(Photo - News.cn) |
တရုတ်နိုင်ငံတွင်
ဘတ်စ်ကားတစ်စင်းက မက်သနောများ တင်ဆောင်လာသည့် ထရပ်ကားတစ်စင်းကို
ဝင်တိုက်ရာမှ လူပေါင်း(၃၆)ဦး သေဆုံးခဲ့ကြောင်း သိရသည်။တနင်္ဂနွေနေ့ မနက်ပိုင်းက ဖြစ်ပွားသော ယာဉ်တိုက်မှုတွင် ပြင်းပြင်းထန်ထန် ပေါက်ကွဲမှုများ ပေါ်ပေါက်ခဲ့ပြီး ယခုလိုအသေအပျောက်
များခဲ့ခြင်းဟု အစိုးရ သတင်းမီဒီယာများက ဖော်ပြခဲ့သည်။
ရှန်ဇီးတွင်
လူ(၃၉)ဦးကို တင်ဆောင်လာသော ဘတ်စ်ကားသည် ဒေသစံတော်ချိန်
နံနက်(၂)နာရီခန့်တွင် ယာဉ်တိုက်မှု ဖြစ်ပွားခဲ့ခြင်းဖြစ်ပြီး အသက်ရှင်
ကျန်ရစ်သူများကို နီးစပ်ရာ ဆေးရုံများတွင် ကုသပေးနေဆဲ
ဖြစ်သည်။
တရုတ်နိုင်ငံတွင် ယာဉ်တိုက်မှုများကြောင့် သေနှုန်းမှာ မြင့်မားသော အဆင့်တွင်
ရှိနေပြီး ယာဉ်မောင်းများ
၏ အရည်အသွေးနှင့် လမ်းများ၏ ညံ့ဖျင်းမှုတို့သည်
အဓိက အကြောင်းရင်းများ ဖြစ်သည်။ ပြီးခဲ့သည့် ဆယ်စု
နှစ်အတွင်း တရုတ်နိုင်ငံ၌
ပျမ်းမျှ လူတစ်သိန်းမျှသည် ယာဉ်တိုက်မှုများကြောင့် နှစ်စဉ်
သေဆုံးနေကြောင်း တရုတ်အစိုးရက ပြောကြားထားသည်။ ယမန်နှစ်ကမူ
ယာဉ်တိုက်မှုများအတွင်း လူခုနစ်သောင်းကျော် သေ
ဆုံးခဲ့သည်။
Planet Myanmar Media:
No comments:
Post a Comment