ဧဒင်အချစ်ပုံပြင်: မြ၀တီမြို့လယ် အင်ပါယာ ရွှေဆိုင်အား သေနတ်ပစ်ဖောက် လုယက်ခဲ့သူများထဲတွင် ပါဝင်ခဲ့သူဟု ယူဆရသူတစ်ဦးအား ဖမ်းဆီးရမိ
Wednesday 25 July 2012
မြ၀တီမြို့လယ် အင်ပါယာ ရွှေဆိုင်အား သေနတ်ပစ်ဖောက် လုယက်ခဲ့သူများထဲတွင် ပါဝင်ခဲ့သူဟု ယူဆရသူတစ်ဦးအား ဖမ်းဆီးရမိ
မဲဆောက်။ ဇူလိုင် ၂၅
Photo: ဓာတ်ပုံ - ရဲရင့်မောင်။
မြန်မာ-ထိုင်း နယ်စပ်မြ၀တီမြို့လယ်တွင် ယခင်လ ၂၄ ရက် မွန်းလွဲပိုင်းက အင်ပါယာရွှေဆိုင် ကိုဓားပြ
ယနေ့ နံနက်တွင် မဲဆောက်-မြ၀တီချစ်ကြည်ရေး တံတားမှ တစ်ဆင့် မြန်မာအာဏာပိုင် 
များထံသို့လွဲပြောင်းပေးလိုက်သည်။
 နှစ်နိုင်ငံ ရဲတပ်ဖွဲ့ဝင်များ ပူးပေါင်းဆောင်ရွက် မှုဖြင့် ရွှေဆိုင် ကိုဓားပြတိုက်သူ သုံးဦးထဲမှ တစ်ဦးဟု
 ယူဆရသူ ကိုလင်း ၂၈ နှစ်ကို ယခုရက်ပိုင်း အတွင်းက ထိုင်းနိုင်ငံ ဘန်ကောက်မြို့၏ အကြီးဆုံး 
သစ်သီးဝလံဈေး ဖြစ်သည့် (တလာထိုင်းဈေး) တွင် ထိုင်းရဲက ဖမ်းဆီးခဲ့ပြီးနောက် ယမန်နေ့က
 မဲဆောက်သို့ပို့ဆောင်ခဲ့ပြီး ယနေ့တွင် ထိုင်းဘက် မှမြန်မာဘက်သို့ လွှဲပြောင်းပေးခဲ့ခြင်း ဖြစ်သည်။
Photo: တရားခံဟု ယူဆရသူအား လွှဲပြောင်းမှုကိုယနေ့နံနက်က ချစ်ကြည်ရေး တံတားတွင်ပြုလုပ်ခဲ့သည်။
ဓာတ်ပုံ - ရဲရင့်မောင်။
 တရားခံဟု ယူဆရသူ ကိုလင်း အားလက်ခံ ခဲ့သည့် မြ၀တီမြို့နယ်မှ ရဲမှူးကြီးက"တစ်ယောက်မိထားပြီး
 ဆိုတော့ မကြာခင်မှာ ကျန်တဲ့ လူတွေ ကိုလည်း ဖမ်းဆီးဖော်ထုတ်နိုင်မှာပါ"ဟုထိုင်းဘက်ရှိ 
သတင်းထောက် များကိုပြောကြားခဲ့သည်။
Photo: ဓာတ်ပုံ - ရဲရင့်မောင်။
 တရားခံဟုယူဆရသူအား လွှဲပြောင်းမှုကို ထိုင်းဘက်မှ လ၀ကဗိုလ်မှူးကြီး ယို့မနီးစောင် ဦးဆောင်
 သည့်အဖွဲ့နှင့် မြန်မာဘက်မှရဲမှူးကြီးမျိုးဇော် ဦးဆောင်သည့် အဖွဲ့တို့ တက်ရောက်ပြီး တရားခံဟု
 ယူဆရသူအား ဖမ်းဆီး ရမိမှုနှင့်ပတ်သက်၍ အသေးစိပ်ပြောကြား ရန် နှစ်ဘက် တာဝန်ရှိသူများ
 ကငြင်းဆိုခဲ့သည်။ 
ယနေ့လွှဲပြောင်းမှုသည် ယခင်လ ၂၄ ရက်နေ့ မွန်းလွှဲပိုင်းက မြ၀တီမြို့လယ်ရှိ 
အင်ပါယာရွှေဆိုင်ကို
စစ်သုံးမောင်းပြန် လက်နက်များ ကိုင်ဆောင်ထားသူ ၃ ဦးက သေနတ်များ
 ပစ်ဖောက်ကာ
 ရွှေထည်ပစ္စည်း ၂ ပိဿာခွဲခန့်ကို ယူဆောင်သွားခဲ့သည့် အမှု၏ နောက်ဆက်တွဲဖြစ်သည်။
Popular Myanmar Media
No comments:
Post a Comment
Related Posts Plugin for WordPress, Blogger...