ဧဒင်အချစ်ပုံပြင်: ထိုင်းနယ်စပ် ACU ဒီပလိုမာ ဘွဲ့သင်တန်းဆင်းပွဲများ ကျင်းပ

Thursday, 9 August 2012

ထိုင်းနယ်စပ် ACU ဒီပလိုမာ ဘွဲ့သင်တန်းဆင်းပွဲများ ကျင်းပ




ရွှေ့ပြောင်းဒေသနှင့် ဒုက္ခသည်စခန်းများမှ မြန်မာ ကျောင်းသူကျောင်းသားများအတွက် ရှေ့ဆက် အဆင့်မြင့် ပညာရေး အစီအစဉ် တစ်ခုဖြစ်သော Australian Catholic university (ACU) ၏ Diploma in Liberal Studies ဒီပလိုမာ ဘွဲ့သင်တန်းဆင်းပွဲများကို ၄ ရက် သြဂုတ်လ ၂၀၁၂ ခုနှစ်တွင် မဲဆောက်မြို့ Pataravitaya School ကျောင်းတွင်လည်းကောင်း၊ ၇ ရက် သြဂုတ်လ ၂၀၁၂ တွင် ရနောင်းမြို့ Heritage Convention Center တွင် လည်းကောင်း ကျင်းပပြုလုပ်ခဲ့ကြောင်း သတင်းရရှိပါသည်။ ၂၀၁၂ ဘွဲ့နှင်းသဘင်
အခမ်းအနားတွင် မဲဆောက် သင်တန်းမှ ၂၈ ဦးနှင့် ရနောင်းသင်တန်းမှ ၁၀ ဦးတို့ Diploma in liberal studies သင်တန်းဆင်း လက်မှတ်များကို ACU တက္ကသိုလ်မှ ဌာနမှူးကိုယ်တိုင်လာရောက် ချီးမြှင့်ခဲ့သည်။

၂၀၁၀ ခုနှစ်တွင် မဲဆောက်မြို့၊ မယ်ပတွင် ACD diploma in liberal studies သင်တန်းကို ကျောင်းသား ၃၉ ဦးဖြင့် စတင်ဖွင့်လှစ်ခဲ့သည်။ အဆင့်မြင့် ပညာရေး ရှားပါးလှသည့် ထိုင်းနယ်စပ် မြန်မာ့လူ့အဖွဲ့အစည်းအတွက် အဝေးသင်၊ online စနစ်ဖြင့် ဒီပလိုမာဘွဲ့ သင်တန်းဖြစ်ပါသည်။ ၂၀၁၀ ခုနှစ်တွင် ရနောင်းမြို့တွင်လည်း သင်တန်း စတင်ဖွင့်လှစ်ခဲ့သည်။

တနှစ် ၈ လကြာမြင့်သည့် သင်တန်းတွင် Business English, psychology, Global studies, Environment, Organization Management, and ICT management တို့ပါဝင်သည့် မေဂျာဘာသာရပ် ၈ ခုနှင့် မိုင်နာဘာသာရပ်အချို့လည်း ပါဝင်ပါသည်။

လူမှုအဖွဲ့အစည်းများတွင် အလုပ် လုပ်ကိုင်နေသူများအတွက် ရှေ့ဆက် အဆင့်မြင့် ပညာရေး အစီအစဉ် တစ်ခုအနေဖြင့် လွန်စွာ တန်ဖိုး ရှိကြောင်း ဘွဲ့သင်တန်းဆင်းတစ်ဦးဖြစ်သူ မဲဆောက် Migrant Education (ME) Project Manager ကိုဆလိုင်းမှ မောက္ခကို ယခု လိုပြောပြခဲ့ပါသည်။

“ကျနော်တို့လို အလုပ် လုပ်နေတဲ့သူတွေအတွက် အများကြီးတန်ဖိုးရှိပါတယ်။ အလုပ်လုပ်ရင်း စာ ဆက်သင်နိုင်တဲ့ အခွင့်အရေးပါ။ ဗဟုသုတ၊ အသိပညာသစ်တွေ တိုးပွားလာပါတယ်။ အင်မတန်မှ အကျိုးရှိပါတယ်။”

တပတ်လျှင် သုံးရက် ကျောင်းတက်ကြရပြီး ညနေပိုင်းသင်တန်းများနှင့် စနေနေ့မနက်ပိုင်းသင်တန်းများ ပါဝင်ခဲ့သည်။ စာတမ်းများ ပုံမှန် ရေးသားတင်ပို့ကြရသည်။



ရနောင်းသင်တန်းတွင် တက်ရောက်ခဲ့သူ ကိုသီဟမှလည်း သင်တန်း အတွေ့အကြုံကို ရှင်းပြခဲ့သည်။ ကိုသီဟမှာ ကလေးသူငယ်ဖွံ့ဖြိုးရေး စီမံကိန်း သုတေသနတွင် local research coordinator အလုပ်လုပ်နေသူဖြစ်သည်။ သူ၏စီမံကိန်းမှာ ၃-၈ နှစ်အရွယ် ရွှေ့ပြောင်းမိသားစုကလေးငယ်များ၏ ပညာရေးအတွက် သုတေသနပြု လေ့လာခြင်းဖြစ်သည်။



“ဒီသင်တန်းဟာ ရနောင်းမှာ ပထမဆုံး ဖွင့်လှစ်သင်ကြားတဲ့ သင်တန်းဖြစ်ပြီး အထူးသဖြင့် လူထု အကျိုးပြုလုပ်ငန်းတွေ လုပ်ဆောင်နေတဲ့ ဆရာ၊ဆရာမတွေကို အများ အကျိုးသယ်ပိုးရာမှာ လိုအပ်တဲ့ ခေါင်းဆောင်မှု စွမ်းရည်မြင့်မားစေတဲ့ အဆင့်မြင့်ပညာ ဘာသာရပ်တွေ သင်ပေးတာ ဆိုတော့ မိမိအတွက်ရော၊ လူအများအတွက်ရော၊မိမိ နိုင်ငံအတွက်ရော အများကြီး အကျိုးရှိတဲ့ သမိုင်းဝင် သင်တန်းလို့ပြောရမှာပါ။”

သင်တန်းများကို online စနစ်ဖြင့် ထားရှိပြီး tutors များက ပံ့ပိုးပေးခဲ့ကြောင်းလည်း ကိုဆလိုင်းက ရှင်းပြ ခဲ့သည်။ ACU အပြင် အမေရိကန်နှင့် အခြားသော တက္ကသိုလ် ၈ ခုမှလည်း အခါအားလျော်စွာ လာရောက် ပို့ချခဲ့ကြောင်း သိရပါသည်။

မောက္ခပညာရေးသတင်း

No comments:

Post a Comment

Related Posts Plugin for WordPress, Blogger...