ဇူလိုင်လ ၁၄ ရက်နေ့ မနက်က လှိုင်သာယာမြို့နယ် ၊ ညောင်ရွာအုပ်စု ၊
ဒိုင်စုကျေးရွာတွင် ခရစ်ယာန်အသင်းတော်မှ ကျွေးမွေးသည့်
ကြက်ဥချဉ်ရည်ဟင်းနှင့်၊ ဂေါ်ဖီကြော်အား စားသုံးရာမှ
အစာအဆိပ်သင့်မှုဖြစ်ပွားပြီး (၈၆)ဦး ဆေးကုသမှု ခံယူခဲ့ရကြောင်း သိရသည်။
ကြက်ဥချဉ်ရေဟင်းနဲ့ ဂေါ်ဖီကြော်ကိုစားပြီး အော့အန်မူးဝေတာ ၊
ဝမ်းသွားတာတွေဖြစ်ပြီး ဆေးရုံကို သူ့တို့ဘာသာ လမ်းလျှောက်လာကြသလို
မြို့နယ်အုပ်ချုပ်ရေးမှူး ရဲ့အစီအစဉ်နဲ့ လိုက်ပို့ပေးတာတွေလဲ
ရှိကြောင်း
သိရသည်။
အစာအဆိပ်သင့်သူ အများစုကတော့ အသက်သုံးနှစ်နဲ့ ၁၂ နှစ်ကြား
ကလေးတွေဖြစ်ပြီး လူကြီး (၁၀)ယောက်ခန့်လောက်သာ ပါဝင်တယ်လို့
သိရပါတယ်။ လိုအပ်တဲ့ကုသမှုတွေကို အခမဲ့ ကုသပေးခဲ့ပြီး ဇူလိုင်လ ၁၅ ရက်နေ့
မနက်မှာ ဆေးရုံက အားလုံးဆင်းသွားကြတယ်လို့ သိရပါတယ်။
Source : EMG
No comments:
Post a Comment