ဧဒင်အချစ်ပုံပြင်: ဘာမှတ်နေလဲ ကျွန်မဦးလေးကလူကြီး

Wednesday 22 August 2012

ဘာမှတ်နေလဲ ကျွန်မဦးလေးကလူကြီး


မန္တလေးတိုင်းဒေသကြီးချမ်းမြသာစည်မြို့နယ် မြရည်နန္ဒာရပ်ကွက် ကွင်းအမှတ် ၅၃၇ တွင် ကျူးကျော်နေသူများအား သက်ဆိုင်ရာမှ ဖယ်ရှားပေးခြင်းမပြုပါက ဒုတိယသမ္မတ ဒေါက်တာစိုင်းမောက်ခမ်းနှင့် တွေ့ ဆုံအကူအညီတောင်းခံသွားမည်ဟုKIO ခွဲထွက်အဖွဲ့မှ ဗိုလ်ကြီး နန်းမြသစ် က ပြောသည်။
”ကျွန်မတို့ ဝယ်ယူထားတဲ့ မြေပေါ်က ကျူးကျော်တွေကို သက်ဆိုင်ရာက ဖယ်ရှားမပေးဘူး ဆိုရင် ကျွန်မ ဦးကြီး ဒုတိယသမ္မတ ဒေါက်တာစိုင်းမောက် ခမ်းနဲ့တွေ့ပြီး အကူအညီတောင်းသွားမှာပါ”ဟု ၄င်းက ပြောသည်။

ဒုတိယသမ္မတဒေါက်တာ စိုင်း မောက်ခမ်းနှင့် ၄င်း၏မိခင်ဒေါ်မန်ဆိုင် ပန်ပုံသည် မောင်နှမအရင်းဖြစ်ပြီး ဒုတိယသမ္မတဒေါက်တာစိုင်းမောက် ခမ်းသည်အစ်ကိုကြီးဖြစ်ကာ ၄င်းနှင့် ဦးကြီးတော်စပ်သည်ဟု ၄င်းကပြောသည်။၎င်းမြေကွက် ၅၃၇ ကို ဦးတင် မောင်ဦးဆောင်သော လယ်သမား ကြီးများထံမှKIO အဖွဲ့က ယခုနှစ်အ တွင်း ကျပ်သိန်း ၁၈ဝဝ နှင့် ဝယ်ယူ ထားခြင်းဖြစ်ပြီး ၁၅ ဧကခန့် ကျယ်ဝန်းသည်ဟု KIO ခွဲထွက်အဖွဲ့ မှ ဒုဗိုလ်မှူးကြီးညွန့်စိန်က ပြောသည်။ ”လယ်သမားကြီးသုံးဦးဆီက ကျပ်သိန်း ၁၈ဝဝ နဲ့ ၁၅ ဧက ဝယ်တယ်။ ခန့်မှန်းခြေ ပေ ၃ဝ x ပေ ၄ဝ အဆောက်အအုံအကွက် ၅ဝလောက် ရောင်း တယ်။ ကျန်မြေကွက်တွေကို ကျွန်တော်တို့ပင်မစစ်ဌာနချုပ်အတွက် ရန်ပုံငွေရအောင် စိုက်ပျိုးရေးလုပ် မယ်။ဝက်မွေးမြူမယ်။ ကြက်မွေးမြူ မယ်” ဟု ၄င်းက ပြောသည်။၎င်းတို့ စစ်ဌာနချုပ်၌ရှိသော သူများအနေနှင့်အဆိုပါ သတင်းကြား သောအခါ အားလုံးစိတ်ဆင်းရဲနေရ ပါသည်ဟု ၄င်းက ပြောသည်။ ”မြစ်ကြီးနား၊ ဝိုင်းမော်စတဲ့ ဒေသတွေကို နိုင်ငံတော်က နယ်မြေ သတ်မှတ်ပေးထားတယ်။ ဒါကို ကျွန်တော်တို့ ဗိုလ်ချုပ်ကိုယ်တိုင် ဦးစီးပြီး သစ္စာရှိရှိလုပ်ပေးနေတယ်။ ဒါကြောင့် ရန်ပုံငွေလိုတယ်လေ။ ဒါကြောင့် စိုက်ပျိုးရေးလုပ်ရအောင် မြေကွက်ဝယ်လိုက်တာပါ”ဟု ၄င်း က ရှင်းပြသည်။
အဆိုပါမြေကွက်တွင် ကျူးကျော် နေသူများအား မန္တလေးမြို့တော် စည်ပင်မှ သြဂုတ်လ ၁၅ ရက်နေ့ နောက်ဆုံးထား၍ အပြီးအပိုင်ဖယ် ရှားပေးရန်နှင့် အမိန့်ကြေညာချက် အားလိုက်နာဆောင်ရွက်ခြင်းမရှိပါက တည်ဆဲ ဥပဒေများအရ ထိရောက်စွာအရေးယူသွားမည်ဟု သြဂုတ်လ ၁၅ရက်နေ့ထုတ် မန္တလေးနေ့စဉ် သတင်းစာတွင် ကြေညာထားသည်။
”ဒီနေ့အထိတော့ စည်ပင်က နေပြီးတော့ တစ်စုံတစ်ရာ ပြောကြား ထားတာ မရှိပါဘူး”ဟု ၄င်းမြေကွက် တွင်နေထိုင်သော ကိုလှဋ္ဌေးက ပေါ်ပြူလာ နယူးစ်သို့ ပြောသည်။ထို့အပြင် ၄င်းနေရာတွင် နေထိုင် သူအသက် ၅ဝ ကျော်အရွယ် အမျိုးသားကြီးတစ်ဦးက ထိုနေရာမှ ပြောင်းရွှေ့ရ မည်ဆိုပါကမည်သည့်နေရာ သွားနေရမည်ဆိုသည်ကို စဉ်းစား၍ မရကြောင်း၊ နေစရာမရှိပါက ကိုယ့် ကိုယ်ကိုယ်သတ်သေရုံသာရှိသည်ဟု
ပေါ်ပြူလာနယူးစ်သို့ ပြောသည်။၎င်းကျူးကျော်နေထိုင်သူများ အား မန္တလေးနေ့စဉ်ထုတ်သတင်းစာ တွင် ကြေညာထားသော်လည်း ယနေ့အချိန်ထိ ပြောင်းရွှေ့ခိုင်းခြင်း၊ နေရာ ပြန်လည်ချထားပေးရန် ပြော ဆိုခြင်းတို့ကို မြို့တော်စည်ပင်မှ လာ ရောက်ပြောဆိုခြင်းမရှိသေးကြောင်
၎င်းတို့ထံမှ သိရသည်။
၎င်းကျူးကျော်နေထိုင်သူများမှ မန္တလေးတိုင်းဒေသကြီး မြို့တော် စည်ပင်မှ တရားဝင်သတင်းထုတ် ပြန်ထားသဖြင့် ၄င်းတို့အနေနှင့် နေစရာမရှိသည့် အတွက် မန္တလေးတိုင်း ဒေသကြီးဝန်ကြီးချုပ်ထံ အသနား ခံစာတင်ထားသည်ဟု သိရသည်။
အဆိုပါ ကျူးကျော်မြေကွက် တွင် နေထိုင်သူအများစုသည် ယခင်က တာဝါကျူး၊ သံလမ်းကျူး၊ ပိုင်ရှင်ရှိ ဝိုင်းကျူးများတွင် နေထိုင်သူ များဖြစ်ပြီး၊ အိမ်ထောင်စု ၅၂ဝ၊ လူဦးရေ ၂ဝ၈ဝ ရှိကာ အနယ်နယ် အရပ်ရပ်မှ လာရောက်အလုပ်လုပ်ကိုင်ရင်းနေထိုင်ကြသူများဖြစ်ကြောင်း သိရသည်။
မောင်တာ၊ စိုင်းလမင်း

No comments:

Post a Comment

Related Posts Plugin for WordPress, Blogger...