ဧဒင်အချစ်ပုံပြင်: အိမ်ဖော်က ခြောက်လကလေးအား အိမ်ထဲတစ်ယောက်တည်း ထားခဲ့၍ မီးလောင်ခံရ

Wednesday 22 August 2012

အိမ်ဖော်က ခြောက်လကလေးအား အိမ်ထဲတစ်ယောက်တည်း ထားခဲ့၍ မီးလောင်ခံရ

မလေးရှားနိုင်ငံတွင် ခြောက်လအရွယ် ကလေးငယ်အား တစ်ယောက်တည်း အိမ်ထဲတွင် ထားခဲ့ပြီး ဈေးထွက်သွားခဲ့သည့် အသက်(၄၈)နှစ်အရွယ် အိမ်ဖော်အား ရဲများက တနင်္လာနေ့ နေ့လည်ပိုင်းက ဖမ်းဆီးခဲ့ကြောင်း သိရသည်။
သူမက ထိုကဲ့သို့ ကလေးငယ်ကို အိမ်ထဲ တစ်ယောက်တည်း ထားခဲ့တဲ့အတွက် အိမ်ခန်းမီးလောင်သောအခါ ကလေးဟာ (၇၀)ရာခိုင်နှုန်းလောက် မီးလောင်ခံခဲ့ရပြီး ကလေးငိုသံကြားလို့ အသက်(၆၀)နှစ်အရွယ် အိမ်နီးချင်းအမျိုးသားက အသက်စွန့်ကယ်ခဲ့သောကြောင့်သာ ကလေးအသက် မသေခဲ့တာဖြစ်ကြောင်းလည်း သိရသည်။
ယခုအခါ ကလေးကို ပီနန်ဆေးရုံကြီးတွင် တက်ရောက်ဆေးကုသစေကာ ကလေးငယ်၏ ကျောက်ကပ်နှင့် အသည်းကတော့ ပိုမိုကောင်းမွန်သော အခြေအနေကို ရှိလာပေမယ့် ကလေးငယ်၏ ခြေလက်များဟာ မည်းနေသည်မို့ ဆရာဝန်များက ကလေး၏ အဆုပ်ကို
စစ်ဆေးမည်ဖြစ်ကြောင်းလည်း သိရသည်။
အကယ်၍ ကလေး၏အခြေအနေဟာ ဆက်လက်တိုးတက်ကောင်းမွန်လာပါက နောင်တစ်ပတ်ထဲတွင် ကလေးငယ်၏ အသားအရေးကို ခွဲစိတ်ကုသဖို့ အစီအစဉ်ရှိကြောင်းလည်း သိရသည်။
Source : The Star

No comments:

Post a Comment

Related Posts Plugin for WordPress, Blogger...