ဧဒင်အချစ်ပုံပြင်: သရုပ်ဆောင်အဆိုတော် အောင်လအကြောင်း ဒါရိုက်တာ သရုပ်ဆောင်လူမင်းပြော

Monday 6 August 2012

သရုပ်ဆောင်အဆိုတော် အောင်လအကြောင်း ဒါရိုက်တာ သရုပ်ဆောင်လူမင်းပြော

လတ်တလောမှာ လူမင်းက ‘ဘောင်’ ဆိုတဲ့ဇာတ်ကားလေးကို အောင်လ၊ နန်းဆုဦးတို့နဲ့အတူ ရိုက်ကူးနေပါတယ်။ ဒီဇာတ်ကားလေးမှာ လူမင်းက ဒါရိုက်တာလည်းလုပ်ပြီး သရုပ်ဆောင်အနေနဲ့လည်း ပါဝင်ရိုက်ကူးထားတဲ့ ဇာတ်ကားလေးဖြစ်ပါတယ်။ ဒီဇာတ်ကားလေးက လူငယ်တွေနဲ့ လူကြီးတွေ မတူတဲ့အယူအဆကို အားပြိုင်တဲ့ ဇာတ် လမ်းပုံစံလေး ဖြစ်ပါတယ်။ ဒီဇာတ်ကားနာမည်ကို ပေးဖြစ်ခဲ့ပုံလေးက လူငယ်တွေအနေနဲ့ ဘောင်ခတ်ရင် မကြိုက်ချင်ဘဲ လူကြီးတွေအနေနဲ့က ဘောင်ခတ်ချင် ကြသောကြောင့် ဒီနာမည်လေးပေး ဖြစ်ခဲ့ကြောင်းပြောပါတယ်။ အဆိုတော် တစ် ယောက်ဖြစ်တဲ့ အောင်လရဲ့သရုပ်ဆောင်မှု အကြောင်းကို ဒါရိုက်တာလူမင်းက..”သူက သရုပ်ဆောင်ဖို့ တော်တော်လေး ကြောက်နေတယ်။ တစ်ခါမှလည်း မရိုက်ဖူးဘူးဆိုတော့လေ။ ဒါပေမဲ့ ကိုယ်ရိုက်ကြည့် လိုက်တဲ့အခါမှာမဆိုးဘူး။ သူ့မှာ ပင်ကိုအိုက် တင်၊ စတိုင်လေးတွေရှိတယ်။ ဒီခေတ် အဆို တော်တွေက ဗီစီဒီရိုက်နေကျဆိုတော့ ကင်မရာနဲ့  စိမ်းနေတာမျိုးတွေမရှိဘူး။ နည်း နည်းလေး စိုးရိမ်စိတ်ရှိတာတစ်ခုပဲ။ ဒီကားမှာ မင်းသား၊ မင်းသမီးနှစ်ယောက်စလုံး အသစ်ဆိုတော့
အချိန်အများကြီးပေးပြီး ရိုက်ကူးရတယ်။ ကျွန်တော့်ဘက်ကလည်း စိတ်ရှည်ရှည်နဲ့ ရိုက်ကူးထားပေးတယ်။ အောင် လအတွက်တော့ ဒီကားလေးက မှတ်တိုင်လေး ဖြစ်မှာပါ”လို့ပြောတဲ့ လူမင်းက ဒီဇာတ်ကားလေးက အောင်လနဲ့ လိုက်ဖက်မယ်ထင်လို့ ရွေးချယ်ခဲ့ခြင်းဖြစ်ကြောင်း၊ ကိုယ့်အတွက်ထက် ကလေးတွေအတွက်ကို ပိုပြီးဦးစားပေး ရိုက်ကူးပေးထားကြောင်း ပြောပါတယ်။ အနုပညာရှင် တော်တော်များများက သရုပ်ဆောင်မှုအပြင် သူတို့ရဲ့ နောက်ထပ်ဝါသနာ စိတ်ကူးတွေကို ပုံဖော်လာတာ တွေ့ရပါတယ်။ အောင်မြင်တဲ့ အနုပညာရှင်တစ်ယောက်ဖြစ်တဲ့ လူမင်းကလည်း သရုပ်ဆောင်အပြင် ကိုယ် တိုင်ဒါရိုက်တာပါ လုပ်ဖြစ်လာပါတယ်။ လက်ရှိမှာ ဒါရိုက်တာလုပ်ဖြစ်နေရခြင်း အကြောင်းကို လူမင်းက”ဒါရိုက်တာအနေနဲ့ တစ်နှစ်မှာ ဘယ်နှကားရိုက်ရမှာဆိုတာကို သတ်မှတ်ထားတာမရှိပါဘူး။ ကိုယ့်ကိုရိုက် ဖြစ်လာအောင် နှိုးဆော်လာတာက ကျွန်တော့်ရဲ့အာရုံပေါ့။ ဒါရိုက်တာက အပင်ပန်း ဆုံးပဲ။ အဓိကကတော့စိတ်ပင်ပန်းတာပေါ့။ အဲဒီ စိတ်ပင်ပန်းတာကို သိသိကြီးနဲ့ ဘာကြောင့်လုပ်ချင်လဲဆိုတော့ လုပ်ချင်တဲ့စိတ်က ဖြစ်ပေါ်နေတာ။ ဒါရိုက်တာဆိုတာက သူ့စိတ်ကူးထဲက အရုပ်တွေကို အားလုံး ကြည့်နိုင်အောင် ရိုက်ပြရတာ။ တချို့တွေကျတော့လည်း စိတ်ကူးပေါ်လာသလောက် ချပြလို့မရဘူး”လို့ ပြောပြီး သရုပ်ဆောင်မှုပိုင်းနဲ့ပဲ ပိုပြီးမြင်တွေ့ရ မှာဖြစ်ကြောင်း ပြောပါတယ်။
တွယ်တာ

No comments:

Post a Comment

Related Posts Plugin for WordPress, Blogger...