ဧဒင်အချစ်ပုံပြင်: မကွေးတိုင်း ပွင့်ဖြူတွင် လူတစ်ဦးအား ဓါးဖြင့်ခုတ်သတ်ခံရ

Wednesday 25 July 2012

မကွေးတိုင်း ပွင့်ဖြူတွင် လူတစ်ဦးအား ဓါးဖြင့်ခုတ်သတ်ခံရ

မကွေးတိုင်း ပွင့်ဖြူမြို့နယ်တွင် အသက်(၅၀)နှစ်အရွယ် ဦးရဲဝင်းဆိုသူ အမျိုးသားတစ်ဦးဟာ ဇူလိုင်(၂၅)ရက်နေ့ မနက်ပိုင်းက ရွာဘုန်းတော်ကြီးကျောင်းတွင် ရပ်ရွာသာရေးနာရေးအတွက် ဆွေးနွေးပြီး ဆိုင်ကယ်ဖြင့် ပြန်လာစဉ် လမ်းခုလတ်၌ ဓါးဖြင့် အခုတ်ခံရတဲ့အတွက် ရရှိသော ဒဏ်ရာများဖြင့် သေဆုံးသွားခဲ့ကြောင်း သိရသည်။
ဦးရဲဝင်း၏ ခေါင်းကို အခုတ်ခံထားရပြီး ရေထဲနှစ်ထားကို တွေ့ရှိခဲ့ရကြောင်း ဦးရဲဝင်းမသေခင် တွေ့ခဲ့သူတစ်ဦးက ပြောသည်။ ဦးရဲဝင်း၏တူ မောင်စိုးနိုင်ထွန်းနှင့် ၎င်းအတူရှိစဉ် ဦးရဲဝင်းဟာ မသေဆုံးသေးတဲ့အတွက် ဘယ်သူလုပ်တာလဲမေးရာ ကိုဝင်းမော်နှင့်
အပေါင်းအပါ(၈)ယောက်က လုပ်ခဲ့တာဖြစ်ကြောင်း ပြောခဲ့သည်ဟု သိရသည်။ ဒဏ်ရာရရှိထားသော ဦးရဲဝင်းအား ရဲစခန်းသို့ လှည်းစွတ်နဲ့ ခေါ်အသွား လမ်းတွင် သေဆုံးသွားခဲ့တာဖြစ်ကြောင်းလည်း သိရသည်။
သေဆုံးသူ ဦးရဲဝင်းဟာ NLD ထောက်ခံသူတစ်ဦးဖြစ်ပြီး ၎င်းအား ဓါးဖြင့်ခုတ်ရာ၌ ဦးဆောင်ခဲ့သူဟု ၎င်းထွက်ဆိုသွားခဲ့သော ကိုဝင်းမော်မှာ ကြံ့ဖွံ့ အုပ်ချုပ်ရေးမှူးဟောင်း ဖြစ်ကြောင်းလည်း သိရသည်။
ကိုဝင်းမော်က ၎င်းအုပ်ချုပ်ရေးမှူးလုပ်စဉ်ကာလတွင် အခွန်အခများ မတရား ကောက်ခံထားငွေ သိန်းရာချီရှိတာကို ဦးရဲဝင်းဦးဆောင်ပြီး ကျေးရွာရှိ ရွာသူ ၊ ရွာသားများက မြို့နယ်အုပ်ချုပ်ရေးမှူးအား လက်မှတ်ဝိုင်းထိုးတိုင်တာကို အခဲမကြေတဲ့အတွက် အခုလို ဦးရဲဝင်းအား ဓါးဖြင့်ခုတ် လုပ်ကြံသတ်ခဲ့တာဖြစ်ကြောင်း သံသယရှိနေခဲ့ကြတာပါ။
လူသတ်တရားခံများကို အာဏာပိုင်များက အရေးယူမှု ရှိ ၊ မရှိဆိုတာကိုလည်း ဒေသခံများက စောင့်ကြည့်လျက်ရှိကြောင်း သိရသည်။
Source : RFA

1 comment:

  1. သတင်းလေးတွေအတွက်ကျေးဇူးပါ

    ReplyDelete

Related Posts Plugin for WordPress, Blogger...