ဧဒင်အချစ်ပုံပြင်: အိန္ဒိယအစိုးရက ဆင်းရဲသားများကို မိုဘိုင်းဖုန်းများ အလကားပေးမည်

Friday 24 August 2012

အိန္ဒိယအစိုးရက ဆင်းရဲသားများကို မိုဘိုင်းဖုန်းများ အလကားပေးမည်

အိန္ဒိယနိုင်ငံရှိ အဆင်းရဲဆုံး လူများကို ဆင်းရဲ မွဲတေမှုမှ ကယ်တင်ရန် အတွက် အိန္ဒိယအစိုးရ သန်းပေါင်းများစွာသော မိုဘိုင်းဖုန်းများကို အခမဲ့သုံးစွဲခွင့်ပြုရန် စဉ်းစားလျက်ရှိသည်။ အာဏာပိုင်များက ထိုအစီအစဉ်အား လူတိုင်းလက်ထဲတွင် ဖုန်းတစ်လုံးရှိရမည်ဟု အမည်ပေးထားသည်။
ဆင်းရဲသားများ ဝင် ငွေတိုးတက်လာစေရန်အတွက် ဆင်းရဲသူ သန်း ၂၀ဝ ကျော် လူများကို ဘဏ်များနှင့်ဆက်သွယ်ပြီး သတင်းအချက်အလက် များ ရယူနိုင်ရန်အတွက် ဤကဲ့သို့ စီစဉ်လိုက်ခြင်းဖြစ်သည်ဟု သိရသည်။ ထိုအစီအစဉ်က ဆင်းရဲသားများကို လာဘ်စားသော အစိုးရဝန်ထမ်းများ၏ အန္တရာယ်မှလည်း ကာကွယ်နိုင်မည်ဟု အာဏာပိုင်များက ယုံကြည်ကြသည်။
ဝန်ကြီးချုပ်အကြံပေး ဒေါက်တာမွန်တက်ဆင်းက ဤအစီအစဉ်အား အိန္ဒိယနိုင်ငံရှိ သန်းပေါင်းများစွာသော ကျေးလက်ဒေသမှ ဆင်းရဲသားများကို အဓိက ရည်ရွယ်ချက်ထား၍
စီစဉ်ခြင်းဖြစ်သည်ဟု ဆိုသည်။ အိန္ဒိယ ဆက်သွယ်ရေး ဝန်ကြီးဌာနမှ အာဏာပိုင်များက လူတိုင်း ဒေသတွင်း ဖုန်းခေါ်ဆိုမှုကို မိနစ်၂၀၀ ခန့် အခမဲ့ သုံးစွဲနိုင်မည့် ဝန်ဆောင်မှုကိုလည်း ဖြည့်ဆည်းပေးဦးမည်ဟု ဆိုသည်။
၎င်း အစီအစဉ်သည် နိုင်ငံတော်အတွက် ဘတ်ဂျက်ငွေများစွာ ကုန် ကျမည်ဖြစ်သော်လည်း တစ်လတွင် ရူပီးငွေ ၅၅၀ဝ ခန့်သာ ရရှိ သော အိန္ဒိယနိုင်ငံရှိ အလွန်ဆင်းရဲမွဲတေလှသော မိသားစု များကို ကူညီပံ့ပိုးလိုက်ခြင်းဖြစ်သည်ဟု သိရသည်။
သို့သော် အိန္ဒိယ နိုင်ငံရှိ ဆင်းရဲသား အချို့က လူတိုင်း ဖုန်းကိုင်နိုင်မည့် အစီအစဉ်ထက် ကျန်းမာရေးဝန်ဆောင်မှုနှင့် စာရေးသောက်ရေး အဆင်ပြေစေရန် ဝန်ဆောင်မှုများကို သာ ပိုမိုလိုအပ်သည်ဟု ဆိုကြသည်။
(Daily Telegraph, 15.8.12)
လင်းသန့်

1 comment:

  1. ဖတ်သွားတယ်သယ်ရင်းရေ သတင်းလေး....
    သူတို့ပြောသလို ကျန်းမာရေးနဲ့ အစားအသောက်လည်း လိုတာပဲနော်...
    ဖြည့်ဆည်းပေးနိုင်ပါစေဗျာ...:-)

    ReplyDelete

Related Posts Plugin for WordPress, Blogger...