ဧဒင်အချစ်ပုံပြင်: Buddha ရုပ်တုတော်အား နှုတ်ခမ်းချင်းနမ်းခဲ့သည့် ပြင်သစ်အမျိုးသမီးအား ထောင်ချ

Wednesday 22 August 2012

Buddha ရုပ်တုတော်အား နှုတ်ခမ်းချင်းနမ်းခဲ့သည့် ပြင်သစ်အမျိုးသမီးအား ထောင်ချ

သီရိလင်္ကာနိုင်ငံတွင် အားလပ်ရက် အလည်အပတ်လာကြသော ပြင်သစ်ကမ္ဘာလှည့် ခရီးသွားအုပ်စုထဲမှ အမျိုးသမီးတစ်ဦးဟာ ဗုဒ္ဓ၏ရုပ်တုတော်အား နှုတ်ခမ်းချင်း နမ်းနေဟန် ဓါတ်ပုံရိုက်ခဲ့သည့်အတွက် သီရိလင်္ကာတွင် ထောင်ဒဏ်ခြောက်လကျခံစေရန် အင်္ဂါနေ့က ပြစ်ဒဏ်ချမှတ်ခဲ့ကြောင်း သိရသည်။
ပြစ်မှုကျူးလွန်ရာ၌ ပူးပေါင်းပါဝင်ခဲ့သည့် ၎င်းအပြင် နောက်ထပ် အမျိုးသားတစ်ဦးနှင့် အမျိုးသမီးတစ်ဦးတို့အားလည်း ဒဏ်ငွေအဖြစ် တစ်ယောက်လျှင် ရူပီးတစ်ထောင့်ငါးရာစီ ပေးဆောင်ရန်လည်း ဆုံးဖြတ်ခဲ့သည်ဟု သိရသည်။
ဗုဒ္ဓရုပ်တုတော်အား နှုတ်ခမ်းချင်းနမ်းနေသော အမျိုးသမီးအား နောက်ပြောင်နေသည့် အမျိုးသားပုံဟာ ယင်းဒေသရှိ ဗုဒ္ဓဘာသာဝင်များ၏ စိတ်နှလုံးကို မချမ်းမြေ့စေသောကြောင့် ရဲများက ယင်းအဖြစ်အတွက် သတိထားပြီး ပုံကို print ထုတ်ကာ ယခုလို ပြစ်ဒဏ်ချမှတ်ခဲ့တာဖြစ်ကြောင်း သိရသည်။
Source : Straitstimes

No comments:

Post a Comment

Related Posts Plugin for WordPress, Blogger...