ဧဒင်အချစ်ပုံပြင်: ဦးဇော်ဇော်က လယ်သမားများကို အတိုးနှုန်း တစ်ကျပ်ဖြင့် ငွေ​ထုတ်​ချေးမည်

Tuesday 24 July 2012

ဦးဇော်ဇော်က လယ်သမားများကို အတိုးနှုန်း တစ်ကျပ်ဖြင့် ငွေ​ထုတ်​ချေးမည်

2990-U-Zaw-Zaw
မြန်မာနိုင်ငံ ဘောလုံးအဖွဲ့ချုပ် ဥက္ကဋ္ဌနှင့် Max Myanmar ကုမ္ပဏီ ဥက္ကဋ္ဌ ဖြစ်သူ ဦးဇော်ဇော်က ဧရာဝတီ တိုင်းဒေသကြီးအတွင်းမှ လယ်ဧက ၅၀၀၀၀ ကျော်တွင် ယခုနှစ် စပါး စိုက်ပျိုးကြမည့် လယ်သမားများအား ငွေကျပ် တစ်ရာလျှင် အတိုး တစ်ကျပ်နှုန်းဖြင့် ငွေထုတ်ချေး ပေးသွားမည် ဖြစ်ကြောင်း သတင်းရရှိသည်။
“ပြီးခဲ့တဲ့နှစ်က လယ်သမားတွေ စပါးအထွက်နှုန်း လျော့တယ်။ အရှုံးပေါ်ကြတယ်။
ငွေချေး ထားတာတွေ ပြန်မဆပ်နိုင်တဲ့အထိ ဖြစ်ကြတယ်။ အဲဒါကို ကူညီတဲ့အနေနဲ့ ထုတ်ချေးပေးသွားမှာပါ။” ဟု ဦးဇော်ဇော်က ပြောကြားခဲ့သည်။
အဆိုပါ ချေးငွေကိုပါး ပေါ်ချိန်မှသာပြန်လည်ပေးဆပ်ရန် သတ်မှတ်ထားကြောင်း၊ မည်သည့်နေရာတွင် စပါး ရောင်းရမည်ကို သတ်မှတ်ချက် မရှိကြောင်း၊ ယခင်နှစ်က အတိုးနှုန်းကို နှစ်ကျပ် သတ်မှတ်ခဲ့ကြောင်းနှင့် စုစုပေါင်း တစ်ဧကလျှင် ငါးသောင်းကျပ်နှုန်းဖြင့် သိန်းပေါင်း နှစ်သောင်းခွဲ ထုတ်ချေးထားကြောင်းလည်း ဦးဇော်ဇော်က ပြောပြခဲ့သည်။
အစိုးရနှင့် နီးစပ်သည့် လုပ်ငန်းရှင်များက လယ်သမားများကို ယင်းကဲ့သို့ ချေးငွေများ ထုတ်ချေးပေးမှုအား ၂၀၀၉ ခုနှစ်ကတည်းကပင် စတင်ခဲ့ကြခြင်း ဖြစ်ပြီး အတိုးနှုန်းအဖြစ် ငွေတစ်ရာလျှင် နှစ်ကျပ်နှုန်းဖြင့် တစ်ဧကလျှင် ငွေကျပ် ခြောက်သောင်းစီ စတင် ထုတ်ချေး ခဲ့ကြကြောင်း သိရသည်။
ရန်ကုန် တိုင်းဒေသကြီးတွင်ရှိသော လယ်သမားများအတွက် ပြည်ခိုင်ဖြိုး ပါတီက တစ်ဧကလျှင် ငွေကျပ် ၇၀၀၀ ကျပ်စီကို အတိုးနှုန်း တစ်ကျပ်ခွဲဖြင့် ၂၀၁၀ ခုနှစ်ကတည်းက ထုတ်ချေး ပေးနေခဲ့သည်များလည်း ရှိကြောင်း သိရသည်။
---
Photo by ပြည်ချစ်မေ (ရွှေလုံး).

No comments:

Post a Comment

Related Posts Plugin for WordPress, Blogger...