ဧဒင်အချစ်ပုံပြင်: သုဝဏ္ဏ ရေနံ့သာလမ်းထဲသို့ ၁၆ ဘီးကား ၀င်ရောက်ရာမှ ရပ်ကွက်တွင်း နေထိုင်သူများ ၀ိုင်းဝန်းကန့်ကွက်

Tuesday 11 December 2012

သုဝဏ္ဏ ရေနံ့သာလမ်းထဲသို့ ၁၆ ဘီးကား ၀င်ရောက်ရာမှ ရပ်ကွက်တွင်း နေထိုင်သူများ ၀ိုင်းဝန်းကန့်ကွက်

သုဝဏ္ဏ ရေနံ့သာလမ်းထဲသို့ ၁၆ ဘီးကား ၀င်ရောက်ရာမှ ရပ်ကွက်တွင်း နေထိုင်သူများ ၀ိုင်းဝန်းကန့်ကွက် 
 
TUESDAY, 11 DECEMBER 2012 11:52

သင်္ဃန်းကျွန်းမြို့နယ်၊ သုဝဏ္ဏ ၂၄ ရပ်ကွက်၊ ရေနံ့သာလမ်းထဲသို့ ဘူဒိုဇာတင်ဆောင်လာသော ၁၆ ဘီး ကားကြီးတစ်စီး ၀င်ရောက်လာရာမှ ရပ်ကွက်နေပြည်သူများ ၀ိုင်းဝန်းကန့်ကွက်မှုတစ်ခု ဒီဇင်ဘာ ၁၀ ရက်နေ့ ညပိုင်းက ဖြစ်ပွား ခဲ့ကြောင်း သတင်းရရှိသည်။

သုဝဏ္ဏ ၂၄ ရပ်ကွက်၊ ရေနံ့သာလမ်းထိပ်တွင် '၆ တန်အထက် မ၀င်ရ'ဟူသော ဆိုင်းဘုတ်ထားရှိပြီး အဆိုပါ ၁၆ ဘီးယာဉ်မှာ ဒီဇင်ဘာ ၁၀ ရက်နေ့ ည ၉ နာရီခန့်တွင် လမ်းထဲသို့ ၀င်ရောက်လာခြင်းဖြစ်သည်။

၎င်းယာဉ်မှာ အေးရိပ်ငြိမ်း ကုမ္ပဏီမှဖြစ်ကြောင်း သိရပြီး ယင်းကုမ္ပဏီမှ အင်ဂျင်နီယာဦးထိန်ဝင်းကို ရပ်ကွက်အုပ်ချုပ်ရေးမှူးရုံး၌ ခေါ်ယူမေးမြန်းခဲ့ရာ ၄င်းက အေးရိပ်ငြိမ်းဆောက်လုပ်ရေးမှ ဖြစ်ကြောင်း၊ အိုးအိမ်၏ ညွှန်ကြားချက်အရ လာ ရောက်ရှင်းလင်းရခြင်းဖြစ်ကြောင်း ပြောပြခဲ့သည်ဟု သိရသည်။

''ဒီနေ့နံနက်ပိုင်းကတောင် အ. မ.က(၁၇) ကျောင်းဘေးက မြေကွက်လပ်ကို မြက်လာရှင်းသွားသေးတယ်။ ည ၉ နာရီလောက်မှာ အဲဒီ ၁၆ ဘီးကားက ဘူဒိုဇာကိုတင်ပြီး လမ်း ထဲဝင်လာတယ်။ လမ်းထိပ်မှာ ၆ တန်အထက်မ၀င်ရဆိုတဲ့ ဆိုင်းဘုတ်လည်းရှိတယ်။ အဲဒီကားကြောင့် လမ်းဘေးက ရေပိုက်ကိုကြိတ်မိပြီး ပျက်စီးသွားတယ်။ အဲဒီကားက ရေနံ့သာလမ်းကနေတစ်ဆင့် လမ်းကြားထဲဝင်ဖို့ လုပ်သေးတယ်။ မူလ တန်းကျောင်းဘေးက မြေကွက်လပ်ကို ရှင်းဖို့အတွက်လို့ဆိုတယ်။ အဲဒီကားကြီး ၀င်လာတာကနေစပြီး ရပ်ကွက်ထဲမှာနေတဲ့သူတွေနဲ့ ပြဿနာစဖြစ်တာပါ။ ရပ်ကွက်ရုံးကို ခွင့်ပြုချက်တောင်းထားတာမျိုးလည်း မရှိပါဘူး''ဟု ရေနံ့သာလမ်းတွင် နေထိုင် သူတစ်ဦးက ပြောပြသည်။


ရေနံ့သာလမ်းထဲသို့ ၀င်ရောက်လာသော ၁၆ ဘီးကားကိုတွေ့ရပုံ

အေးချမ်းမွန်မှ Eleven Media Group တွင်ဖော်ပြသော သတင်းကို မူရင်းအတိုင်းမျှဝေခြင်းဖြစ်ပါသည်။
ရေနံ့သာလမ်းထဲသို့ ၀င်ရောက်လာသော ၁၆ ဘီးကားကိုတွေ့ရပုံ
သင်္ဃန်းကျွန်းမြို့နယ်၊ သုဝဏ္ဏ ၂၄ ရပ်ကွက်၊ ရေနံ့သာလမ်းထဲသို့ ဘူဒိုဇာတင်ဆောင်လာသော ၁၆ ဘီး ကားကြီးတစ်စီး ၀င်ရောက်လာရာမှ ရပ်ကွက်နေပြည်သူများ ၀ိုင်းဝန်းကန့်ကွက်မှုတစ်ခု ဒီဇင်ဘာ ၁၀ ရက်နေ့ ညပိုင်းက ဖြစ်ပွား ခဲ့ကြောင်း သတင်းရရှိသည်။
သုဝဏ္ဏ ၂၄ ရပ်ကွက်၊ ရေနံ့သာလမ်းထိပ်တွင် '၆ တန်အထက် မ၀င်ရ'ဟူသော ဆိုင်းဘုတ်ထားရှိပြီး အဆိုပါ ၁၆ ဘီးယာဉ်မှာ ဒီဇင်ဘာ ၁၀ ရက်နေ့ ည ၉ နာရီခန့်တွင် လမ်းထဲသို့ ၀င်ရောက်လာခြင်းဖြစ်သည်။
၎င်းယာဉ်မှာ အေးရိပ်ငြိမ်း ကုမ္ပဏီမှဖြစ်ကြောင်း သိရပြီး ယင်းကုမ္ပဏီမှ အင်ဂျင်နီယာဦးထိန်ဝင်းကို ရပ်ကွက်အုပ်
ချုပ်ရေးမှူးရုံး၌ ခေါ်ယူမေးမြန်းခဲ့ရာ ၄င်းက အေးရိပ်ငြိမ်းဆောက်လုပ်ရေးမှ ဖြစ်ကြောင်း၊ အိုးအိမ်၏ ညွှန်ကြားချက်
အရ လာ ရောက်ရှင်းလင်းရခြင်းဖြစ်ကြောင်း ပြောပြခဲ့သည်ဟု သိရသည်။

''ဒီနေ့နံနက်ပိုင်းကတောင် အ. မ.က(၁၇) ကျောင်းဘေးက မြေကွက်လပ်ကို မြက်လာရှင်းသွားသေးတယ်။ ည ၉ နာရီလောက်မှာ အဲဒီ ၁၆ ဘီးကားက ဘူဒိုဇာကိုတင်ပြီး လမ်း ထဲဝင်လာတယ်။ လမ်းထိပ်မှာ ၆ တန်အထက်မ၀င်
ရဆိုတဲ့ ဆိုင်းဘုတ်လည်းရှိတယ်။ အဲဒီကားကြောင့် လမ်းဘေးက ရေပိုက်ကိုကြိတ်မိပြီး ပျက်စီးသွားတယ်။ 
 
အဲဒီကားက ရေနံ့သာလမ်းကနေတစ်ဆင့် လမ်းကြားထဲဝင်ဖို့ လုပ်သေးတယ်။ မူလ တန်းကျောင်းဘေးက မြေ
ကွက်လပ်ကို ရှင်းဖို့အတွက်လို့ဆိုတယ်။ အဲဒီကားကြီး ၀င်လာတာကနေစပြီး ရပ်ကွက်ထဲမှာနေတဲ့သူတွေနဲ့ ပြဿ
နာစဖြစ်တာပါ။ ရပ်ကွက်ရုံးကို ခွင့်ပြုချက်တောင်းထားတာမျိုးလည်း မရှိပါဘူး''ဟု ရေနံ့သာလမ်းတွင် နေထိုင် သူ
တစ်ဦးက ပြောပြသည်။


 
Eleven Media Group

No comments:

Post a Comment

Related Posts Plugin for WordPress, Blogger...