥပမာ-မုတ်ဆိတ်မွေး၊ ချိုင်းမွေး၊ နှုတ်ခမ်းမွေးတို့ပေါ့။ တချို့ဆိုရင် ခြေသလုံးမွေးတွေ၊ လက်မွေးတွေတောင် ရှည်တာကို တွေ့ရတတ်ပါတယ်။ ဒါဆိုရင်တော့ ကြည့်ရတာဆိုးတာပေါ့နော်။ ဒီလို လူတွေအတွက် အမွေးဖယ်ရှားနည်းတွေကတော့ အမျိုးမျိုးရှိပါတယ်။ ဒါပေမယ့် တချို့နည်းတွေက ကြာရင် အမွေးတွေပြန်ပေါက်လာတတ်တယ်နော်။ ဒါကြောင့် အမွေးတွေကို နောက်ထပ်ပြန်မထွက်လာစေတဲ့ လေဆာနဲ့အမွေးဖယ်ရှားနည်း လေးကို ဖော်ပြပေးလိုက်ပါတယ်။ လေဆာနဲ့ အမွေးဖယ်ရှားတယ်ဆိုတာကတော့ ...

(1) - ပထမဆုံး အမွေးဖယ်ရှားမယ့်နေရာ (ဥပမာ ချိုင်း၊ မုတ်ဆိတ်) ကို သန့်စင်ပေး ရပါတယ်။
(2) - ပြီးရင် မုတ်ဆိတ်ရိတ်ဓားနဲ့ အမွေးတွေကို ရိတ်ပေးပါတယ်။
(3) - အဲဒီနောက် အမွေးရိတ်ထားတဲ့ နေရာမှာ ဂျယ်သုတ်ပေးရပါတယ်။
(4) - ပြီးရင်တော့ လေဆာနဲ့ ပစ်ပေးရ ပါတယ်။
လေဆာပစ်ပြီးရင်တော့ ပေါင်ဒါလေးလိမ်းပေးလိုက်ရုံပါပဲ။ ဒီလိုလုပ်ပြီး ၂ ပတ်အတွင်း အမွေးတွေပြန်ထွက်လာရင် နုတ်မပေး ရပါဘူး။ ဒီလိုနည်းနဲ့ ၂ ပတ် ကို ၁ ခါနဲ့ ၆ ခေါက်၊ ၈ခေါက်လောက်လုပ်ပေး ရပါတယ်။ အဲဒီလို လုပ်ပြီးရင် ၄ လကို ၁ခါနဲ့ ၃ ခါ လောက်လုပ်ပြီးရင်တော့ အမွေးတွေ နောက်ထပ်မထွက်တော့ဘူးလို့ သိရပါတယ်။
ပြုလုပ်နိုင်တဲ့ နေရာတွေကတော့ ချိုင်း၊ မုတ်ဆိတ်၊ နှုတ်ခမ်း၊ လက်၊ ခြေ သလုံး၊ ပေါင်ခြံစတဲ့ အမွေးထူတဲ့နေရာ ဘယ်နေရာမှာမဆို ပြုလုပ်နိုင်ပါတယ်။ ဒီလိုလေဆာနဲ့ အမွေးဖယ်ရှားလို့ ရတဲ့နေရာကတော့ အမှတ် ၆၂ အေ၊ အခန်း အမှတ် ၄၊ ယောမင်းကြီးလမ်း၊ ဒဂုံမြို့နယ်မှာရှိတဲ့ Face Life Skin Beauty ဖုန်း - ၂၅၄၉၅၇၊ ဝ၉ ၂၀ ၃၄၇၄၆) မှာပါ။
ပန်းသွေးခြယ်

No comments:

Post a Comment

Related Posts Plugin for WordPress, Blogger...