တစ်မျိုး အကြောင်း ရိုးရာလေး ပရိတ်သတ်ကို ပြောပြပါရစေ။
စတာကတော့ အမေရိကန်ပြည်ထောင်စုမှာပဲ နာမည်က DNS Changer Malware ။ သူ့ ကို တီထွင်တဲ့လူ ဖြန့် ဝေတဲ့လူ အခုထိ မသိရသေး။
ဘယ်လို ကွန်ပျူတာတွေ မှာ ဖြစ်နိုင်ခြေရှိလဲဆိုတော့
(၁) အင်တာနက် ချိတ်ဆက်ပြီး သတင်း အချက်အလက် (သို့ ) ဖိုင်တွေဒေါင်းလုဒ် ချရယူလေ့ရှိသော ကွန်ပျူတာ
(၂) အဆိုပါ ကွန်ပျူတာ အမျိုးအစား တစ်လုံးပါဝင်သော အိမ်တွင်း နက်ဝပ် သို့ ချိတ်ဆက်မှူ အတွင်းရှိ ကွန်ပျူတာ များအားလုံး
(၃) ပြင်ပ ဒေတာ အချက်အလက် စည်းကူးမှူ example: thumb drive တွေအသုံးများသော ကွန်ပျူတာတွေမှာ အဖြစ်များပါတယ်။
ကိုယ့်ကွန်ပျူတာ ထိခိုက်ခံရ နေလားဆိုတာ ဘယ်လိုစစ်ဆေးမလဲ?
အလွယ်လေးပါ အင်တာနက် ရှိတဲ့ လူတွေ အတွက်ကတော့ ဒီဝတ်ဆိုဒ်လေးကို သွားလိုက်ပါ။
http://www.dns-ok.us/
အင်တာနက် ချိတ်ဆက် မထားပေမယ့် ချိတ်ဆက်ဖူးတဲ့ ကွန်ပျူတာ ပိုင်ရှင်များ အနေနဲ့ ကတော့ ကိုယ့်ကွန်ပျူတာ ထဲက DNS Setting တွေကို တတ်ကျွမ်းတဲ့ သူငယ်ချင်း မိတ်ဆွေတွေနဲ့ ပြသ ကြည့်သင့်ပါတယ်။
မြန်မာပြည် ကို အခြား နိုင်ငံ တစ်နိုင်ငံကနေ ပြန်ရောက်လာတဲ့ လူတွေ ဆိုရင်စစ်ဆေး ကြည့်သင့်ပါတယ်။ မြန်မာပြည်က သုံးနေကျ DNS setting တွေကို နားလည် တတ်ကျွမ်းတဲ့လူတွေနဲ့ ပြတာမျိုး လုပ်ထားသင့်ပါတယ်။ လေ့လာ ချင်တယ်ဆိုရင်တော့ Resource တွေကို အောက်မှာ ရှယ်ပေး လိုက်ပါတယ်။
http://www.dcwg.org/detect/
http://fbi.gov/DNS-changer-malware.pdf
by- .yoyarlay
No comments:
Post a Comment