ဧဒင်အချစ်ပုံပြင်: လန်ဒန်အိုလံပစ်ပွဲနဲ့ ကြုံခဲ့ရတဲ့ နှင်းဆီအဖွဲ့ အကြောင်းပြောတဲ့ ကျော်ကျော်ဗို

Monday, 6 August 2012

လန်ဒန်အိုလံပစ်ပွဲနဲ့ ကြုံခဲ့ရတဲ့ နှင်းဆီအဖွဲ့ အကြောင်းပြောတဲ့ ကျော်ကျော်ဗို

ကျော်ကျော်ဗိုက ညီညွတ်ခြင်းနှင်းဆီအဖွဲ့နဲ့အတူ ဥရောပနိုင်ငံတွေကို ၁လကြာ သွားရောက်ဖျော်ဖြေခဲ့ပြီး သြဂုတ်လ ၁ရက်နေ့ မှာ ပြန်လည် ရောက်ရှိခဲ့ပါတယ်။ လန်ဒန် မှာ ရှိတဲ့ သာသနရံသီ ဘုန်းကြီးကျောင်း အတွက် ရန်ပုံငွေပွဲ သွားရောက် ဖျော်ဖြေခြင်းဖြစ်ပြီး လန်ဒန်မှာ တစ်ပွဲ၊ ဂျာမနီမှာတစ်ပွဲ၊ ဒိန်းမတ်မှာတစ်ပွဲ၊ နယ်သာလန်မှာ တစ်ပွဲ၊ လန်ဒန်က မန်ချက်စတာမြို့မှာ တစ်ပွဲကခဲ့ကြောင်း၊ ပြင်သစ်မှာလျှောက်လည်ခဲ့ပေမယ့် စပိန်ကိုတော့ မဝင်ဖြစ်ခဲ့ကြောင်း ပြောပါတယ်။ ဒီခရီးစဉ်မှာ “ခရီးသွားနှင်း ဆီ”  ဒီဗီဒီရိုက်ဖို့ စီစဉ်ထားပေမယ့် မရိုက်ဖြစ်ခဲ့ကြောင်း ကိုကျော်ကျော်ဗိုက “ခရီးသွားနှင်းဆီရယ်လို့ မဟုတ်တော့ဘူး။ ဒီမှာပဲ ဒီလူတွေနဲ့ ရိုက်ဖြစ်လိမ့်မယ်။ ခရီးသွားနှင်း ဆီ ရိုက်ဖို့က သူများနိုင်ငံမှာဖြစ်တဲ့အတွက် ကိုယ့်ဘက်က
အစစအရာရာ ပြည့်ပြည့်စုံစုံ မဖန်တီးနိုင်ဘူး။ ခရီး တွေကဆက်တိုက်သွားရတယ်။ အလုပ်တွေကလည်း ၄၊၅ခု   လောက် ၁ရက်တည်း ပြုံပြုံလာတယ်။ အဆင်မပြေဘူး။ ဒီမှာပဲ သတ်သတ် မှတ်မှတ် ပြန်ရိုက်တော့မယ်”လို့ ပြောပါတယ်။ မန်ယူ၊ မန်စီးတီး၊ လီဗာပူး၊ ချယ်ဆီး၊ စပါးနဲ့ အာဆင်နယ် ဘောလုံးကွင်းတွေကို ရောက်ခဲ့ပြီး ဘောလုံးကွင်းသွားတဲ့ မှတ်တမ်းရိုက်ကူးခဲ့ကြောင်း ပြောပါတယ်။ မန်စီးတီး ဘောလုံးကွင်းကိုတော့ အိုလံပစ်ပွဲလုပ်နေတဲ့ အတွက် အထဲဝင်ခွင့်မရ ခဲ့ကြောင်း အိုလံပစ်ပွဲနဲ့ တိုက်တိုက်ဆိုင်ဆိုင် ကြုံခဲ့ရပြီး အိုလံပစ် ဖွင့်ပွဲကိုလည်း ကြည့်ခဲ့ရကြောင်း ပြောပါတယ်။ Bio Plus ကြော်ငြာ၊ Kanebo Cosmeticsနဲ့ Live Up အသည်းကြော်ငြာကိုလည်း ရိုက်ကူးခဲ့ပြီး ရုပ်ရှင်ရိုက်တဲ့ သေနတ်တွေကို ဝယ်ခဲ့ ကြပေမယ့် လေဆိပ်မှာ အသိမ်းခံခဲ့ရကြောင်းကို ကျော်ကျော်ဗို က “ဂျာမနီကနေ ရုပ်ရှင်ရိုက်တဲ့ သေနတ်တွေ ဝယ်လာတယ်။ ဦးမျိုးမင်းက ၂လက်၊ ကိုကြံနဲ့ နေတိုးက ၁လက်စီဝယ်လာတယ်။ ဂျာမနီကနေထွက်လာပြီးတော့ အင်္ဂလန် ကိုပြန်ခါနီး ဒိန်းမတ်လေဆိပ်မှာ သေနတ်က လုံးဝအစစ်ကြီးနဲ့ တူနေလို့ဆိုပြီး အသိမ်းခံလိုက်ရတယ်။ သေနတ်၎ လက်စလုံး သိမ်းလိုက်တယ်။ ပေါင် ၁ထောင် ဖိုးလောက် ရှိတယ်။ အသံလည်းထွက်တယ်။ ဘေးကကျည်ခွံလည်း ထွက်တယ်။ မီးလည်းပွင့်တယ်။ တကယ့်ရုပ်ရှင်ရိုက်တဲ့ သေနတ်ပဲ။ နောက်ရှိပြီးသား ဗီဒီယို ကင်မရာမျိုး မဟုတ် ဘဲ နောက်ထွက်တဲ့ ကင်မရာမျိုးတွေ ဝယ်ကြတယ်” လို့ ပြောပါတယ်။ ကျော်ကျော်ဗိုတို့ ဇနီးမောင်နှံကလည်း သမီးအတွက် လိုအပ်တဲ့ ပစ္စည်းတွေဝယ်ယူ ခဲ့ကြကြောင်း   ပြောပါတယ်။
ခိုင်ဝေလွင်

No comments:

Post a Comment

Related Posts Plugin for WordPress, Blogger...