ဧဒင်အချစ်ပုံပြင်: ရှော့တိုက် ငါးဖမ်းဆီးခြင်းကြောင့် ဧရာဝတီ လင်းပိုင် မျိုးသုဉ်းတော့မည်

Friday 27 July 2012

ရှော့တိုက် ငါးဖမ်းဆီးခြင်းကြောင့် ဧရာဝတီ လင်းပိုင် မျိုးသုဉ်းတော့မည်

ဧရာဝတီမြစ် အတွင်း ဘက်ထရီဖြင့် ရှော့တိုက် ငါးဖမ်းခြင်း၊ လျှပ်စစ် အင်ဂျင်ဖြင့် ရှော့တိုက် ငါးဖမ်းခြင်း များကြောင့် ဧရာဝတီ လင်းပိုင်များ မျိုးသုဉ်းမှု အန္တရာယ်ဖြင့်ကြုံတွေ့နေရကြောင်း ယခုနှစ်မေလအတွင်း သွားရောက်ခဲ့သည့် ဧရာဝတီ လင်းပိုင်ထိန်းသိမ်းရေးခရီးစဉ်တွင် ပါဝင်သူတစ်ဦးက ပြောကြားသည်။
“၂၀၁၁ နဲ့ ၂၀၁၂ ထဲမှာ ရှော့ တိုက်လှေတွေ ပိုများလာတာကို ဝမ်းနည်းဖွယ် တွေ့ရတယ်” ဟု ゞင်းဒေသသို့ နှစ်စဉ် သွားရောက် သူ ဦးစိန်မျိုးမြင့်ကဆိုသည်။ ဘက်ထရီရှော့၊ လျှပ်စစ် အင်ဂျင်ရှော့ဖြင့် ငါးဖမ်းဆီးခြင်း သည် ပိုက်သမား၊ ကွန်သမားများ ဖမ်းဆီးရန်ခက်ခဲသည့် ငါးကြီးများရရှိစေပြီး ငါးသေး၊ ငါးငယ် များအပြင် ရေနေသတ္တဝါများ၊ ရေနေငှက်များ၏ အစာဖြစ်သော ရေနေဂေဟစနစ်အတွက် အရေးပါ သည့် ရေနေပိုးမွှားများ ပျက်စီး ကာ ရေသတ္တဝါများအား ကြီးမား သောအန္တရာယ်ဖြစ်စေသည်။ ယခုနှစ်ဧပြီလအတွင်း ယင်း ဒေသသို့ဗီဒီယိုမှတ်တမ်းရိုက်ကူးရန် သွားရောက်ခဲ့သူတစ်ဦးကလည်း ဧရာဝတီလင်းပိုင် အများဆုံး နေ ထိုင်ရာ အင်းတောင်း၊ မှော်ဦး၊ မြစ်
ကမ်းကြီးတစ်ဝိုက်တွင် ရှော့လှေ ၁၀ စင်းတွေ့ရှိခဲ့ကြောင်း ပြော ကြားသည်။
ဧရာဝတီလင်းပိုင်များကို ဧရာဝတီမြစ်ထဲတွင် စတင်တွေ့ရှိ ခဲ့၍ မြန်မာနိုင်ငံမှာတွေ့သော ငါးမျိုးစိတ်အသစ်တစ်ခုအနေဖြင့် ကမ္ဘာတွင် မှတ်တမ်းပြုခဲ့ခြင်း ဖြစ် သည်။ ငါးလုပ်ငန်းဦးစီးဌာန မှတ် တမ်းအရ ၂၀ဝ၂ ခုနှစ်မှစတင်ကာ ဧရာဝတီလင်းပိုင်နှင့် ပတ်သက် သော လေ့လာမှုများကို စတင်ခဲ့ပြီး မင်းကွန်းနှင့် ကျောက်မြောင်းမြို့ ကြားဒေသတွင် လင်းပိုင် ၂၄ ရာ ခိုင်နှုန်းခန့်ရှိခြင်း၊ လူနှင့်လင်းပိုင် ပူးပေါင်း၍ ငါးဖမ်းသည့် ဓလေ့ စရိုက်ရှိခြင်းတို့ကြောင့် ထိန်းသိမ်း ရေးနယ်မြေအဖြစ် ၂၀ဝ၅ ခုနှစ် ဒီဇင်ဘာလ ၂၈ ရက်နေ့တွင် သတ်မှတ်ခဲ့သည်။
ဧရာဝတီမြစ်အတွင်းရှိ ဧရာ ဝတီလင်းပိုင်များ မြစ်အတွင်း ဖြန့် ကြက်နေထိုင်မှုကို အပြည့်အဝ သိရှိနိုင်ရန် ၂၀ဝ၂ ခုနှစ် နိုဝင်ဘာ လနှင့် ဒီဇင်ဘာလများက ပထမ ဆုံးအကြိမ် လေ့လာမှုပြုလုပ်ခဲ့ရာ ဗန်းမော်နှင့်မင်းကွန်းကြား၌ လင်း ပိုင် ၃၇ ကောင် တွေ့ရှိခဲ့ကြောင်း၊ ၂၀ဝ၃ ခုနှစ် ဒီဇင်ဘာလတွင် မန္တလေးနှင့် ဗန်းမော်ကြား ဧရာ ဝတီမြစ်ကြောင်းအတိုင်း အစုန် အဆန် လေ့လာမှုများပြုလုပ်ခဲ့ရာ လင်းပိုင် ၅၉ ကောင်၊ ၂၀ဝ၄ ခုနှစ်ဒီဇင်ဘာလတွင် ၇၂ ကောင် ရှိ ကြောင်း သိရသည်။
ဦးစိန်မျိုးမြင့်က “ဧရာဝတီ မြစ်ကြောင်းတစ်လျှောက်လုံးမှာ လင်းပိုင်ကအများဆုံး ၈၉ ကောင် ကနေ အနည်းဆုံး ၇၀ လောက်ပဲ ရှိတော့မယ်။ မင်းကွန်းနဲ့ ကျောက် မြောင်းကြားမှာ ၂၁ ကောင်လောက် ပဲရှိတယ်”ဟု ဇူလိုင် ၁၆ ရက်နေ့ တွင်ပြောသည်။ မင်းကွန်းနှင့် ကျောက်မြောင်း မြို့ ကြားဒေသတွင် လင်းပိုင် ၂၄ ရာခိုင်နှုန်းခန့် နေထိုင်ပြီး လူနှင့် လင်းပိုင်ပူးပေါင်း၍ ငါးဖမ်းသည့် ဓလေ့စရိုက်ကြောင့် လူစိတ်ဝင် စားမှုများကြောင်း၎င်းကဆိုသည်။
သို့သော်လည်း ယခုနှစ် အတွင်း သွားရောက်ခဲ့သောခရီးစဉ်တွင် လင်းပိုင်များမှာ ကွန်ပစ် ရေလုပ်သားများနှင့်တွဲဖက်ကာ ငါးဖမ်းဆီးမှုနည်းပါးပြီး လင်းပိုင် များအား ခေါ်ဆိုရန် ခက်ခဲလာ ကြောင်း၊ လင်းပိုင်များ ၁၀ ကောင် နဲ့အထက် အုပ်စုဖွဲ့နေကြပြီး စက် တပ်လှေဆူညံသံများကြောင့်ထွက် ပြေးမှုရှိလာကြောင်း ၄င်းကဆက် လက်ပြောကြားသည်။ ဘက်ထရီရှော့၊ လျှပ်စစ် အင်ဂျင်ရှော့ဖြင့် ငါးဖမ်းဆီးခြင်း ကို ဧရာဝတီမြစ်ကြောင်းတစ် လျှောက်တွင် ကြုံတွေ့နေရပြီး စီမံ ချက်ချကာ အရေးယူသင့်ကြောင်း ဧရာဝတီလင်းပိုင် လေ့လာသူများ က ဆိုသည်။
မနောထွန်း

No comments:

Post a Comment

Related Posts Plugin for WordPress, Blogger...