ဧဒင်အချစ်ပုံပြင်: ပိုက်ဆံတောင်းတာမပေးလို့ ကားတံခါးကို Super glue နဲ့ ကပ်ထားခဲ့တဲ့ သူတောင်းစား

Thursday 2 August 2012

ပိုက်ဆံတောင်းတာမပေးလို့ ကားတံခါးကို Super glue နဲ့ ကပ်ထားခဲ့တဲ့ သူတောင်းစား

ပြီးခဲ့တဲ့ တနင်္ဂနွေနေ့က ယူအေအီးနိုင်ငံ Sharja မြို့ Al Ittihad လမ်းမကြီးပေါ်ရှိ McDonald ဆိုင်တွင် ကားခဏရပ်ပြီး ဆိုင်ထဲဝင်တဲ့ အသက်(၂၅)နှစ်အရွယ် အမျိုးသမီးအား လူလတ်ပိုင်းအရွယ် သူတောင်းစားတစ်ဦးက ဒဏ်ရာရထားသလို ဟန်ဆောင်ပြီး အနောက်က ပိုက်ဆံတောင်းတာကို မပေးဘဲ အခါခါငြင်းပြီး အဝေးထွက်သွားဖို့ ပြောခဲ့တဲ့အတွက် ထိုအမျိုးသမီးစီးလာတဲ့ ကားတံခါးများအား  Super glue နဲ့ ကပ်ထားခြင်း ခံခဲ့ရကြောင်း သိရသည်။
ယင်းသို့ ကားတံခါးများအား  Super glue နဲ့ ကပ်ထားခြင်း ခံခဲ့ရသောကြောင့် ကားပိုင်ရှင်အမျိုးသမီးနှင့် သူမ၏ကလေးသုံးဦးဟာ ကားထဲ ဘယ်လိုမှဝင်လို့မရဘဲ နှစ်နာရီလောက် ဒုက္ခခံခဲ့ကြရတယ်လို့ သိရပါတယ်။
သူမကားဆီပြန်ရောက်လာချိန်တွင် ကားတံခါးဖွင့်လို့မရဘဲ ဒုက္ခရောက်နေသည့် သူမတို့တတွေကို ထိုသူတောင်းစားက ရပ်ကြည့်နေခဲ့ပြီး ကားတံခါးတွေ ကော်နဲ့ အကပ်ခံထားရတာ သတိထားမိတဲ့
သူမက Sharja ရဲစခန်းကို အကျိုးအကြောင်းပြောပြ အကူအညီတောင်းပေမယ့် လက်မခံခဲ့တဲ့အတွက် နီးစပ်ရာ ဓါတ်ဆီဆိုင်မှ ဝန်ထမ်းများ၏ အကူအညီဖြင့် ကားတံခါးကို ကိရိယာတန်ဆာပလာများ သုံး၍ ဖွင့်ခဲ့ရကြောင်း သိရသည်။
ယင်းဖြစ်ရပ်အတွက် သက်သေခံချက်ရရန် McDonald နှင့် အနီးဓါတ်ဆီဆိုင်မှ CCTV များကို ကြည့်ခွင့်တောင်းခံခဲ့ပေမယ့် ၎င်းတို့က ခွင့်မပြုခဲ့ကြောင်း သိရသည်။
အဖြစ်အပျက်ဖြစ်ပြီးချိန်တွင် ထိုသူတောင်းစားအား လုံးဝရှာမတွေ့ဘဲ ရှောင်ပြေးသွားခဲ့ကြောင်း သိရသည်။
Source : Gulf News

No comments:

Post a Comment

Related Posts Plugin for WordPress, Blogger...