ဧဒင်အချစ်ပုံပြင်: ပတ်စ်ပို့လုပ်လိုသူများသတိထား

Friday 27 July 2012

ပတ်စ်ပို့လုပ်လိုသူများသတိထား

(၂၀-၇-၂၀၁၂)ရက်နေ့တွင်မြဝတီမြို့တွင်နေထိုင်သောအဇော်၊ကိုမင်းမင်းကျော်နှင့်ကိုမောင်တိုးတို့သည် PVAရုံးသို့ရောက်ရှိလာပြီးမဲဆောက်မြို့မယ်တော်ရပ်နေမသီတာအေးဆိုသူသည်၎င်းတို့အားပတ်စပို့ လုပ်ပေးမည်ဆို၍အဇော်ထံမှငွေ(၆၀၀၀)ဘတ်၊ကိုမင်းမင်းကျော်ထံမှ(၁၆၀၀၀)ဘတ်နှင့်ကိုမောင်တိုးထံမှ (၈၅၀၀)ဘတ်စုစုပေါင်း(၂၀၅၀၀)ဘတ်အား(၂၀-၆-၂၀၁၂)ရက်နေ့တွင်(၂)ဂိတ်တွင်ယူဆောင်
သွားခဲ့ကြောင်းနှင့် (၁၀)ရက်ကြာလျှင်လုပ်ပေးမည်ဟုကတိပေးခဲ့သော်လည်းယနေ့ထိတိုင်အောင်
လုပ်ပေးခြင်းမရှိသောကြောင့် ၎င်းကိစ္စအားကူညီဖြေရှင်းပေးပါရန်အကူအညီတောင်းခံ
လာပါသည်။ထို့ကြောင့်PVAရုံးသည်မသီတာအေးအား ရုံးသို့ဆင့်ခေါ်ခဲ့ပြီးမေးမြန်းရာ၎င်းတို့(၃)ဦး
ထွက်ဆိုခဲ့သကဲ့သို့မှန်ကန်ကြောင်းဝန်ခံခဲ့ပြီးငွေများကို ပြန်လည်ပေးမည်ဖြစ်ကြောင်းကတိပြုခဲ့ပါသည်။
ထို့နောက်PVAရုံးသည်ပေးဆပ်ရန်ငွေများကို၊မှန်မှန်ကန်ကန်ဖြင့်ရုံးမှ တဆင့်ပေးဆပ်နိုင်ရန်ဝန်ခံ
ကတိပြုစာချုပ်စာတမ်းများချုပ်ဆိုပေးခဲ့ပြီးစာချုပ်ပါအချက်များနှင့်အညီပေးဆပ်ရမည့်ငွေများ ကိုမသီတာအေးက(၂၄-၂၀၁၂)ရက်နေ့တွင်PVAရုံးသို့လာရောက်ပြီးသက်ဆိုင်သူ အသီးသီးကိုပေးဆပ်ပေးစေခြင်းဖြင့်ပြဿနာကိုဖြေရှင်းပေးခဲ့ပါသည်။

No comments:

Post a Comment

Related Posts Plugin for WordPress, Blogger...