ဧဒင်အချစ်ပုံပြင်: Jennifer Hudson ရဲ့ မိသားစုဝင်များကို သတ်သူအား တသက်တကျွန်းထောင်ဒဏ်ချ

Wednesday 25 July 2012

Jennifer Hudson ရဲ့ မိသားစုဝင်များကို သတ်သူအား တသက်တကျွန်းထောင်ဒဏ်ချ

အမေရိကန်ပြည်ထောင်စုက နာမည်ကျော် အနုပညာရှင်တစ်ဦးဖြစ်သူ အကယ်ဒမီဆုရ Jennifer Hudson ရဲ့ မိသားစုဝင်များကို သတ်ခဲ့သည့် လူသတ်တရားခံအား တရားရုံးက တသက်တကျွန်းထောင်ဒဏ် ကျခံစေရန် အင်္ဂါနေ့က စီရင်ချက်ချမှတ်ခဲ့ကြောင်း သိရသည်။
ပြီးခဲ့သည့် နှစ်လခန့်က Jennifer Hudson ရဲ့ မိသားစုဝင်များဖြစ်သည့် အသက်(၅၇)နှစ်အရွယ် Jennifer Hudson ၏ မိခင် ၊ အသက်(၂၉)နှစ်အရွယ် Jennifer Hudson ၏ အစ်ကိုနှင့် အသက်(၇)နှစ်အရွယ်
တူကလေးတို့အား ထိုသေနတ်သမားက ပစ်ခတ်သတ်ခဲ့တာပါ။
ထိုကဲ့သို့ ပြစ်မှုကျူးလွန်ခဲ့သူအား တရားသူကြီးက တသက်တကျွန်း ထောင်ဒဏ်သုံးမျိုးအပါအဝင် အခြားအမှုများအတွက် ထောင်ဒဏ် အနှစ်(၁၂၀)ကိုပါ ချမှတ်ခဲ့တာဖြစ်ကြောင်းလည်း သိရသည်။

No comments:

Post a Comment

Related Posts Plugin for WordPress, Blogger...