ဂျာမနီနိုင်ငံ၊
ကိုလုံးမြို့ရှိ တိရစ္ဆာန်ရုံ တစ်ခုတွင် ကျားတစ်ကောင်သည် လှောင်အိမ်ထဲမှ
လွတ်မြောက်လာ
ကာ တိရစ္ဆာန်ရုံဝန်ထမ်း အမျိုးသမီး တစ်ဦးအား
ကိုက်သတ်ခဲ့ကြောင်း သိရသည်။အသက်(၄၃)နှစ်ရှိ အမျိုးသမီးကို ကျားထီးကြီးက တိုက်ခိုက်နေချိန်တွင် တုန်လှုပ်ခြောက်ခြားနေသည့်
လာ
ရောက်လည်ပတ်သူများသည် ရုတ်တရက် အကူအညီ မပေးနိုင်ခဲ့ကြချေ။
ကိုက်အနည်းငယ်မျှ အကွာရှိ ဧည့်
သည်များထံသို့ ကျားကြီး၏ အာရုံ
ပြောင်းလဲမလာခင် တိရစ္ဆာန်ရုံ၏ အကြီးအကဲဖြစ်သူ သီအိုပါဂဲလ်က ပစ်
ရဲများက ကျားလှောင်အိမ် တံခါးကို အသေအချာ ပိတ်မထားခဲ့သည့်
ပေါ့လျော့မှုကြောင့် ယခုအနိဋ္ဌာရုံ ဖြစ်
ပွားခဲ့ခြင်းဟု ပြောကြားခဲ့သည်။
ကိုလုံးတိရစ္ဆာန်ရုံကို (၁၈၆၀)ပြည့်နှစ် ကတည်းက ဖွင့်လှစ်ထားပြီး ဂျာမနီ
တွင်
သက်တမ်းအရှည်ကြာဆုံး တိရစ္ဆာန်ရုံ တစ်ခုဟုလည်း ဖြစ်သည်။ ပစ်သတ်ခံရသော
ကျားသည် အသက်
(၄)နှစ်ရှိပြီး ဆိုက်ဘေးရီးယား ကျားမျိုးဟုလည်း သိရှိရသည်။
Planet Myanmar Media:
No comments:
Post a Comment