ဧဒင်အချစ်ပုံပြင်: အရစ်ကျငွေချေစနစ်ဖြင့် ထိုင်းနှင့် မလေးရှားသို့ သွားရောက်သူ များပြား

Thursday 2 August 2012

အရစ်ကျငွေချေစနစ်ဖြင့် ထိုင်းနှင့် မလေးရှားသို့ သွားရောက်သူ များပြား

မြန်မာနိုင်ငံမှ လုပ်သား အများစုသည် ထိုင်းနိုင်ငံနှင့် မလေးရှား နိုင်ငံများသို့ အရစ်ကျ ငွေချေ စနစ်ဖြင့် သွား ရောက်မှုများ ပိုမိုများပြားလာလျက်ရှိသည်ဟု ပြည်တွင်းပြည်ပ အလုပ်အကိုင်ရှာဖွေရေး အေဂျင်စီထံမှ စုံစမ်းသိရသည်။
“ထိုင်းနိုင်ငံကို သွားမယ်ဆိုရင် ပထမဆုံး နှစ်သိန်းပေးရတယ်။ ဟိုရောက်လို့အလုပ်ရပြီဆိုရင် လစာ ထဲကနေ တစ်လကို ဘတ်ငွေ တစ်သောင်းစီနဲ့ ၁၀ လဖြတ်တယ်၊ မလေးဆိုရင်တော့ သုံးသိန်းအရင် ပေးရတယ်၊ ဟိုရောက်ရင် လစာထဲက မလေးငွေ ၂၄၀ဝ စီကို ၄လ သို့မဟုတ် ၆ လဖြတ်တယ်”ဟု ကျောက်တံတားမြို့နယ်အခြေစိုက် စည်းစိမ်သစ် အလုပ်အကိုင်ရှာဖွေရေးအေဂျင်စီမှ
တာဝန်ရှိသူတစ်ဦး ကဆိုသည်။ အချို့အလုပ်အကိုင်ရှာဖွေရေးအေဂျင်စီများသည် ပြည်ပနိုင်ငံ၌ မိမိရောက်ရှိသည့်လုပ်ငန်း၏ လစာပေါ် အခြေခံပြီး ဝန်ဆောင်ခ ပိုမိုများပြားလျက်ရှိကြောင်းလည်း သိရသည်။
ပြည်ပနိုင်ငံများတွင် သွားရောက်အလုပ်လုပ်ကိုင်ကြသည့်သူများမှာ ဘွဲ့မရရှိသေးသူများ ဖြစ်ပါက မိန်းကလေးများသည်Sale Girl သို့မဟုတ်Hotel Reception များတွင် လုပ်ကိုင်ရန် သွားရောက်ကြပြီး ယောကျာ်းလေးအများစုမှာ ဝရိန်လုပ်ငန်းများ၊ သင်္ဘောကျင်းလုပ်ငန်းများတွင် လုပ်ကိုင်ရန် သွားရောက် ကြသည်မှာ ပိုမိုများပြားလျက်ရှိကြောင်း ပြည်ပအလုပ်အကိုင်ရှာဖွေရေးအေဂျင်စီများမှ တာဝန်ရှိသူများက ပြောသည်။
“ပြည်ပနိုင်ငံတွေကို သွားမယ်ဆိုရင် အနည်းဆုံးဘွဲ့တစ်ခုရထားဖို့ လိုအပ်တယ်၊ ဘွဲ့မရသေးတဲ့သူ တွေဆိုရင် ပညာရပ်တစ်ခုခုတတ်ထားမှသာ ပိုကောင်းတယ်”ဟု ကျောက်တံတားမြို့နယ်အခြေစိုက် ရွှေမြန်မာစံ အလုပ်အကိုင်ရှာဖွေရေးအေဂျင်စီမှ တာဝန်ရှိသူတစ်ဦးကပြောသည်။ ယခုနှစ်အတွင်း ပြည်ပနိုင်ငံများသို့ သွားရောက်အလုပ်လုပ်ကိုင်ကြသူအများစုမှာ ထိုင်းနိုင်ငံနှင့် မလေး ရှားနိုင်ငံသို့သွားရောက်မှု ပိုမိုများပြားကြောင်းအလုပ်အကိုင် ရှာဖွေရေးအေဂျင်စီအများစုထံမှသိရသည်။
ညိမ်းပြည့်စုံ

No comments:

Post a Comment

Related Posts Plugin for WordPress, Blogger...