" မြန်မာပြည် မြောက်ဖျားပိုင်းမှ မျိုးတုန်းပျောက်ကွယ်တော့မည့် အန္တရယ်ကို ရင်ဆိုင်နေရသည့် သကျသာကီ ဟု ခေါ်ဆိုနိုင်မည့် ထရုံလူပုလေးများအကြောင်း "
တစ်ခါ တစ်ခါ သာကီမျိုးဟေ့ တို့ဗမာဆို ပြီးပြောတတ်ကြတယ်လေ၊ သာကီမျိုးဆိုတာ ဘာကြောင့်ခေါ်တာလဲ သိသင့်တယ်လဲထင်လို့ပါ။
ဟိုး ကမ္ဘာဦးအစကပါ။ တိတိကျဆိုရင်တော့ သြက္ကာက မင်းကြီးလက်ထက်လို့ ပြောလို့ရမယ်ထင်ပါတယ်။ အဲဒီမင်းကြီး လက်ထက်မှာ သာကီဝင် လူမျိုးရယ်လို့ဖြစ်လာမဲ့ မင်းသားတွေ မင်းသမီးတွေကို တိုင်းပြည် က နေနှင်ထုတ်လိုက်ပါတယ်။
နှင်ထုလိုက်တော့ ကျွန်းတောကြီးတစ်ခုထဲမှာ ရသေ့တစ်ပါးရဲ့ ညွှန်ပြမှုနဲ့ မြို့တော်ကြီးတည်ပါတယ်။
မြို့တော်တည်ပြီးတော့ လူဦးရေ တိုးပွားဖို့ရာကြတော့ အခက်အခဲရှိနေပြန်ပါတယ်။ ဒါပေမဲ့ သာကီဝင် မင်းသား မင်းသမီးတွေဟာ သူများတစ်ခြားလူမျိုးများကို အိမ်ထောင်ပြုရင် ဇာတ်ပျက်မှာ စိုးတဲ့အတွက် အချင်းချင်းပဲ အိမ်ထောင်ပြုလိုက်ကြပါတယ်။
ဒီသတင်းကို သြက္ကာကမင်းကြီးကကြားတော့ သကျ=စွမ်းနိုင်တဲ့မင်းသား မင်းသ မီးတွေပါလားလို့ အံ့သြပြီး ပြောဆိုပါတယ်။ အဲဒီ အချိန်ကစပြီး သကျ=သာကီ=သူတစ်ပါး လူမျိုးနဲ့ လက်မထက်ပဲ မိမိအမျိုးကိုသာ လက်ထပ်ဖို့ စွမ်းနိုင်တဲ့ လူမျိုးရယ်လို့ ကမ္ဘာမှာ စာတင်လာတာပါ။ (နောင်များမှ သာကီ နွယ်အကြောင်း အသေးစိတ်နဲ့ ကျဆုံးခန်းကို တင်ပြပေးပါမည်။)
အခု လောလောဆယ်တော့ထရုံလူပုလေးများအကြောင်းကိုသာ အရင်တင်ဆက်ပါရစေ။
ထရုံလူမျိုး တွေမှာ မြန်မာနိုင်ငံ မြောက်ဖျားပိုင်း ကချင်ပြည်နယ် အစွန်းမှ အေးခဲနေသော ဟိမဝန္တာ တောင် ထွတ်များ ပေါ်တွင်သာ နေထိုင်ကြသော အလွန်ရှားပါး၍ မြန်မာနိုင်ငံတွင်သာမက ကမ္ဘာမှာပါ မျိုးတုန်း ပျောက် ကွယ် ကြတော့မည့် လူမျိုးများ ဖြစ်ကြလေသည်။
ထရုံတို့ သည် မူလက နီပေါနိုင်ငံနှင့် အိန္ဒိယနိုင်ငံရှိ ဟိမဝန္တာတောင်တန်းများပေါ်တွင်နေထိုင်ခဲ့ကြပြီး လွန်ခဲ့သော နှစ်ရာ ပေါင်းများစွာကပင် မြန်မာနိုင်ငံ ထိပ်ဖျားပိုင်း ပူတာအိုဒေသသို့ ဝင်ရောက်လာခဲ့ကြသည်။
ထိုဒေသသည် ထရုံ လူပုလေးများကြောင့်သာမက ရှားပါး ကတိုးကောင်၊ ဖက်ဒရယ်နှင့် ရှီးပဒီးခေါ် ဆေးပိုးနွယ် ရှင်များကြောင့် စိတ်ဝင်စားဖွယ်ကောင်းလှသောလည်း သစ်တော ထူထပ်မှုနှင့် လမ်းပမ်း ဆက်သွယ်ရေး ခက်ခဲမှုကြောင့် ထရုံ လူပုလေးများမှလွဲ၍ လူစိမ်းများ အရောက်အပေါက်နည်းလှပေသည်။
ထရုံတို့သည် ထိုသို့ ဝေးလံခေါင်သီပြီးတခြား မည်သည့်လူမျိုးများမှမရောက် ပဲ မိမိ လူမျိုး အချင်းချင်းသာ လက်ထက်ပြီး နှစ်ပေါင်းများစွာ ကြာသောအခါ ကိုယ်ခန္ဓာအရွယ်အစားမှာ တဖြေးဖြေး သေးငယ်လာကာ ယခုခေတ်တွင်မူ အမြင့်ဆုံးမှာ အရပ် ၄ပေနှင့် ၃လက်မသာ ကျန်ရှိတော့၏။
ထရုံလူမျိုးတို့သည် အမဲလိုက်ခြင်းဖြင့်သာ အဓိက အသက်မွေးကြပြီး တခါတရံ ရှီးပဒီးခေါ် ဆေးပိုးနွယ်ရှင်( ၆လ ပိုးကောင် ၆လ သစ်ပင်) ကဲ့သို့သော ရှားပါးဆေးမြစ်များကို မြို့ပေါ်သို့ တက်ရောင်းလေ့ရှိကြသည်။
၁၉၆၀ စစ်တမ်းများအရ ထရုံလူဦးရေမှာ ၅၀ ကျော် ကျန်ရှိနေသေးသော်လည်း ၁၉၉၇ ခုနှစ် ကချင်ငြိမ်းချမ်း ဖွံ့ဖြိုး တိုးတက်ရေး ကောင်စီက ကောက်ယူသောစစ်တမ်းများအရ ထရုံဦးရေမှာ ရှစ်ယောက်သာ ကျန် ပါတော့သည်။
၂၀၀၃ ခုနှစ်အရောက် အမေရိကန် ကယ်လီဖိုးနီးယားသိပ္ပံမှ Dr. P. Christiaan Klieger ရောက်ရှိသွားသည့် အချိန်တွင်တော့ ပုံထဲမှာ မြင်ရသည့် ကိုဒေါဝိ ခေါ် နောက်ဆုံး ထရုံ အမျိုးသား တယောက်နှင့်တကွ သူ၏ အမဖြစ်သူနှင့် အဒေါ်ဖြစ်သူ စုစုပေါင်းသုံးယောက်သာကျန်ပါတော့လေသည်။
လက်ရှိ ကိုဒေါဝိသည်လည်း မိန်းမလည်းမရှိ၊ ကလေးလည်းမရှိတော့သဖြင့် ကိုဒေါဝိနောက်တွင်တော့ ထရုံ မျိုးဆက်သည် လုံးဝပျောက်ကွယ်သွားဖို့ရာ အသေအချာပင် ဖြစ်ပေတော့၏။
သို့သော်လည်း ကိုဒေါဝိ တယောက်အနေဖြင့် မိမိတို့၏ ထရုံလူမျိုးများသည် ဤတောင်တန်းကြီး၏ တဖက် တချက်ရှိ တရုတ်နိုင်ငံ အတွင်း၌ မိမိတို့ ထရုံမျိုးနွယ်စုများ ကျန်နေသေးကြောင်း။ တနေ့နေ့ တချိန်ချိန် တွင် ဤတောင်တန်းကြီးကိုကျော်ဖြတ်ကာ မိမိအိမ်ထောင်ဖတ်ကို ရှာဖွေမည်ဖြစ်ကြောင်းပြောကြားရင်း နိဂုံးချုပ် လိုက်ရပါသည်။
No comments:
Post a Comment