ဧဒင်အချစ်ပုံပြင်: ဆင်ဖြူကျွန်းမှ ရန်ကုန်လာသည့် အဝေးပြေးယာဉ် လှည်းကူးအနီးတိမ်းမှောက်၍ တစ်ဦးသေ

Sunday 8 July 2012

ဆင်ဖြူကျွန်းမှ ရန်ကုန်လာသည့် အဝေးပြေးယာဉ် လှည်းကူးအနီးတိမ်းမှောက်၍ တစ်ဦးသေ

ဇူလိုင်(၇)ရက်နေ့ နေ့လည် ၂နာရီက ဆင်ဖြူကျွန်းမှ ရန်ကုန်သို့ ထွက်ခွာလာသော ရွှေပွင့်ဖြူယာဉ်လိုင်းမှ အဝေးပြေးမော်တော်ယာဉ် တစ်စီးသည် ဇူလိုင်(၈)ရက်နေ့ နံနက် ၄း၄၀ နာရီတွင် ရန်ကုန်-နေပြည်တော် အမြန်လမ်း မိုင်တိုင်အမှတ် ၁၁/၂ နှင့် ၁၁/၃ အကြား လက်ယာဘက်ရှေ့ ကားဘီးပေါက်၍ ၄င်း၏ရှေ့တွင် မောင်းနှင်နေသော ကားလေးတစ်စီးအား တိုက်မိပြီး ငမိုးရိပ်တံတား(ကမ်းနီ) အောက်သို့ ပြုတ်ကျသွားခဲ့ကြောင်း သိရသည်။

အတိုက်ခံရသော ကားလေးမှာလည်း လမ်းဘေးလယ်ကွင်းထဲသို့ ရောက်ရှိသွားပြီး အဆိုပါ ယာဉ်တိုက်မှုကြောင့် ရွှေပွင့်ဖြူယာဉ်လိုင်းမှ ယာဉ်မောင်းမှာ နေရာတွင် သေဆုံးခဲ့ပြီး ယာဉ်အကူနှင့် ခရီးသည် ၄ ဦး ဒဏ်ရာရရှိကာ လှည်းကူးဆေးရုံသို့ ပို့ဆောင်ကုသလျက်ရှိကြောင်း သိရသည်။
ကားလေးမှ ယာဉ်မောင်းနှင့် အဖော်တစ်ဦးမှာမူ ဘာထိခိုက်ဒဏ်ရာမှ မရရှိခဲ့ကြကြောင်း သိရသည်။
Source : EMG

No comments:

Post a Comment

Related Posts Plugin for WordPress, Blogger...