ဧဒင်အချစ်ပုံပြင်: သစ်ပင်လေးတွေ စိမ်းစိမ်းစိုစိုနဲ့ ရေကူးကန်လေး ရှိတဲ့ အိမ်မျိုးကို ကြိုက်တယ် လွှမ်းပိုင်

Friday 24 August 2012

သစ်ပင်လေးတွေ စိမ်းစိမ်းစိုစိုနဲ့ ရေကူးကန်လေး ရှိတဲ့ အိမ်မျိုးကို ကြိုက်တယ် လွှမ်းပိုင်

အိမ် . . . တဲ့။ အဲဒီဝေါ ဟာရကို ကြားလိုက် ရရင်ဖြင့် ရင်ထဲမှာ ငြိမ်းချမ်း သွားသလို ပါပဲ။ မိသားစု ရဲ့အငွေ့အသက်တွေ၊ ကိုယ်နဲ့အမြဲ တစေထိ တွေ့နေရတဲ့ အသုံး အဆောင် ပစ္စည်းလေးတွေ၊ နောက်ပြီး ကိုယ့်ရဲ့ လုံခြုံ နွေးထွေးမှုကို ပေးနိုင်တဲ့ စိတ်ခံ စားချက်တွေရောယှက်ပါနေတာက . . . အိမ် . . ဆိုတဲ့ ဝေါဟာရ လေးပဲပေါ့။ ဘယ်လောက်ပဲ ဝေးကွာ တဲ့နေရာဒေသကို ရောက် ရှိနေပါစေ။
အိမ်ဆိုတဲ့ . . . ကွန်းခိုရာနေရာ လေးကိုတော့ ရောက်အောင်ပြန်ချင် ကြစမြဲပါ။ ဒါကြောင့် သူတို့နေထိုင် တဲ့အိမ်က လေးဒါမှမဟုတ် အိမ်ခန်း ကလေး အကြောင်း တဖွဲ့တနွဲ့နဲ့ ပြောပြဖို့ အတွက်ကိုတော့ အနုပညာရှင်တွေ ကို အကူအညီတောင်းခဲ့ရပါတယ်။ အခုတစ်ပတ်မှာ အိမ်အကြောင်း ဖွင့်ဆိုမယ့်အနုပညာရှင်က လွှမ်းပိုင် ပဲဖြစ်ပါတယ်။ အိမ်ဆိုတာကတော့ တကယ် ကို အဓိပ္ပာယ်ရှိပါတယ်။ စိတ်ပင် ပန်းမှုတွေရှိတဲ့အခါ အရမ်းပင်ပန်း နေရင်လည်းအိမ်လောက် အမော ပြေစရာနေရာမရှိဘူးလို့ထင်ပါ တယ်။ အရမ်းလည်းမြတ်နိုးတယ်။

အခုအိမ်ကတော့ သဘောကျ တယ်လည်းမဟုတ်ဘူး။ မကျဘူး လည်းမဟုတ်ဘူး။ မကျဘူးဆိုတာ ကတော့ ဒီထက်ကြီးတဲ့အိမ်၊ ခြံနဲ့ ဝန်းနဲ့ အိမ်ကိုတော့လိုချင်တယ်။ ကျတယ်ဆိုတာကတော့ ဒါကကိုယ် နေခဲ့တဲ့နေရာဆိုတော့ ကိုယ့်ဘာ သာကိုယ် ကြိုက်ပါတယ်။ အိပ်ခန်းဆိုရင်တော့ ပြင်ဆင် ချင်တာကဆေးကိုအဖြူအနက်သုတ် ဖို့စဉ်းစားထားတယ်။ အဖြူတစ် ကြောင်းအနက်တစ်ကြောင်းသုတ် ချင်တယ်။
အခုကတော့ အနက် တစ်ခြမ်းပဲပြီးသေးတယ်။ အဖြူက မပြီးသေးဘူး။ ကိုယ်ကြိုက်တဲ့အိမ်တွေကို တော့ အများကြီးတွေ့ဖူးပါတယ်။ စိမ်းစိမ်းစိုစိုသစ်ပင်လေးတွေရေ ကူးကန်တွေကိုလည်းကြိုက်တယ်။
အထဲမှာ သပ်သပ်ရပ်ရပ်လေးပြင် ဆင်ထားတာကိုသဘောကျတယ်။ အဲဒီလိုမျိုးလည်းတွေ့ဖူးပါတယ်။ သာယာတဲ့သီရိဂေဟာဖြစ်ဖို့ က အိမ်ထဲမှာနေတဲ့ မိသားစုတွေ အချင်းချင်း ပဋိပက္ခမဖြစ်ဘဲ အေး အေးဆေးဆေးပျော်ပျော်ရွှင်ရွှင်နေ ဖို့က အဓိကလိုအပ်မယ်လို့ထင်ပါ တယ်။
8 Days

No comments:

Post a Comment

Related Posts Plugin for WordPress, Blogger...