ဧဒင်အချစ်ပုံပြင်: လူလားမမြောက်သေးသော သန္ဓေသား(၂၀၀)ကျော်ကို ရုရှားတောထဲမှာတွေ့ရှိ

Friday 27 July 2012

လူလားမမြောက်သေးသော သန္ဓေသား(၂၀၀)ကျော်ကို ရုရှားတောထဲမှာတွေ့ရှိ

ရုရှားနိုင်ငံ Urals တောင်ဘက်ပိုင်းက ရွာသူရွာသားတွေဟာ လူလားမမြောက်သေးသော သန္ဓေသား(၂၀၀)ကျော်ကို ရုရှားတောထဲမှာ တွေ့ရှိခဲ့ရတဲ့အတွက် အံ့အားတသင့် ဖြစ်ခဲ့ရပါတယ်။
အဲဒီသန္ဓေသား (၂၄၈)ကို စည်ကြီးလေးခုထဲ ထည့်ထားပြီး တောထဲလာစွန့်ပစ်ခဲ့ဟန် တူကြောင်းလည်း သိရသည်။
Yekaterinburg နဲ့ Nizhny မြို့များကို မိုင်အနည်းငယ် ဝေးကွာသွားတဲ့ အဝေးပြေးလမ်းမနဘေး တောထဲမှာ တွေ့ခဲ့ကြတာဖြစ်ပြီး စည်အတွင်းက သန္ဓေသားများဟာ မျိုးရိုးနာမည် ရေးထိုး tag လုပ်ထားခြင်း ၊ နံပါတ်များ ပါရှိခြင်းတို့ကိုလည်း တွေ့ရပါတယ်။
၎င်းစည်အတွင်းရှိသန္ဓေသားများကို အနံ့ပြင်းပြီး အရောင်မဲ့တဲ့ မော်မယ်ဒီဟိုက်ဓါတ်ငွေ့များနဲ့
ထည့်စိမ်ထားတယ်လို့လည်း သိရပါတယ်။
ရဲတွေကတော့ ဒေသတွင်းက ဆေးရုံလေးရုံကို ဒီစည်တွေ လာပစ်ထားမှုအတွက် သံသယရှိနေကြောင်းလည်း သိရသည်။
Source : Fox News

1 comment:

  1. အော်...ကလေးတွေတော့...သနားပါတယ်...

    ReplyDelete

Related Posts Plugin for WordPress, Blogger...