ဧဒင်အချစ်ပုံပြင်: ရခိုင်အရေးအခင်းတွင် ကြိုးကိုင်လှုပ်ရှားခဲ့သူဟု သံသယဖြစ်ရသူ ဒေါက်တာထွန်းအောင်နှင့် အဖွဲ့ကို ထိန်းသိမ်းလိုက်ပြီ

Monday 11 June 2012

ရခိုင်အရေးအခင်းတွင် ကြိုးကိုင်လှုပ်ရှားခဲ့သူဟု သံသယဖြစ်ရသူ ဒေါက်တာထွန်းအောင်နှင့် အဖွဲ့ကို ထိန်းသိမ်းလိုက်ပြီ

ရခိုင်အရေးအခင်းတွင် နောက်ကွယ်မှ ကြိုးကိုင်လှုပ်ရှားခဲ့သူဟု သံသယဖြစ်ရသူ မောင်တောတွင်နေထိုင်သည့် ရိုဟင်ဂျာခေါင်းဆောင်တစ်ဦး ဖြစ်သည့် ဒေါက်တာထွန်းအောင်နှင့် အခြားသူနှစ်ဦးကို ထိန်းသိမ်းလိုက်ကြောင်း အမည်မဖော်လိုသူ အစိုးရ အရာရှိကြီးတစ်ဦးက ထုတ်ဖော်ပြောကြားသည်။
“ သူ့ကို ဟိုမှာပဲ စစ်ဆေးနေပါတယ်။ရန်ကုန်ကိုခေါ်မလာသေးပါဘူး” ဟု ထိုသူကပြောသည်။
အခြားသတင်းအရင်းအမြစ်တစ်ခုမှလည်း ထိုသတင်းမှန်ကန်ကြောင်း အတည်ပြုပေးသည်။
သက်သေအထောက်အထားများနှင့်အတူ လက်ရ ဖမ်းမိခြင်းဟုလည်း သိရသည်။
ဒေါက်တာထွန်းအောင်၏ သမီးဖြစ်သူကိုလည်း စစ်တွေမှရန်ကုန်သို့ လေယာဉ်ဖြင့် မထွက်ခွာမီ ထိန်းသိမ်းနိုင်ခဲ့သည်ဟုသတင်းရရှိသည်။
“စုံစမ်းစစ်ဆေးမှုတွေဆက်လက်လုပ်သွားမှာဖြစ်ပါတယ်” ဟု အဆိုပါ အရာရှိကြီးကပြောကြားသည်။
by-ရန်ကုန်းတိုင်းမ်..

2 comments:

Related Posts Plugin for WordPress, Blogger...