မန္တလေးတိုင်း နွားထိုးကြီးမြို့နယ် အရှေ့ဘက် ရှစ်မိုင်အကွာနှင့်
မန္တလေး-မြင်းခြံလမ်းမှ တောအတွင်း
နှစ်မိုင်ခန့်အကွာတွင်ရှိသည့် မင်းစုံတောင်ခြေရှိ တောင်ကုန်းများ
မိုးရွာခြင်း၊ ငလျင်လှုပ်ခြင်းမရှိဘဲ အလိုလျောက် မြေလွှာအက်ကွဲပြိုကျကာ
စိမ့်ရေထွက်ခြင်းများ ဖြစ်ပေါ်လျက်ရှိသည်ဟု သိရသည်။
ဇူလိုင်လ ၈ ရက်နေ့က ဖြစ်ပေါ်ခဲ့သော ထိုတောင်ပြိုကျရာ တောင်ကုန်းနေရာတွင်
ယခုအခြေအနေထိ မြေလွှာအက်ကွဲကြောင်းများ ဖြစ်ပေါ်လျက်ရှိပြီး သစ်ပင်များ
ပြိုလဲခြင်း၊
ပြိုပျက်ပြီး မြေသားများမှာ လှိုဏ်ခေါင်းသဖွယ်
ဖြစ်ပေါ်လျက်ရှိခြင်း၊ စိမ့်ရေများ ထွက်ရှိလျက်ရှိရာ မြေပြိုကျမှုများ
ဆက်လက်ဖြစ်ပေါ်နိုင်သည့် အခြေအနေများ ရှိကြောင်းလည်း သိရသဖြင့်
လာရောက်ကြည့်ရှုကြသူများအား သတိပေးစာ ကပ်ထားကြောင်း သိရသည်။
ထိုသို့ တောင်ပြို၍ မြေများပြိုကျရာတွင် အလျားပေ ၃၅၀ခန့် ၊ အနံပေ ၁၃၀
ခန့် ၊ အနက် ၂၅ပေ ခန့်အောက်သို့
မြေကျွံကျခဲ့ခြင်းဖြစ်ပေါ်ကာ မြေအက်ကြောင်းများမှာ ၂ ပေ အကျယ် ပေ ၃၀
ကျော်အထိ ရှည်လျားကြောင်းလည်း သိရသည်။
Source : EMG
No comments:
Post a Comment